Zawgyi
.
.
.
."မာမား ကျွန်တော်ကျောင်းကအဆောင်မှာသွားနေချင်လို့။ မာမား ခွင့်ပြုပေးနော်..."
"သားငယ်က ဘာလို့အဆောင်မှာနေမှာလဲ။ အိမ်နဲ့ကျောင်းနဲ့က မဝေးပဲနဲ့ကွယ်..."
"မာမား ကျွန်တော်လေ..."
ပြောရင်းဆိုရင်းဖြင့် မာမားထိုင်နေသည့် ဆိုဖာခုံတွင်ဝင်ထိုင်လိုက်ရင်း မာမားခါးလေးကိုဖက်ကာချွဲလိုက်သည်။
"ကျွန်တော်သဘောကျတဲ့ စီနီယာအကိုကြီးတစ်ယောက်ကို တွေ့ထားတယ်သိလား..."
ဘတ်ခ်ဟျွန်းပြောတော့ မာမားက ဘတ်ခ်ဟျွန်းကို အံဩသလိုလေး မျက်လုံးပြူးလျက်သား ငုံ့ကြည့်လာခဲ့သည်။
"ဘယ်သူလဲ သားငယ်လေး။ ချောလား။ နာမည်ဘယ်လိုခေါ်လဲ။ မားနဲ့ဘယ်တော့ပေးတွေ့မှာလဲ..."
"နာမည်က ပတ်ခ်ချန်းယောလ်တဲ့။ စီနီယာတန်း ဒုတိယနှစ်က။ ချောလည်းချောတယ်။ မာမားနဲ့ တွေ့ပေးလို့မရသေးဘူး။ သားနဲ့တောင် ငြိအောင်မလုပ်ရသေးတာကို..."
မေးခွန်းများဆက်တိုက်မေးလာသည့် မာမားရဲ့အမေးကို တစ်ခုချင်းစီဖြေပေးလိုက်သည်။
"အဲ့ဒီတော့ သားငယ်က ငြိအောင်လုပ်မလို့ဆိုပြီး အဆောင်မှာသွားနေမယ်ပေါ့..."
"ဟီးဟီး ဟုတ်တယ်..."
သွားအဖြီးသားလေး ပြုံးပြလိုက်တော့ မာမားက ဘတ်ခ်ဟျွန်းခေါင်းကို ဖွဖွလေးခေါက်လာသည်။ ပြီးမှ...
"မားကတော့ အဆင်ပြေတယ်။ သားငယ် သွားနေချင်ရင် ခွင့်ပြုပေးမှာပေါ့။ ဒါပေမယ့် မင်းကိုကြီးကတော့ မရလောက်ဘူးထင်တယ်နော်..."
"အဲ့ဒါကြောင့်မို့လို့ မားကိုလာပြောတာပေါ့။ ကိုကြီးကိုဝိုင်းပြောပေးဖို့။ ဒီအတိုင်းဆိုရင် ကိုကြီးက ကျွန်တော့်ကို အဆောင်မှာသွားနေဖို့ ခွင့်ပြုမှာမဟုတ်ဘူးလေ..."
"ဟုတ်တယ်။ ခွင့်မပြုဘူး..."
မာမားနဲ့ပြောနေရင်းမှ ကြားဖြတ်ပြောသည့်အသံတစ်ခုကို ကြားလိုက်ရတာကြောင့် ဘတ်ခ်ဟျွန်းလှည့်ကြည့်မိတော့...
VOUS LISEZ
My Little Thief: Mood Maker (HIATUS)
Fanfictionကမ္ဘာကြီးဆီရောက်လာကာ လူသားများ၏အသက်အန္တရာယ်ကို ရန်ရှာနေသည့်ဒစ်ကန်ကြီးများအား တိုက်ခိုက်ကာကွယ်ပေးနေသည့် နိုင်ငံ၏အထူးကာကွယ်ရေးအဖွဲ့ Capital A၏ အဖွဲ့ခေါင်းဆောင် Park Chanyeol... Capital Aအဖွဲ့က ဒစ်ကန်များကို အသေအကျေတိုက်ခိုက်ရာမှ ရရှိလာတဲ့ကာမီအိုရတနာမျ...