Part 8(Unicode)

66 4 0
                                    

Unforgettable
part 8

"မင်းဘယ်သွားမလို့လဲ"

တံခါးဝကနေခေါင်းပြူကြည့်ပြီးပြောလာတဲ့Taeyangကြောင့်
သိမ်းနေတဲ့ပစ္စည်းတွေကိုခနချထားလိုက်ပြီး

"ကွမ်ဂျူးကိုခနပြန်မလို့လေ"

"မင်းနော်အရင်ကဆိုငါမမေးခင် မင်းကကြိုပြောထားတာ အခုတော့မင်းကငါမေးတာတောင်မပြောချင်တဲ့ပုံနဲ့
ငါလည်းကွမ်ဂျူးကိုလိုက်ချင်တယ်"

"မလိုက်ရဘူး မနက်ဖြန်မင်း varietyshowတစ်ခုကိုသွားရမယ်လေ"

"မင်းကလည်းကွာ...ဘာလို့ငါ့ဘေးနားဘယ်သူမှမရှိရတာလဲ မင်းကလည်းကွမ်ဂျူးပြန်မယ်တဲ့ ဟိုတစ်ယောက်ကလည်းဒီနှစ်ရက်ခရီးသွားမလို့တဲ့"

"ဘယ်တစ်ယောက်လဲ"

"မပြောပြဘူး ပြီးရင်အောက်ထပ်ကိုဆင်းလာအုန်း"

အခန်းထဲကနေစိတ်ဆိုးတဲ့ပုံလုပ်ကာထွက်သွားတဲ့Taeyangကိုကြည့်ရင်း အမှတ်တမဲ့ပြောလိုက်မိတဲ့ 'ဟိုတစ်ယောက်' ဆိုတဲ့အသုံးနှုန်းကိုရင်ထိတ်နေမိသည်။

~Seungriမ်ားလား မဖြစ်နိုင်ပါဘူး Teayangရဲ့စိတ်နဲ့သာဆိုရင်Seungriကိုသူပြန်တွေ့ကတည်းက အပိုင်သိမ်းပြီးလောက်ပြီပဲလေ~

~    ~    ~    ~

Dec 12...

လေဆိပ်ရောက်တော့SeungriကJiyongနဲ့Daesungကိုမိတ်ဆက်ပေးတော့သည်။ Jiyongကဝမ်းပမ်းသတာမိတ်ဆက်ပေမယ့် Daesungကတော့စကားအမှားမပါအောင်ချင့်ချိန်ပြီးပြောနေရတော့သည်။

မနေ့ညကပစ္စည်းတွေထည့်နေချိန် Seungriပြောတဲ့စကားကိုပြန်ကြားယောင်လာတော့သည်။

"ငါကHoriဆိုတာသူ့ကိုမပြောပါနဲ့အုန်း Horiဆိုတာသူ့အတွက် သူငယ်ချင်းရဲ့ရည်းစားလေ ပြီးတော့Horiနဲ့ပက်သက်ပြီးသူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတာ
ငါ့ကိုSeungriအနေနဲ့ပဲသိထားတာ တစ်နေ့ကျမှငါအေးအေးဆေးဆေးပြောပြလိုက်မယ်Daesung"

ကွမ်ဂျူးကိုရောက်တော့Seungriအမေရှိတဲ့Heavenစင်တာကိုတစ်ဆက်တည်းသွားလိုက်ကြတော့သည်။
လမ်းကအဝတ်အစားဆိုင်မှာတစ်ခုခုဆင်းဝယ်နေတဲ့
Seungriကိုစောင့်နေရင်း

Unforgettable Where stories live. Discover now