မောင့်ကိုလွမ်းမိတဲ့ ဆောင်းရာသီ (Unicode Ver)

29 1 0
                                    

မောင့်ကိုလွမ်းမိတဲ့ဆောင်းရာသီ

ကျွန်မ US Standford မှာကျောင်းတက်နေတာ သုံးနှစ်လောက်ရှိပြီလေ။ နှစ်တိုင်း ဒီလို နှင်းတွေ စကြချိန်၊ christmas သစ်ပင်လေးတွေ စမြင်ရပြီဆို ကျွန်မသူ့ကို အလိုလိုနေရင်းကို လွမ်းနေတော့တာပဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့။ "မေ ကိုယ် လက်ထပ်တော့မယ်။" မောင့် စကားကိုကြားချင်းချင်း ကျွန်မ ဆွံအသွားခဲ့ရသည်။ ကျွန်မ နှလုံးခုန်နှုန်းတွေမြန်ဆန်လာသလို ဦးနှောက်ကလည်း မူးဝေနေအောင် စွမ်းဆောင်နေပေသည်။ ကျွန်မ ပါးစပ်က ဘာစကားမှ ထွက်မလာခဲ့။ သက်ပြင်းတစ်ချက်သာ ကျွန်မချလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ​ကျွန်မ စုစည်းလိုက်သည်။ ထို့နောက်မောင် ဆက်ပြောမယ့် စကားလုံးတွေကိုသာ ကျွန်မ မျက်လုံးမှိတ်ကာ နားစွန့်ထားလိုက်သည်။ "ကို တာဝန်ယူပေးရတော့မယ်။ မေ့အတွက် မတရားဘူးဆိုတာ မောင်သိပါတယ်။ သူနဲ့မောင်နဲ့က ဒီ happy new year မှာ မှားသွားကြတယ်။ မောင်တောင်းပန်ပါတယ်။" "ကျွန်မ မောင့်စီက မှားသွားကြတယ်" ဆိုတဲ့စကားကို ကြားကြားချင်း ​နားစ​ွံထောင်နေရာကနေ ဒေါသတွေ တလိပ်လိပ်တက်လာခဲ့သည်။ မိန်းမတစ်ယောက်ရဲ့ မာနကို ထိပါးလာပြီဖြစ်သောကြောင့် ကျွန်မ ခက်ထန်ထန်ပြောဆိုလိုက်မိတော့သည်။ "မောင်တို့ ဒီလိုဖြစ်တော့မယ်ဆိုတာ မေသိနေခဲ့တယ်မောင်။ ဟိုကောင်မလေးပဲမလား မောင့်ရဲ့ ex ကောင်မလေးလေ။ မောင် သူနဲ့ အမှတ်မထင်ပြန်တွေ့တယ်ဆိုကတည်းက မောင်ကို မေ့တားခဲ့တယ် ဆိုတာ ဒီလိုတွေ ဖြစ်လာမှာစိုးလို့ပဲ။ မောင်တို့ကြားမှာ မေ့ထက် ကြီးတဲ့ နှောင်ကြိုးတွေ ရှိနေမယ်ဆိုတာ မေမသိခဲ့ဘူး။" "မောင် ​မောင်တောင်းပန်ပါတယ်။" တစ်ဖက်က မောင့်အသံအက်ကွဲနေတာကို ကျွန်မသိသည်။ မောင့်တစ်စိတ်တစ်ပိုင်းက ကျွန်မအတွက်နေရာတစ်ခုကျန်ဦးမယ်ဆိုတာလည်း ကျွန်မသိသည်။ နို့်ပေမယ့် ဒီအခြေအနေရောက်မှတော့ကျွန်မ ဘာတတ်နိုင်မှာလည်းမောင်ရယ်။ ေမ့မောင်ရဲ့ အငယ်အနှောင်းမဖြစ်ချင်ဘူးမောင်။ ပြီးတော့မောင်ကိုလည်း လူတကာရဲ့ တံတွေးခွက်ထဲမှာမျောမနေစေချင်ဘူး။ ဒီတော့ မေ့ အံကြိတ်ပြီး မေလုပ်သင့်တာ မေလုပ်ခဲ့တယ်လေ။ "တော်စမ်းပါမောင်ရယ်။မေ့ကို တောင်းပန်မနေစမ်းပါနဲ့ ။မောင်ရဲ့ ဇနီးလောင်းလေးကို သာ ဂရုစိုက်လိုက်စမ်းပါ။ ဒီအခြေအနေရောက်မှတော့ မေ့မှာရွေးစရာမှာမရှိတော့တာ။ မေပဲ ကိစ္စရှင်းပေးလိုက်မယ်မောင်။ မေတို့ ပြတ်ပြီမောင်။ နောက်လည်းဆက်သွယ်စရာမလိုတော့ဘူး။ ကျွန်မ အသံခက်ထန်ထန်ပြောချလိုက်ပြီး ဖုန်းကိုပိတ်ချလိုက်တော့သည်။ ဖုန်းကိုလည်းစက်ပိတ်ထားလိုက်တော့သည်။ ကျွန်မ စိတ်မာတယ်လို့ ထင်ကြတယ်မလား။ ရှင်တို့ထင်သလို ကျွန်မ စိတ်မမာနိုင်ပါဘူး။ မောင့်စီက နောက်ထပ်စကားသံတွေထပ်ကြားခဲ့ရင် ကျွန်မ မာနတွေစွန့်လွှတ်ပြီး မောင့် ဆီမှာ အညံ့ခံမိမှာစိုးလို့ပဲ။ ကျွန်မနှင်းတွေကျနေတဲ့ ပြတင်းပေါက်လေးကို ကြည့်ပြီး ေမာင်နဲ့ ကျွန်မတို့ အတူရှိစဥ်က ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး ငိုနေခဲ့တယ်။ မောင်နဲ့ ကျွန်မတို့ စတွေ့ခဲ့တာက ဒီ ဒီဇင်ဘာလလေးမှာပဲ။ မောင် အဲ့နေ့က သူငယ်ချင်းတွေနဲ့ coffee shop လေးမှာ ပျော်ပျော်ပါးပါးစကားပြောနေကြတယ်လေ။ ဆိုင်ထဲ ဝင်ဝင်ချင်းပြုံးနေတဲ့ မောင်ရဲ့ ပါးချိုင့်လေးက မေ့ကို သတိထားမိစေခဲ့တယ်လေ။ မေကတော့ ဒီဆိုင်မှာကော်ဖီသောက်နေကြသူပီပီ မောင်တို့အဖွဲ့ကိုကျောပေးပြီး ထိုင်လိုက်တာပဲ။ မေ့က စာတိုလေးတွေရေးတတ်သူဆိုတော့ ကော်ဖီသောက်နေရင်း စာ​ေရးနေတုန်း မောင်က "ဒီခုံအားလား"ဆိုပြီး ေမးလာတယ်လေ။ မေ ကြည့်လိုက်မိတော့ "အော်ပါးချိုင့်လေးနဲ့ကောင်လေးပါလား" မေ့ မသိစိတ်ထဲက ရေရွတ်လိုက်မိတယ်။ ပြီးတော့ မောင့်အမေးကို ခေါင်းညိတ်ဖြေခဲ့တယ်လေ။ ပြီးမှ မောင်က မောင့်နာမည်တွေ မိတ်ဆက် ဖုန်းနံပါတ်တွေတောင်းတော့တာပဲ။ မောင်ဘာခြေလှမ်းတွေ လှမ်းနေမှန်းမေသိပါတယ်။ မိန်းကလေးမို့ မသိချင်ယောင်ဆောင်ပြီးမောင့်ကို စကားပြန်ပြောခဲ့တယ်လေ။ တကယ်တော့မေ့က မောင် လက်မလှမ်းခင်ကတည်းက မောင့်လူဖြစ်ပြီးသားပါ။ မေတို့ တဖြည်းဖြည်း နဲ့ ရင်းနှီးလာကြပြီးမေကို ချစ်တယ်ဖွင့်ပြောခဲ့ တာလည်း ဒီ ဒီဇင်ဘာလမှာပဲနော်။ မောင်ဖွင့်ပြောခဲ့တဲ့အချိန်ကို နှစ်တွေကြာတာတောင် ေမသတိရနေတုန်းပဲ။ မောင်မေ့ကို စတွေ့တဲ့ ကော်ဖီဆိုင်လေးမှာပဲ လူအများရှေ့မှာ ပန်းစည်းနဲ့ ဒူးထောက်ပြီး ချစ်ရေးဆိုခဲ့တာလေ။ " မမ ကျွန်တော် ဘဝရဲ့ တစ်ဦးတည်းသောကောင်မလေးဖြစ်ပေးပါလား။ "ဆိုပြီး ဒူးထောက်လိုက်တာလေ။ မေမှာရှက်လည်းရှက် ပျော်လည်းပျော်နဲ့ ၁၆ နှစ်သမီးလေးကိုဖြစ်လို့။ အသနားခံတဲ့မျက်ဝန်းလေးတွေနဲ့ ကြည့်နေတဲ့ မောင်ကို မေ ဘယ်ငြင်းရက်ပါ့မလဲ။ မောင့်ပန်းစည်းကို မေ နမ်းရှိုက်ပြီး အဖြေပြန်ပေးခဲ့တယ်လေ။ အဲ့နေ့က မေမှတ်မှတ်ရရ ဒီဇင်ဘာ ၂၁ ရက်နေ့ပေါ့။ ​ေမတို့တွဲခဲ့တဲ့ ၃ နှစ်တာ ကာလက ​ေမ့အတွက် အပျော်ဆုံးပဲ။ မောင်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ christmas တွေကို မေအလွမ်းဆုံးပဲ။ မောင့်တိုက်ခန်းလေးကို ခိုးလာပြီး christmas အတွက်​​​ပြင်ဆင်ခဲ့ရတာတွေ။ အေးချမ်းလှတဲ့ရာသီမှာ မောင့်ရင်ခွင်ထဲ နေပြီး ကော်ဖီပူပူလေး တူတူသောက်ခဲ့ကြတာလေးတွေ။ အေးလွန်းလို့ မောင့်ကို ဖက်ပြီး အိပ်ခဲ့တာတွေသိပ်လွမ်းတာပဲ။ မောင့်ဟောက်သံတွေကြောင့် မေအစောကြီးနိုးရတယ်လေ။ မောင်ကြိုက်တတ်တဲ့ ကြက်ဥကြော် နဲ့ကော်ဖီကိုမေဖျော်ပေးခဲ့တယ်လေ။ အဲ့လိုလုပ်ပေးတိုင်း မောင်က မေ့ကို ဖက်ပြီး မောင့်မိန်းမအဖြစ်တစ်သက်လုံး လုပ်ဖို့တောင်းဆိုလေ့ရှိတယ်လေ။ ဒါတွေအကုန် ဒီဆောင်းရာသီမှာ အထူးတလည်ဖြစ်ခဲ့တာလေးတွေလေ။ မေ့ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေထဲက တစ်ခုပေါ့။ မေတို့တွဲပြီး တစ်နှစ်အကြာမောင်နဲ့ဝေးဖို့ဖြစ်လာခဲ့တယ်လေ။ မေပြောပါတယ် LDRS တွေကြာကြာမခံလို့ မောင်မေ့ကို ဖြတ်ပြီး အသစ်ရှာဖို့ ပြောခဲ့သားပဲ။ မောင်ပဲ ဆောင်းရာသီမှာ လှတဲ့ မေ့ရဲ့ ပုံရိပ်ကို ဘယ်ဟာမှ မလဲနိုင်ဘူးဆိုပြီး ဒီဇင်ဘာထွက်သွားခါနီး ​ေနာက်ခဲ့တာလေးတွေမေသတိရပါတယ်။ မောင့်ကိုမေ မမုန်းပါဘူး။ မေတို့က အဖြေသိရဲ့ နဲ့အချစ်ကစားပွဲကို ကစားခဲ့ကြတာလေ။ နှင်းတွေကျရင် အအေးဓာတ်တွေ စိမ့်ဝင်လာရင် ခိုဝင်စရာ မောင့်ရင်ခွင်နဲ့ မောင့် အနံ့လေးတွေကို လွမ်းတယ်။ မောင်ဖျော်ပေးတဲ့ ကော်ဖီနဲ့ မောင်ရင်ခွင်ထဲနေရတာလေးကို လွမ်းတယ်။ အိပ်ရာပေါ်က မောင့်ဟောက်သံလေးတွေကို လွမ်းတယ်။ မောင်နဲ့တူတူ christmas ညလေးမှာ လျောက်လည်ခဲ့ကြတာလေးကိုလွမ်းတယ်။ US ရောက်နေပေမယ့်လည်း မောင့်ကိုလွမ်းတဲ့စိတ်က ရပ်တန့်မသွားခဲ့ပါဘူး။ မောင်နေရာကို လိုချင်တဲ့ကောင်လေးတွေအများသား မေမပေးခဲ့ပါဘူး။ တစ်ချိန်ကြမောင်နေရာ ကိုယူနိုင်မယ့်သူလည်းပေါ်ချင် ပေါ်လာဦးမှာပေါ့။ လောလောဆယ်တော့ မောင့်ရင်ခွင်အစား ေစာင်ထူထူလေးရယ်၊ မောင်ဖျော်ပေးတဲ့ကော်ဖီအစား အသင့်ဝယ်လာတဲ့ကော်ဖီပူလေးနဲ့အတူ ပြတင်းပေါက်ကနေ မြင်ရတဲ့ နှင်းတွေနဲ့ အတွဲတွေကို သာငေးကြည့်နေမိတော့တယ်။ တစ်ချိန်က အမှတ်တရတွေဆီ ပြန်ရောက်ရင်းနဲ့ပေါ့.......


Pinkypooky

မောင့်ကိုလွမ်းမိတဲ့ဆောင်းရာသီ( Unicode + Zawgyi)Where stories live. Discover now