”မြန်မာနိုင်ငံ က ရုံးကို သွားဖို့ ဒီရာကို
သူဠေးကတောင်းဆိုနေတယ် အဲ့တာ ဒီရာ
သွားလို့ ဖြစ်ပါ့မလား ”အကိုညီမြတ်ပြောတဲ့ စကားကို နားထောင်
ပြီးတာနဲ့ သိလိုက်ရတာက မြန်မာနိုင်ငံကို
ထပ်ပြီး ခြေချရတော့မယ် ဆိုတာပဲ.....။”ရပါတယ် ကိုညီရယ် ဒီရာ အတွက် ဘာမှမဖြစ်
တော့ဘူး ””အင်းပါ အဲ့တာဆို အကိုလည်း နောက်ကျရင်
လိုက်ခဲ့မယ် ””ဟုတ်ကဲ့ ပါ ဒီရက်ပိုင်းအတွင်းအလုပ်များနေတဲ့
အကို့အတွက် အမဲရိုးစွပ်ပြုတ် လေးလုပ်ထားတယ် ””ကျေးဇူးပါ ကွာ ”
ဒီရာ ညီမြတ်အပေါ် ဂရုစိုက်ပေးသလို
ညီမြတ်ကလည်း ဒီရာအပေါ် ဂရုစိုက်ပေးတယ်။ဒုက္ခ ရောက်နေတဲ့အချိန်မှာ အတူတူရှိပေးခဲ့တဲ့
သူတွေ မလား ။”ဒီရာ မင်းရာ လေးရော ”
”အိပ်နေပြီ ကိုညီ ရဲ့ ”
”မြန်မာနိုင်ငံ ပြန်ရင် ကို တော့ ဒီကလေးနှစ်ကောင်
ကိုလွမ်းရတော့မယ် ”ညီမြတ်ပြောတဲ့ စကားကို ဒီရာ အပြုံးနဲ့ သာ
တုန့်ပြန်လိုက်တယ်။ဒီရာတစ်ယောက် မင်းရာလေးကို
လက်ဆွဲကာ လေဆိပ်ဆင်းလာတော့တယ်။မြန်မာနိုင်ငံ ကို ပြန်ရအုန်းမှာပါလား ။
မောင်နဲ့ တွေ့ ရင် သူအလှဆုံးသာ
ပြုံးပြမှာ......။လေယာဥ်ပေါ်တက်ကာ
မြန်မာနိုင်ငံကို ပြန်လာဖို့ လိုက်ပါလာတော့တယ်။မင်းမိုးသန့် ရုံးမှာ အလုပ်ရှုပ်နေတုန်း
ဒီနေ့ နိုင်ငံခြား ရုံးတစ်ခု က ဝန်းထမ်း
တစ်ယောက်လွှတ်လိုက်မယ်ဆိုတဲ့
သတင်းကို ပါကြားလိုက်ရတယ်။မင်းမိုးသန့် အတွင်းရေးမှူး စီးဖုန်းဆက်ကာ.....။
”ဒီနေ့ ပြောင်းလာမဲ့ ဝန်ထမ်းရဲ့ အချက်အလက်
လေးတစ်ချက်လာပို့ပေးပါလား ”အတွင်းရေးမှူး က ဖိုင်တခု ကိုင်ကာ
ဝင်လာလေတယ်။”သူဠေး ဒီမှာပါ ”
![](https://img.wattpad.com/cover/247477947-288-k761929.jpg)
YOU ARE READING
You Broke Me Firts!
Romance"လက်လွှတ်ခဲ့ပြီးမှ ဘာလို့ရယူဖို့ကြိုးစားနေရတာလဲမောင် " ဒီရာနို "အမှားတွေ အကုန်လုံးအတွက်မောင်ပေးဆပ်မှာမို့ အနားကိုပြန်လာခဲ့ပေးပါ မောင့်အတွက်မင်းမရှိရင် မဖြစ်လို့ပါ " ...