Ep3

665 59 3
                                    


"အစ်ကို..အစ်ကို"
ဒီတစ်ခါနဲ့ဆိုသူ့ရှေ့ကနေဒီလူသားထွက်ပြေးတာနှစ်ကြိမ်တိတိရှိပြီဘာကြောင့်ထွက်ပြေးနေမှန်းမသ်ိပေမယ့်ဒီလူသားကိုပြောခြင်နေတဲ့စကားတွေအများကြီးရှိတာကြောင့်ဆိုင်ကနေပြေးထွက်သွားတဲ့ထယ်ယောင်းနောက်ဂျောင်ကုအမှီ​​ပြေးလိုက်သည်
"အစ်ကိုထယ်ယောင်း"

ထယ်​ယောင်းသူ့နာမည်ခေါ်သံကြားလိုက်တာကြောင့်အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်သူ့နာမည်ခေါ်နေတဲ့ထိုကောင်လေးကတော့သူ့စီအလောတကြီးနဲ့ပြေးလာနေသည်သူ့အနားက်ိုရောက်တာနဲ့
"ဘာလို့အသားလွတ်ထွက်ပြေးနေတာလဲ"ဆို​ပြီးစကားစဆိုလာသည်
 
"ကျွန်တော်မေးနေတယ်လေ အစ်က်ိုဘာလို့ကျွန်တော်ကိုမြင်တာနဲ့ထွက်ပြေးနေတာလဲ"
"ငါ..ငါဘယ်မှာထွက်ပြေးလို့လဲ" 
"သေချာလို့လား အစ်ကိုအခုလေးတင်ကျွန်တော်ကိုရှက်လို့ထွက်ပြေးနေတာလေ"
"မင်း.."
"ပြောလေအစ်ကို ကျွန်တော်ပြောတာမှားတဲ့နေရာရှိရင်အစ်ကိုထောက်ပြလေ"
"တော်ပြီငါမင်းနဲ့ဘာမှဆက်ပြောစရာမရှိတော့ဘူး"

ရှက်နေတာကိုသိရက်နဲ့ ခနဲ့တဲ့တဲ့ပြောလာသောဂျောင်ကုစကားတွေကြောင့်ထယ်​ယောင်း ဂျောင်ကုကိုစိတ်ဆိုးမိ ခုန်နေသောဘယ်ဘက်ရင်ဘက်မှနှလုံးသားကိုခေတ္တထိန်းပြီးဒီကောင်လေးရှေ့ကနေထွက်သွားဖို့ထယ်ယောင်းဆုံး​ဖြတ်လိုက်သည်
"ဒါဘယ်သွားမလို့လဲ"
သူ့ကိုထားပြီးထွက်သွားဖို့လုပ်နေသည့်ထယ်ယောင်းလက်ကိုဂျောင်ကုလှမ်းဆွဲလိုက်သည်သူသိတာပေါ့ဒီလူသားသူ့စကား​ကြောင့်စိတ်ဆိုးနေတယ်ဆိုတာ
"လွှတ်"
"မလွှတ်ဘူး"
"ငါ့ကိုလွှတ်လို့ပြောနေတယ်လေ ငါ့လက်နာလာပြီ"
"အဲ့တာဆိုကျွန်တော်ကိုအစ်ကို့ရဲ့အချိန်နည်းနည်းပေးလေ"
"ငါမအားဘူး"
"အဲ့တာဆိုကျွန်တော်.."
တီ.. တီ..တီ
  ရုတ်တရပ်ထယ်ယောင်း ဖုန်းဝင်လာတာကြောင့်ဂျောင်ကုမျက်နှာပျက်သွားသည်
"ကိုင်လိုက်လေ"
"ရတယ်ပြီးမှကိုင်လိုက်မယ်"
"ဘာလဲ အစ်ကို့ချစ်သူကဖုန်းဆက်လို့လား"
"အေး"
ထယ်ယောင်းကတော့လက်နာနေတာကြောင့်
ပေါ့ပေါ့တန်တန်ဖြေလိုက်ပေမယ့်ထယ်ယောင်းအဖြေကိုကြားတော့ဆွဲထားတဲ့လ​က်ကိုဂျောင်ကုချက်ချင်းလွှတ်လိုက်သည်
ဂျောင်ကုမျက်နှာတစ်ခုလုံးညိုးငယ်စွာဖြင့်

Stay With MeWhere stories live. Discover now