[Unicode]
ရှစ်ချင်းရွှမ် မဟာအကြံအစည်ကြီးတစ်ခု တွေးမိသွားလေပြီ။ သူတွေးမိခဲ့သော အခြားမဟာအကြံအစည်များတုန်းကကဲ့သို့ သည်တစ်ခုတွင်လည်း သူ၏ အခင်ဆံုးသူငယ်ချင်းဆီက အကူအညီလိုပေဦးမည်ဖြစ်၏။
ထို့ကြောင့်ပင် ရှစ်ချင်းရွှမ်၏ အခင်ဆုံး သူငယ်ချင်း ဟယ့်ရွှမ်သည် တက္ကသိုလ်အနီးနာရှိ နာမည်ကြီးကော်ဖီဆိုင်တွင် ရှစ်ချင်းရွှမ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေရလေတော့သည်။ ခုံပေါ်မှမုန့်ကို ဟယ့်ရွှမ် လက်ပိုက်ကာ တစ်ချက်ကြည့်လိုက်ပြီး ရှေ့တွင် ရိုးသားကြိုးစားဖိုးသခွားလေး မျက်နှာထားဖြင့် သူအား မျက်တောင်တဖျတ်ဖျတ်ခတ်ပြနေသော ရှစ်ချင်းရွှမ်ကို ပြန်ကြည့်၏။
"စားလိုက်ပါ ဟယ့်ရှန်းရဲ့!"
ရှစ်ချင်းရွှမ်က စပြော၏။
"ကျွန်တော် နောက်တစ်ပွဲမှာထားသေးတယ်"
"...."
ဟယ့်ရွှမ်ကမူ ချင်းရွှမ်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်ပြီး နောက်ထပ်ရောက်လာသည့် သရေစာတစ်ပွဲကိုပါ စတို့လိုက်၏။ စားလို့ပြီးခါနီးတွင်တော့ ဟယ့်ရွှမ်က ဆို၏။
"....ပြောစမ်း"
ရှစ်ချင်းရွှမ်သည် နှုတ်ခမ်းဆူလိုက်ပြီး 'ရင်နာလိုက်တာ'ဟန် ဖြင့် ရင်ဘတ်ကို ထု၏။
ရက်စက်လိုက်တာ!
ကျွန်တော့်ကို ခေါင်းထဲဘာညစ်ကျယ်ကျယ် အကြံအစည်မှ မရှိဘဲ ဒီတိုင်း ကမ္ဘာေပါ်မှာအခင်ရဆုံးသူငယ်ချင်းဖြစ်သူနဲ့ အေးဆေးမုန့်ထိုင်စားဖို့ပဲ ဆန္ဒရှိတဲ့ ရိုးသားသူလေးအဖြစ်မြင်ပေးလို့မရဘူးလားဟင်?
ထို့နောက် သူသည် ဟယ့်ရွှမ်အား သနားကမား မျက်လုံးလေးများနှင့် ကြည့်လာ၏။
သို့သော် ဟယ့်ရွှမ်၏ မယုံသင်္ကာမျက်နှာထားကတော့ ပျောက်မသွားသေး။ ထို့ကြောင့် ရှစ်ချင်းရွှမ် သက်ပြင်းချမိပြီးသာ ဆိုရတော့၏။
"ဒီလိုလေ....ကျွန်တော့်မှာ အထုံပါရမီတစ်ခုရှိတယ်လေ"
"ဘာလို အထုံပါရမီလဲ?" ဟယ့်ရွှမ် အေးတိအေးစက် ပြန်မေးလိုက်၏။

ВЫ ЧИТАЕТЕ
Matchmaker, Matchmaker [Myanmar Translation]
ФанфикLanguage : Burmese BeefLeaf HuaLian FengQing PeiHuang Original Author: heartbeatangel (On ao3) (I've got the permission to translate from the original author) Art crd to STARember