4

576 93 5
                                    

                            -unicode-

ကုတင်ပေါ်မှာကားကားကြီးလှဲကာ ဝမ်းနည်းပက်လက်ဖြစ်နေသည့် Jay ကိုမြင်တော့ He​eseungကခိုးရယ်သည်။

" တောင်းပန်ဖို့သွားတာအဆင်ပြေမလာတဲ့အပြင် ပြဿနာအသစ်ပါထပ်ရှာလာသေး ငါသာ Park Sunghoon ဆိုမင်းကိုချောင်းရိုက်နေလောက်ပြီ "

Jay ကကုတင်ပေါ်ကနေကုန်းထလာပြီး

" hyung ကပဲပြောရတယ်ရှိသေး ခုလိုတွေဖြစ်လာတာဘယ်သူ့ကြောင့်မို့လို့လဲ "

Heeseung ကဘာမှပြန်မပြောပဲရယ်ပဲရယ်နေသည်။ Jay သူ့ဆံပင်တွေကိုသပ်တင်ကာ heeseungဆီလျှောက်လာခဲ့လိုက်သည်။

" ဒါနဲ့ hyungပြောဖူးတယ်မလား ကျွန်တော့ဂျူနီယာ Yang Jungwonနဲ့ hyungကတစ်ကျောင်းတည်းတက်ခဲ့တာဆို "

Heeseung မျက်ခုံးတွေပင့်သွားကာ Jay ကိုမော့ကြည့်လိုက်သည်။ Jay ကတော့အဖြေကိုစောင့်နေဆဲ။ Heeseung ခေါင်းညိတ်ရင်း

" ဟုတ်တယ်လေ.." ဟုဖြေလိုက်သည်။

Jayကတော့ခေါင်းတညိတ်ညိတ်နှင့်။

" မသိပါဘူး hyung တို့တစ်ခါမှစကားပြောတာမတွေ့ဖူးလို့ "

" ပြောပါတယ် ဟိုနေ့ကမင်းကို Park Sunghoon အိမ်ကနေသွားခေါ်ရတုံးကတောင်တွေ့ဖြစ်သေးတယ် "

ထိုအကြောင်းဘက်ပြန်ရောက်လာတော့ Jayမျက်နှာရှုံ့မဲ့သွားသည်။ အဲ့ဒီနေ့ကကိစ္စကိုသူနည်းနည်းလေးမှပြန်မတွေးချင်တော့ပါ။

.

ပိတ်ရက်မနက်ကိုအစောကြီးထကာ Sunghoon အခန်းသန့်ရှင်းရေးလုပ်နေလိုက်သည်။ 11:30 လောက်မှအဆုံးသတ်ရင်းအမှိုက်ထွက်ပစ်မှ ဟိုဘက်အခန်းကနေဆံပင်ဘုတ်သိုက်နှင့်ထွက်လာသည့် Jungwon ကိုတွေ့ရသည်။ မျက်လုံးတွေကသေချာမပွင့်ချင်သေး။

" jungwon ခုမှနိုးတာလား "

" ဟုတ် hyung... ဟိုဟာလေ..ထမင်းနည်းနည်းလောက်ရှိလား ခေါက်ဆွဲကုန်နေတာကိုမေ့နေပြီးမဝယ်ထားမိဘူး..."

Sunghoon ရယ်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။

မထူးတော့တာမို့ သူတို့ထမင်းအတူစားရင်းနဲ့သာအဆုံးသတ်ခဲ့သည်။ တကယ်တမ်း Sunghoon မှာသိချင်နေသည့်ကိစ္စတွေကလဲအများသားမို့။

Fate kicked me to reach you/jayhoon/ Where stories live. Discover now