Part 4(Z+U)

80 8 0
                                    

Unforgettable

Part 4 (Zawgyi)

တဖျက်ဖျက်လက်နေသောကင်မရာမီးရောင်တွေကြားမှာ
Taeyangပုံစံကအရာရာကိုအနိုင်ရရှိထားသလိုပင်
ပုံစံမျိုးစုံposeပေးကာcover photoရိုက်နေတဲ့
Taeyangကိုငေးရင်း လွန်ခဲ့သောနှစ်တွေဆီသို့......

Youngbae....ထိုကောင်လေးကိုအထက်တန်းတစ်ကျောင်းလုံးသာမက
ကွမ်ဂျူးတစ်မြို့လုံးကသိကြလေသည်။
စာတွင်အတော်ဆုံးလူ အားကစားတွင်အတော်ဆုံးလူ
စိတ်သဘောထားအကောင်းဆုံးလူကYoungbaeပင်

သို့သော်မည်သူနှင့်မှမပေါင်းဘဲကျောင်းလူမိုက်ဟုသတ်မှတ်ထားသော Jiyoungနှင့်သာတစ်တွဲတွဲမို့မနာလိုသည့်လူများပင်ရှိလေသည်။

ထိုမနာလိုသည့်လူများမသိတာက...Youngbaeကိုစာပြပေးကာ
စာမေးပွဲ၌အမြဲတမ်းအဖြေကိုလျှော့ဖြေသူမှာJiyoungဖြစ်သည်
နှင့် Jiyoungဖြစ်သမျှရန်ပွဲတိုင်းကYoungbaeအတွက်
ဆိုတာပင်..။

"Jiyoung ya ဘာတွေအာရုံလွတ်နေပြန်တာလဲ"

"ငယ်ငယ်ကအကြောင်းပြန်တွေးမိလို့ပါ ငါဒါရိုက်တာကြီးနဲ့
မင်းရဲ့mvအတွက်စကားသွားပြောကြည့်အုန်းမယ်
ဒီနေ့ကိုယ့်ဘာသာကိုယ်ပြန်လိုက်နော်"

"No မင်းနဲ့သွားစရာရှိတယ် ငါကားပေါ်မှာပဲစောင့်နေမယ်"

"သဘော သဘော"

ကားထဲမှာတော့Taeyangကသူ့ရဲ့Only look at me
သီချင်းကိုဖွင့်ကာပြန်နားထောင်နေရင်း
interviewတစ်ခုကိုသတိရလိုက်မိသည်။

Interviewer>>ဒီသီချင်းလေးကပရိတ်သတ်တွေရဲ့အာရုံကို
အတော်လေးဆွဲဆောင်နိုင်ခဲ့တာပဲနော်
ဒီသီချင်းရေးသူကTaeyangပဲလား

Taeyang>>မဟုတ်ပါဘူး ကျနော့်ဘဝအတွက်အရေးပါဆုံးလူ
ရေးပေးခဲ့တာပါ

interviewအပြီးအမှန်တိုင်းပြောလို့Jiyoungရဲ့ဒေါသထွက်ခြင်းခံရတဲ့အချိန်တွေကိုပါအမှတ်ရမိသွားတော့သည်။
သီချင်းကိုrepeat modeဖွင့်ကာနားထောင်နေချိန်
"Mine"(ငါပိုင်တဲ့အရာ)ဟုcontactတွင်မှတ်ထားသောဖုန်းကဝင်လာလေသည်။

"Hello Seungri"

"ကျနော်ဒီနေ့နည်းနည်း​နေမ​ကောင်းလို့Flower roadကိုမလာနိုင်တော့ဘူး sorryပါနော်Taeyang"

Unforgettable Where stories live. Discover now