မောင်ကငါ့ဆီအလည်လာတဲ့ ဥသြလေး။
နွေဦးနဲ့အတူရောက်လာတယ်။
သူကိုယ်တိုင်ကဒဏ်ရာတွေနဲ့ပေမဲ့ ငါ့ကိုနွေးစေထွေးစေ။
မောင်ကအမြဲထွက်သွားဖို့ အဆင်သင့်ဖြစ်နေတယ် ။
ပြီးတော့ ငါ့ကိုလဲ ပျော်ရွှင်စေချင်တယ်တဲ့။မောင်ကစည်းတွေအမြဲတားတယ်။
အထူးသဖြင့် ငါချိုးဖောက်ချင်တဲ့စည်းတွေ
ပြီးတော့ ငါချိုးဖောက်မိစေမဲ့အခြေအနေတွေ ဖန်တီးတယ်။
မောင်က လူဆိုးကောင်။မောင်ကယစ်မူးချင်စရာစကားတွေပြောတယ်
နောက် စည်းတွေပြန်တားတယ်။
ဘဝတစ်လျောက်လုံး ပစ်မထားခဲ့ပါဘူး ပြောပြီး
အခြားတစ်ယောက်လက်ကိုလှမ်းဆွဲတယ်။
မောင်ကတစ်ကိုယ်ကောင်းဆန်တယ်။Hera
YOU ARE READING
Осень (Autumn )
Puisiဟိုးရှေးရှေးတုန်းက နွေဦးလေးလို ဥသြလေးလို ဘဝထဲ ခနဝင်လာတဲ့မောင်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိသတဲ့။