7

1.1K 107 9
                                    

unicode.

ဖုန်းသံထွက်လာ၍ Heeseung အလျှင်အမြန်ကိုင်လိုက်မိသော်လည်း သူ့ဖုန်းမှအသံဟုတ်မနေ။ Jayရော သူရောက ရိုးရိုးရှင်းရှင်းသမားတွေမို့ Original ringtone ပဲသုံးကြတာ ဒီနေရာတွင်တော့နည်းနည်းအလုပ်ရှုပ်သည်။

မလှမ်းမကမ်းက ရှုပ်ယှက်ခတ်နေသောအဝတ်ပုံကြားကမို့ Heeseung အမြန်သွားကာကြည့်မိတော့။

' hoonie 🥺 ' ဟု မှတ်ထားလေသော contact name။

Heeseung ရင်ထဲခါးသက်မသွားဘူးဟုဆိုလျှင်တော့မျက်နှာပြောင်တိုက်လွန်းရာကျပေမည်။

" hello.."

" Jay?.."

တစ်ဖက်က Sunghoon အသံကြောင့် Heeseung နှုတ်ခမ်းတွေတွန့်ရုံပြုံးရင်း

" Jay ဖုန်းကျန်ခဲ့တယ် Sunghoon ရဲ့..ဘာပြောစရာရှိလို့လဲ hyungကိုပြောလေ ပြန်ပြောထားလိုက်မယ် "

တစ်ဖက်က ခဏလောက်ငြိမ်သက်သွားရင်းမှ

" အာ... မဟုတ်ဘူး ရတယ် "

Sunghoon ၏အားတုံ့အားနာဖြစ်နေသံက ဖုန်းတစ်ဖက်ကထွက်ပေါ်လာသည်။ သက်ပြင်းချသံခပ်သဲ့သဲ့နှင့်အတူ ရယ်သံခပ်ဖွဖွပါရောနှောရင်း

" 5:00 ချိန်းထားတာရောက်မလာသေးလို့... အဲ့ဒါ..."

Sunghoon အသံကအနည်းငယ်တိုးသွားသည်။

" ပုံမှန်ဆိုနောက်မကျတတ်လို့လေ တစ်ခုခုများဖြစ်နေလားလို့ပါ မိုးတွေကလည်းရွာနေတော့..."

ပုံမှန်ဆို။

အာ... သူတို့ခဏခဏတွေ့ဖြစ်ကြသည်နှင့်တူသည်။

မရင်းနှီးသည့်ခံစားချက်တွေက လှိုင်းတံပိုးကဲ့သို့စုပြုံကာ Heeseung မျက်နှာကိုရိုက်ခတ်လိုက်သလိုမျိုး။ ပူနွေးလာသည့်မျက်ဝန်းတွေကိုဥပေက္ခာပြုလိုက်ရသည်။

----

ပုံမှန်တွေ့နေကျ coffee shop ၏ထောင့်ကျကျဝိုင်းမှာစောင့်နေသည့် Sunghoon။

နာရီက 5:35 ။ ပုံမှန်ဆိုနောက်ကျလေ့ရှိသူမဟုတ်တာမို့ Sunghoon စိတ်ထဲထင့်နေတာတော့အမှန်။

Long coat ထဲကပစ္စည်းလေးကိုထုတ်ကြည့်ပြီး ဖွဖွပြုံးမိသည့်သူ။ ပယင်းလက်ကောက်ကလေးက သေးသေးမျှင်မျှင်ကိုမှတောက်ပလျက် မီးရောင်ဖျော့ဖျော့အောက်ကျက်သရေရှိစွာတင့်တယ်နေသည်။

Fate kicked me to reach you/jayhoon/ Where stories live. Discover now