Ep4

567 59 4
                                    

"လွှတ် ငါ့ကိုလွှတ်လို့ပြောနေတယ်လေ ငါ့ကိုဘယ်နေရာက်ိုခေါ်လာတာလဲ"
ဂျောင်ကု ထယ်ယောင်းကိုဆွဲခေါ်လာတဲ့​နေရာကဟိုဆော့ကောင်မလေးတွေနဲ့အတူတူကြည်နူးနေကြအခန်းကိုဖြစ်သည်ဂျောင်ကုတို့ရောက်နေတဲ့ကလပ်ကအောက်ထက်က ကလပ်ဆိုပေမယ့်VIPသမားတွေအတွက်ကတော့အပေါ်ထက်ကိုအခန်းသီးသန့်ပြင်ဆင်ပေးထားသည်
 
ဂျောင်ကုအခန်းတံခါးကိုအားနဲ့ပိတ်လိုက်​ပြီးထယ်ယောင်းကိုနံရံဘက်သို့စောင့်တွန်းလိုက်သည်ဂျောင်ကုဘယ်လိုဘဲ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပါစေ ကင်ထယ်ယောင်းကတော့လှနေမြဲလှနေဆဲပင်
"ဟေ့ကောင်မင်းငါ့ကိုဘာလုပ်တာလဲအခုချက်ချင်းငါ့ရှေ့ကဖယ်စမ်း"
"ဟေ့ကောင်ဟုတ်လား "
"ဟေ့ကောင်မဟုတ်လို့ကောင်မလားမင်းက"
"တောက်စ်"
ဒုန်းး
ဂျောင်ကုခပ်မာမာအသံ ဖြင့်တောက်ခေါက်လိုက်ပြီးနံရံကိုလက်သီးနဲ့အားထည့်ပြီးထိုးလိုက်သည်

"မင်း..မင်းဘာဖြစ်နေတာလဲဘာလို့မင်းပုံစံကကြောက်ဖို့ကောင်းနေတာလဲ "
"ခင်ဗျားကြောင့်လေ ခင်ဗျားလုံးဝမကောင်းဘူးဘာလို့ကျွန်တော်အပေါ်ရက်စက်ရတာလဲ"

"ဟမ် မင်းပြောတာတွေငါဘာတစ်ခုမှနားမလည်ဘူးငါမင်းကိုဘာလုပ်မိလို့လဲငါနားလည်အောင်ပြော"
"ဘာလို့အဲ့လူနဲ့ပြုံးနေရတာလဲဟင် ကျွန်တော့်ကိုနည်းနည်းလေးတောင်မသနားဘူးလားအစ်ကို"
ခုဏကဒေါသထွက်​နေတဲ့ပုံမျိုးမဟုတ်ဘဲ ကလေးတစ်ယောက်လိုအသနားခံနေတဲ့ဂျောင်ကုပုံစံကြောင့်ထယ်ယောင်းစ်ိတ်မကောင်းဖြစ်မိ
"အဲ့တာဆိုမင်းမြင်လိုက်တယ်ပေါ့"
"အင်း..ကျွန်တော်မြင်တာပေါ့ကျွန်တော်နေ့တ်ိုင်းအစ်ကို့ကိုလာကြည့်တယ်"
"အဲ့တာဆိုမင်းငါ့စီကိုနေ့တိုင်းလာတာပေါ့"
" အင်း အစ်ကိုကျွန်တော်ကိုနည်းနည်းလေးတောင်စိတ်မဝင်စားဘူးလားဟင်"

မျက်ရည်စတွေနဲ့မေးလာသောဂျောင်ကုရဲ့ပုံကထယ်ယောင်းရင်ကိုအစိမ်းလိုက်ခွဲနေသလိုပင်
ဘယ်လ်ိုလုပ်ရမလဲထိန်းချုပ်ထားတဲ့စိတ်တွေကိုဘဲထိုကောင်လေးမြင်အောင်ပြရမလားမဖြစ်သေးဘူးကင်ထယ်ယောင်းစိတ်ထိန်းစမ်းမင်းသူ့ကိုလက်ခံလိုက်လို့မဖြစ်ဘူးလေ
"ကျွန်တော်ကိုမလွမ်းဘူးလားအစ်ကို"
ကင်ထယ်ယောင်းရေစိတ်ထိန်းစမ်းထိန်းစမ်း
"ကျွန်တော်မေးနေတယ်လေ အစ်ကိုကျွန်တော်ကိုမဖြေဘူးဆိုတော့အစ်ကိုကျွန်တော်ကိုမလွမ်းလို့ပေါ့နော်"
ထက်ပြီးစိတ်မကောင်းဖြစ်သွားတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းချက်ချင်းပြန်​ဖြေလိုက်မိသည်
"လွမ်းတယ်"

သေပြီကင်ထယ်ယောင်း မင်းဘာလို့အဲ့လိုသွားဖြေလိုက်တာလဲ
"ဒါဆိုအစ်ကိုလည်းကျွန်တော်ကိုလွမ်းနေတာပေါ့ဟုတ်လား"
"ငါ..အု..."
နီးကပ်လာသောနှုတ်ခမ်းသားတစ်စုံကြောင့်ထယ်ယောင်းမျက်လုံး​လေး​ပြူးသွားသည်
ဒီကောင်လေးအဲ့လောက်ထိလက်ရဲဇက်ရဲနိုင်လိမ့်မယ်ထယ်ယောင်းမတွေးမိတာကတော့အမှန်ပင်

သောက်ထားတဲ့အရှိန်ကြောင့်ထယ်ယောင်း ဂျောင်ကုကိုမတွန်းထုတ်ဘဲနှုတ်ခမ်းနှစ်ခုမူလအတ်ိုင်းထိကပ်နေဆဲ

ဒီကောင်လေးရည်းစားမထားဘူးဘူးလို့​ပြောတုန်းကထယ်ယောင်းမယုံခြင်
ဒီအသက်အရွယ်ရောက်တဲ့အထိသူ့လိုကြည့်ကောင်းတဲ့လူတစ်ယောက်ကရည်းစားမထားဘူးဘူးဆိုတော့ထယ်ယောင်းအတွက်ဟာသတစ်ခုလိုပင်

Stay With MeWhere stories live. Discover now