Part-3

381 75 16
                                    

Zawgyi

.
.
.
.

"တီ!..."

ရင်ထိုးအနီရောင်လေးမှ အစိမ်းရောင်လေးပြောင်းသွားပြီး တီ'ဆိုသည့်အသံထွက်လာမှ လက်​ချရကာ ကျောင်းနောက်ကျရခြင်းအတွက် အပြစ်ပေးခြင်းပြီးဆုံးသည်။ ထိုအခါမှ ကိုယ်တက်ရမည့်အခန်းသို့ လျှောက်လာခဲ့ကြရ၏။

"မင်းက ငါနဲ့အခန်းချင်းလာတူနေတာလား..."

ဘယ်လိုရေစက်လဲတော့မသိ။ အိုဆယ်ဟွန်းက ဘတ်ခ်ဟျွန်းနှင့်အခန်းပါ လာတူနေသည်။

"တီချယ် ဝင်ခွင့်ပြုပါ..."

"သားတို့ ဝင်ခဲ့ကြ..."

"ဟုတ်ကဲ့ တီချယ်..."

ချိုမြသောအပြုံးနှင့် ဘတ်ခ်ဟျွန်းတို့အတန်းပိုင်ဖြစ်ပုံရသောဆရာမက ဘတ်ခ်ဟျွန်းတို့အား အတန်းထဲဝင်စေသည်။ ထို့နောက် သူ့ဘေးနားတွင် ရပ်နေစေကာ ကျောင်းသူကျောင်းသားများဘက်သို့လှည့်သည်။

"ကလေးတွေအကုန်လုံး တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီးသွားကြပြီ။ သားတို့က နောက်ကျနေတော့ သားတို့ပဲ မိတ်ဆက်ဖို့ကျန်တော့တယ်။ ကဲ..သူငယ်ချင်းတွေဘက်လှည့်ပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးကြပါဦး..."

"ဟုတ်ကဲ့ တီချယ်..."

တီချယ့်စကားကြောင့် ဘတ်ခ်ဟျွန်းတစ်ယောက် ကျောင်းသားကျောင်းသူများရှိရာဘက်သို့လှည့်၍ မျက်လုံးလေးများပိတ်ကျသည်အထိ ပြုံးပြကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးခြင်းအား စတင်တော့သည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်နာမည်က ဗြောင်ဘတ်ခ်ဟျွန်းပါ။ သူငယ်ချင်းတို့အနေနဲ့ ဘတ်ခ်ဟျွန်းနီးလို့ ခေါ်လို့ရပါတယ်နော်။ ရားး! ဗြောင်ဘတ်ခ်ဟျွန်း...အဲ့ဒီလိုခေါ်တာ လုံးဝ လုံးဝမကြိုက်ပါဘူး။ ပြီးတော့ သခွားသီးလည်းမစားတာမို့လို့ လာမကျွေးကြပါနဲ့။ သူငယ်ချင်းတို့အားလုံးနဲ့ ခင်ချင်ပါတယ်။ ကူညီပေးကြပါဦး..."

ဘတ်ခ်ဟျွန်းရဲ့မိတ်ဆက်သံလေးကြောင့် အတန်းဖော်တွေအားလုံးမှာ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားရသည်။ စကားကို ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးတထော်ထော်နှင့် ခပ်စူးစူးအသံလေးဖြင့် ပြောသွားပုံက အသည်းယားစရာကောင်းလှသည်။

My Little Thief: Mood Maker (HIATUS)Where stories live. Discover now