Unforgettable
Part 9"Daesung ညကမင်းဘာတွေဖြစ်လာတာလဲ"
မိမိအားစူးစမ်းသလိုမေးလာတဲ့Seungriကို စိတ်မရှုပ်သွားစေဖို့ ခေါင်းသာခါလိုက်ပြီး
"ဒီနေ့မင်းအမေဆီဘယ်ချိန်သွားမှာလဲ"
"အခုပဲသွားတော့မှာလေ Daesungမင်းဘာတွေဖြစ်နေတာလဲ ညကလည်းအရမ်းကြောက်နေတဲ့ပုံပဲနော် တစ်ခုခုဆိုရင်မင်းတစ်ယောက်တည်းလှို့ဝှက်မထားပါနဲ့"
"ညကချော်လဲလို့ပါကွာ နည်းနည်းလန့်သွားတာ ငါဒီနေ့အသိတစ်ယောက်နဲ့အပြင်သွားမို့ အဲ့တာမင်းအမေဆီမလိုက်တော့ဘူးနော်"
စကားဆုံးတော့ Jiyongကလည်းအပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီမို့ နှစ်ယောက်သားထွက်သွားကြတော့သည်။
Jiyongကိုတော့ Seungriကိုပိုဂရုစိုက်ပေးဖို့ စာနဲ့ပဲလှမ်းမှာလိုက်တော့သည်။စုံထောက်Topနဲ့ချိန်းထားသည့်အတိုင်းCafeကိုရောက်တော့
Topနှင့်အတူ အခြားကောင်လေးတစ်ယောက်ကိုပါတွေ့ရလေသည်။
သူစိမ်းတစ်ယောက်မို့Daesungကသေချာအကဲခတ်နေတာကို
Topရိပ္မိသြားကာ"ဒါကကိုယ့်ရဲ့တပည့်လေ ဒီမြို့ကစခန်းမှူး နာမည်ကိုတော့Bobby လို့ပဲသိထားပါ"
"အော် မင်္ဂလာပါနော် စခန်းမှူးBobby shi"
စုံထောက်Bobbyတင်ပြတဲ့စာရွက်စာတန်းတွေကို Topကအာရုံစိုက်ပြီးကြည့်နေတာမို့ Daesungကငြိမ်ငြိမ်လေးနေနေလိုက်တော့သည်။
အတော်လေးကြာတော့မှ Topကသတိရသွားတဲ့ဟန်ဖြင့်"မနေ့ကပြောတဲ့Memory stickပေးပါအုန်းDaesung"
Daesungရဲ့Memorystick ကိုဖွင့်ကြည့်ပြီး Topကတော့
ထင်ပြီးသားဆိုတဲ့ပုံစံဖြင့် Bobbyကတော့အတော်လေးအာရုံစိုက်နေလေသည်။ကားblack boxထဲကvideoပြီးသွားတော့ Bobbyကပိတ်ဖို့လုပ်ချိန်မှာပဲ ဆက္ထြက္လာတဲ့
VideoကTopကိုပါမျက်လုံးပြူးသွားစေတော့သည်။ကားကင်မရာမှာပုံမမြင်ရပေမယ့်အတိုင်းသားကြားနေရတဲ့အသံတွေက Taeyangနဲ့အခြားလူတစ်ယောက်အသံပင်..။
"မင်းကိုငါဘယ်နှခါပြောရမလဲ ငါ့မှာညီလည်းမရှိဘူး မင်းကိုလည်းနောက်ထပ်မတွေ့ချင်ဘူး"
YOU ARE READING
Unforgettable
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ဆီမိန်းခလေးတစ်ယောက်ရောက်ရှိလာချိန်...... အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးကြားကောင်လေးတစ်ယောက်ရောက်ရှိလာချိန်.... မသိစိတ်ကအချစ်ကိုဖုံးကွယ်ထားတဲ့လူနှစ်ယောက်ကြားတတိယလူဝင်ရောက်လာချိန်.... သူငယ်ချင်းအချစ် မြတ်မြတ်နိုးနိုးချစ်ရ...