Part-24( Trust )

1K 115 39
                                    

Unicode

" ကိုကို! ကိုကိုက.. "

"ဟုတ်တယ် ကောက ပေါ်တိလေး အတွင်းရေးမှူး လုပ်မလို့..

အာ ဒါနဲ့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ၀င်လာတာနော်.. ပါး အကူအညီနဲ့ မဟုတ်ဘူး "

ခေါင်းလေး မော့ကာ မော့ကာ ပြောနေသည့် ကိုကိုက အတွင်းရေးမှူး ဖြစ်တာကို ဂုဏ်ယူ၀င့်ကြွားနေဟန်။

" မဟုတ်ဘူးလေ ကိုကိုရယ် ကိုကိုက ဘာလို့ အတွင်းရေးမှူး လုပ်မှာလဲ?
မလုပ်ရဘူး "

ကျောင်းပြီးပြီဆိုတော့ သူ့ကိုကိုကို ဘာအလုပ်မှ မခိုင်းဘဲ အိမ်မှာ ဥထားမည့် ရိပေါ်ရဲ့ အကြံဉာဏ်လေးက ရေဘောလုံးလေးလို ရေစုံမြောသွားလေပြီ။

" ဘာလို့လဲ ငါလုပ်ချင်တယ် "

" မဖြစ်ဘူး ကိုကိုရဲ့.. ကိုကို စာတွေ အများကြီး သင်ထားတာ သားအတွင်းရေးမှူး လုပ်ဖို့မှ မဟုတ်ဘဲ "

"ကျောင်းပြီးရင်လည်း အလုပ်လုပ်ရမှာပဲလေကွာ..
ဒါပေမဲ့ ငါမင်းနားနေပြီး အလုပ်လုပ်ချင်တယ်လေ "

" မဟုတ်.. မဟုတ်သေးဘူး ကိုကိုရယ်...
ကိုကိုလုပ်ချင်ရင် သားရဲ့ အထက်က ငွေသိမ်းတဲ့သူလုပ်.. မဟုတ်ရင်လည်း.. လာ.. သားနေရာမှာထိုင်.. CEO လုပ်.. အတွင်းရေးမှူးတော့ မလုပ်ရဘူး "

သူ့ပုခုံးကနေ ကိုင်လို့ အတင်းဆွဲခေါ်ရင်း သူ့ထိုင်ခုံမှာ ထိုင်ခိုင်းနေသည့် ရိပေါ်ကို နားမလည်တော့။
အတင်းရုန်းရင်း သူ့လက်မှ ရှောင်ထွက်လိုက်သည်။

" မင်း ဘာတွေပြောနေတာလဲ!...
ငါက မင်းနားနေချင်လို့ လာလုပ်တာလေကွာ.. မင်းရာထူးတွေ လိုချင်လို့ လာလုပ်တာမှ မဟုတ်တာ "

" သားအဲ့လိုပြောတာ မဟုတ်ပါဘူး ကိုကိုရာ..

သားပြောချင်တာ .. ကျစ်! ကိုကို ရာ..
ကိုကိုလုပ်ချင်ရင်တောင် သားရဲ့ အိမ်တွင်းရေးမှူးပဲလုပ်.. ဒါတော့မလုပ်ရဘူး! "

" ဘာလဲ မင်းက မင်းအတွင်းရေးမှူးနေရာမှာ ကောင်မလေး ချောချောလေးတွေပဲ ထားချင်တာလား!..
ငါကစိတ်ရှုပ်စရာကောင်းတယ်ပေါ့ အင့်!..

ငါက မင်းနား တခြားသူလာမှာ စိုးလို့ကို "

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ပြောလာသူကို ရိပေါ် ဘယ်လို ရှင်းပြရမယ်မှန်းမသိ။သူ့ကို ဒီလိုပင်ပန်း‌တာတွေ မလုပ်စေချင်လို့တောင် ကိုယ်က အလုပ်တွေ ကြိုးစားနေတာလေ.. ဒါကိုသူက ကိုယ့်အတွင်းရေးမှူးလုပ်မယ်ဆိုတော့ ရိပေါ် စိတ်ရှုပ်သွားတာအမှန်။ကိုကို့ကို စိတ်ရှုပ်တာတော့ မဟုတ်.. ပါးပါးကို!

💞Forever is You 💞Where stories live. Discover now