"ထယ်ယောင်း"
"ဂျီမင် ငါလေ"
"ဒီကိုလာအုံး"
ဂျီမင်အမိန့်ပေးလိုက်တာကြောင့်ထယ်ယောင်းချက်ချင်းခုံပေါ်ထိုင်လိုက်သည်
"မင်းဘာအပြစ်လုပ်ထားလဲမင်းသိလား"
"ငါတောင်းပန်ပါတယ်ငါညကနည်းနည်းများသွားတယ် ငါ့ကိုခွင့်လွှတ်ပါနော်ဂျီမင်"
"ငါညကဘယ်လောက်စိတ်ပူသွားရလဲမင်းသိလားဖုန်းကလည်းကျန်ခဲ့တယ်မင်းကလည်းပျောက်နေတယ်"
"အင်းပါငါမှားပါတယ်နော် ငါမင်းကိုဘီယာဝယ်တ်ိုက်မယ်လေဘယ်လိုလဲ"
"မင်းကတော့လေ အသက်သာကြီးတယ်အခုထက်ထိကလေးအတိုင်းဘဲ"
"ဟီး သူငယ်ချင်းလေးကလဲ"
"မင်းညကဘယ်သွားနေတာလဲ"ဂျီမင်စကားကြောင့်ထယ်ယောင်းဖြေရခက်နေသည်ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးနဲ့တွေ့တယ်လို့ဘဲပြောရမလား ဒါမှမဟုတ်လိမ်ပြောလိုက်ရမလား
"ထယ်ယောင်းငါမေးနေတယ်လေ"
"ငါ..ငါဂျောင်ကုနဲ့အတူရှိနေတာဂျီမင်"
"ဂျောင်ကုဟုတ်လားနေပါအုံးဂျောင်ကုဆိုတာဟိုဆေးဆိုင်ကကောင်လေးမလား"
"အင်းဟုတ်တယ်"
"ထယ်ယောင်းမင်းရူးနေလားမင်းမှာဆော့ဂျင်ရှိတယ်လေကွာ"
"အင်း.ငါသိတယ်"
"မဟုတ်မှအဲ့ကောင်လေးကမင်းကို ထယ်ယောင်းငါထင်တာမျိုးဟုတ်တယ်မလား"
"ငါသူ့ကိုချစ်မိနေပြီဂျီမင် ငါဘာဆက်လုပ်ရမလဲငါဆော့ဂျင်ကိုလည်းမနာကြင်စေခြင်ဘူး""ဆော့ဂျင်သိရင်မင်းတို့နှစ်ယောက်လုံးကိုသတ်လိမ့်မယ်အခုအဲ့ဒါတွေကအရေးမကြီးဘူးဟိုကောင်လေးကကောမင်းအပေါ်ကိုဘယ်လိုသဘောထားလဲ"
"သူလည်းငါ့လိုဘဲ ငါ့ကိုချစ်တယ်လို့ဖွင့်ပြောတယ်"
"ထယ်ယောင်းငါ့ကိုကြည့်စမ်း"မျက်နှာငယ်လေးနဲ့ခေါင်းငိုက်စိုက်နေတဲ့ကောင်လေးကိုမြင်တော့ဂျီမင်စိတ်မကောင်းဖြစ်မိ ဒီသူငယ်ချင်းကဟိုအရင်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းမလို့ထယ်ယောင်းရဲ့စိတ်ကိုသူအသိဆုံးပင်
တဖြည်းဖြည်းနဲ့မော့ကြည့်လာတဲ့ထယ်ယောင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေအပြည့် သေချာနေပါပြီသူ့သူငယ်ချင်းအဲ့ကောင်လေးအပေါ်တစ်ကယ်ချစ်မိနေပြီဆိုတာ"ငါမင်းရဲ့နှလုံးသားကိုမတားဘူးထယ်ယောင်း ဒါပေမယ့်မင်းအချိန်ယူစဥ်းစားသင့်တယ်ဆော့ဂျင်နဲ့မင်းကနှစ်ဖက်မိဘသဘောတူလို့တွဲနေကြတာလေအထူးသဖြင့်မင်းအဖေကြောင့်မလား အဲ့တာကြောင့်အဲ့ကောင်လေးစီချက်ချင်းမသွားပါနဲ့လား ဖြစ်နိုင်ရင် ငါ့ကိုရက်စက်တဲ့လူလို့တော့မထင်ပါနဲ့ထယ်ယောင်း ငါမင်းကိုအဲ့ကောင်လေးနဲ့မတွဲစေခြင်ဘူး"
"ဂျီမင်"
![](https://img.wattpad.com/cover/250668359-288-k482099.jpg)
YOU ARE READING
Stay With Me
Fanfictionချစ်သူရှိပြီးသားဖြစ်တဲ့ကင်ထယ်ယောင်းတစ်ယောက်ဂျွန်ဂျောင်ကုနဲ့အမှတ်မထင်ဆုံတွေ့လိုက်ရတဲ့အချိန်ဖြစ်တည်လာတဲ့သူရဲ့အချစ်တွေ.. ............ Jeon Jungkook ပိုင်ရှင်ကဘယ်သူဘဲဖြစ်နေပါစေအစ်ကိုကို့ကျွန်တော်ချစ်တယ် အစ်ကို.. Kim Seok Jin တခြားလူရဲ့လက်ထဲကိုလွယ်လွယ်ထည...