My own galaxy[ jensoo ]

1.7K 129 9
                                    

[Unicode]

ဒါလေးကEyes on you(Rina)မဖြစ်လာခင်အရင်ကဇာတ်ကြောင်းလို့လည်းတွေးပြီးဖတ်လို့ရပါတယ်။
ဒါမှမဟုတ် တခြားoneshotတစ်ခုလို့တွေးပြီးဖတ်လို့လည်းအဆင်ပြေတယ်။
ဒီလိုပုံစံတွေတအားရေးချင်လာလို့ရယ်(ဟိုရောက်ဒီရောက်ဖြစ်နေရင်အိုင်အရေးအသားညံ့လို့ပါ )

ပြီးတော့Goneမှာလည်း လိုချင်တဲ့plotဆီရောက်ဖို့ကတော်တော်လေးရေးယူရဦးမှာမို့ ကြာမယ်လို့ပြောပါရစေ။
ဆက်မရေးတော့ဖို့အထိတွေးထားပေမဲ့ အဆုံးထိတော့Dateပေးမှာပါ။

Ame -

. . .

- My own galaxy -

အပြိုင်ကမ္ဘာတွေတည်ရှိနေတယ်ဆိုတာကိုယုံလားJane။

ငါတို့ဟာနီးမလိုနဲ့​ေ၀းသွားတဲ့ကြယ်အစုအ​ေ၀းတွေပဲဆိုပါစို့ ..
တွေ့ခဲ့ရလို့ကျေနပ်ရပါတယ်၊ပျော်ရပါတယ်..
ဆိုတဲ့ဖြစ်တည်မှုလေးတစ်ခုပဲ
ငါတို့ကြားကျန်ခဲ့တယ်ဆိုပါစို့။
ဘ၀မှာသေပစ်လိုက်ဖို့အကြောင်းအရင်းးလုံလောက်ပြီထင်ပါရဲ့။

နေဟာအရှေ့အရပ်ကထွက်ပြီး
အနောက်အရပ်ကို၀င်တယ်။
မင်းဟာငါ့ရင်ထဲမှာပျိုးထားတဲ့ပန်းလေးမှန်ပေမဲ့ တခြားသူရင်မှာသွားပွင့်သတဲ့။
ဘ၀ဟာတကယ့်ကိုသေပစ်ချင်စရာ။

ဒီဖက်ကမ္ဘာမှာ ငေးကြည့်ခွင့်ပဲရှိနေတဲ့ချစ်ခြင်းဟာ
မမြင်နိုင်တဲ့တခြားဖက်ခြမ်းမှာရော ..
ငါတို့ဟာ ငေးကြည့်ခွင့်တောင်ရပါ့မလား။
ဒါမှမဟုတ် ..
မရှိရင်မဖြစ်ပါဘူးဆိုတဲ့ပတ်သတ်မှုတွေနဲ့ဆက်နွယ်နေကြမလား။

တကယ်က မင်းမရှိလို့ငါဖြစ်ပေမဲ့
မင်းကတော့ငါမရှိလို့မဖြစ်ဘူးမလားJaneရဲ့။
အဲ့လို​ေ၀၀ါးတဲ့မျှော်လင့်ချက်ကလေးကို
ရင်ထဲမှာပျိုးမိတော့
မင်းဟာတခြားရင်ခွင်ထဲခြေစုံပစ်၀င်ပြီးငါ့ကိုပျော်ပါရဲ့လားမေးသတဲ့။
ဘ၀ဟာသေမထူးနေမထူးပါJaneရယ်။

ပျော်ရွင်ခြင်းတွေဟာJaneနဲ့စပြီးJaneနဲ့ဆုံးမယ်ထင်ခဲ့တာ။
တကယ်က မင်းပျော်ရွင်ဖို့ငါ့စိတ်တွေရော၊
မျှော်လင့်ချက်တွေပါ စတေးခဲ့ရ ..
ဘ၀ဟာ ထင်တာထက်ပိုပြီးပျော်စရာပါJaneရဲ့။

Stories Of RinaWhere stories live. Discover now