1

2K 131 6
                                    


-unicode-

" Jungwon.... Jungwon ငါ့ကိုကယ်ပါဦး "

ညအချိန်ကြီးတံခါးခေါက်သံတဝုန်းဝုန်းနှင့်အတူ sunghoon ရဲ့ငိုသံစွက်နေသည့်အသံကိုပါကြားလိုက်ရတာမို့ jungwon အိပ်ရာကနေကမန်းကတန်းထလိုက်ရသည်။ တံခါးဆီအမြန်ပြေးကာဖွင့်လိုက်တော့ sunghoonကတစ်ကိုယ်လုံးတုန်ရီကာရပ်နေခဲ့သည်။

" Sunghoon hyung ဘာဖြစ်တာလဲ.. ဟမ် ဘာဖြစ်တာလဲ ကျွန်တော့ကိုပြော... "

Sunghoon မျက်နှာကမျက်ရည်စတွေကခြောက်နေပြီဖြစ်သည်။ သို့ပေမယ့်အသက်ရှူသံပြင်းပြင်းတွေနှင့်သူ့ပုံကထိတ်လန့်နေဟန်။

" ငါ.... ငါ လူသတ်မိပြီထင်တယ် "

" ဘာ!? "

ပြောပြီးပြီးချင်းထိုင်ရက်လဲကျသွားသည့် sunghoon။ jungwon ကအခုဘာကြားလိုက်တာလဲဆိုတာကိုသေချာအောင်မနည်းပြန်ပြီးစိတ်ကိုပြင်ဆင်လိုက်ရသည်။ sunghoonကတော့မျက်လုံးတွေပင်ငေးကြောင်ကြောင်။

" နေဦး hyung ထ ထ အရင်ဆုံးစိတ်အေးအေးထားပြီး အထဲဝင်လာ.. "

တုန်ရီငေးငိုင်နေသော sunghoon ကို jungwon သေသေချာချာ​လေး အထဲကိုဆွဲခေါ်ပြီးနောက် မှောင်မည်းနေသောအပြင်ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ကာ တံခါးအမြန်ပိတ်လိုက်သည်။

Sofa ပေါ်ထိုင်နေသည့်  sunghoon ကိုကြည့်ရင်း
" ပြောပါဦး ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ "

Sunghoonက သူ့အောက်နှုတ်ခမ်းကိုကိုက်ကာအသက်ပြင်းပြင်းရှုသည်။ jungwon ငှဲ့ပေးသောရေခွက်ကိုလည်းမသောက်ပဲကိုင်ထားရင်းမှ

" သူ... သူကငါ့အခန်းထဲဝင်လာတယ်.. ငါ..ငါ့လည်ပင်းကိုညှစ်ဖို့လုပ်တယ် အဲ့ဒါနဲ့... အဲ့ဒါနဲ့ ငါလန့်ပြီး လက်ထဲကဓာတ်ဘူးနဲ့ရိုက်လိုက်မိတယ်...  အဲ့ဒါအခုသေသွားပြီလားမသိဘူး..  jungwonရယ် လုပ်ပါဦး "

Sunghoon ကပြောရင်းနှင့် အသက်ရှုတာတွေမြန်လာတာမို့ jungwon စိတ်အေးအေးထားရန်ပြောရင်း

" မဟုတ်ပါဘူး ဘာမှမဖြစ်ဘူး ဓာတ်ဘူးနဲ့ထုရုံနဲ့သေစရာလား ပြီးတော့ သူကအရင် hyungကို ရန်ပြုတာလေ hyungက ကိုယ့်ကိုယ်ကိုကာကွယ်ရုံပဲဟာ...  အခု သူhyungအခန်းထဲမှာလား "

Fate kicked me to reach you/jayhoon/ Where stories live. Discover now