[Unicode]
- All of me -
" ကြယ်နဲ့တူတဲ့လူတစ်ယောက်ကိုချစ်မိသွားတဲ့ပန်းချီဆရာမအကြောင်းကိုသိလား "
စက်ဘီးနောက်တွဲဆီမှ ထွက်လာတဲ့အသံခပ်စွာစွာကလေးကြောင့် ချယ်ယောင်းတချက်ရယ်လိုက်မိသည်။
" မသိဘူး "
စက်ဘီးကိုအားစိုက်နင်းလိုက်တော့ ခါးဆီဖက်တွယ်ထားတဲ့လက်တွေဟာ ပိုမိုတင်းကြပ်လာသည်။
" ကြယ်ဆိုတာဖမ်းဆုပ်လို့မရဘူးလေ "
" အဲ့တာနင်ပြောမှလား "
သူ့စကားမဆုံးခင်ချယ်ယောင်းဖြတ်၍ပြောလိုက်တော့ ဆူးကချယ်ယောင်းကျောပြင်ကိုတစ်ချက်ထုသည်။
" ပြောတာဆုံးအောင်နားထောင် .. အာ သတိထားလေ "
ကျောနောက်ဆီမှအောင့်ခနဲဖြစ်သွားတာမို့စက်ဘီးလက်ကိုင်ဟာ ယိုင်သွားသည်။
အဲ့တာကြောင့် ဆူးဟာလန့်ဖြန့်သွားဟန်ရှိသည်။" တောင်းပန်ပါတယ် "
ပလက်ဖောင်းထက်တွင်မောင်း၍သွားနေခြင်းဖြစ်တာကြောင့် ဘေးနားကဖြတ်သွားတဲ့ လူတစ်ယောက်ကိုတိုက်မိမလိုဖြစ်သွားသည်။
အဲ့တာကြောင့် ချယ်ယောင်းပြောလိုက်ခြင်း။" ရရဲ့လား "
ဆူးက ချယ်ယောင်းရှေ့လာရပ်ပြီးမေးလာသည်။
စောနကကျောပြင်တစ်လျှောက်အောင့်တက်သွားတာမှန်ပေမဲ့လို့ အခုတော့ နည်းနည်းလေးမျှနာဟန်မရှိတော့။" အင်း .. မြန်မြန်တက် ကျောင်းနောက်ကျတော့မယ် "
ချယ်ယောင်းပြောတော့ဆူးက စက်ဘီနောက်တွဲဆီပြန်သွားထိုင်သည်။
ခြေနင်းကိုအားစိုက်ကာပြန်နင်း၍ လိုရာရောက်အောင်အမြန်နင်းရသည်။
ဒီနေ့ရာသီဥတုအတော်သာယာသည်။" အဲ့တစ်ယောက်က မနက်ကငါတို့၀င်တိုက်မိမလိုဖြစ်သွားတဲ့တစ်ယောက်မလား "
ဆူးက နေ့လည်စာစားနေရင်းက နေရာတစ်ခုကိုညွန်ပြပြီးပြောလာသည်။
" အင်း "
ဆူးညွှန်ပြရာကိုကြည့်ပြီး ခေါင်းတစ်ချက်ညိမ့်ပြီးဖြေလိုက်သည်။
ထိုတစ်ယောက်သည် မိန်းကလေးတစ်ယောက်ဖြစ်သည့်တိုင် တစ်ခါမြင်လိုက်ရုံနဲ့နောက်တစ်ခေါက်ထပ်တွေ့လျှင်မှတ်မိနိုင်သောရုပ်ရည်မျိုးရှိသည်။
မျက်၀န်းဝိုင်းဝိုင်းလေးတွေဟာ နဖူးထက်ကဆံစတွေရဲ့ပံပိုးမူကြောင့်ပိုမိုဝိုင်းစက်နေဟန်ရှိသည်။
