#Romance #Supernatural
OTP- KyungMyun #DoKyungSoo #KimJoonMyun
မနက်ခင်း နေရောင်တွေ မှန်ပြူတင်းပေါက်ကိုဖြတ်ပြီး သူ့မျက်နှာပေါ်ကျလာတယ်.. မျက်ခွံပါးပါးလေးကို လာထိုးတဲ့အလင်းရောင်တွေကို.. လက်ဖ၀ါးသေးသေးလေးနဲ့ကာပြီး သူမျက်လုံးဖွင့်ကြည့်လိုက်တယ်..
''အော်.. ၇နာရီတောင်ထိုးတော့မှာကိုး...'' အိပ်ရာဘေးနားက စားပွဲတင်နာရီကိုကြည့်ပြီး KyungSooတယောက် တိုးတိုးလေးရေရွတ်လိုက်တယ်....
ပြီးတော့ ခြေလှမ်းတွေကေ၇ချိုးခန်းဆီကို ဦးတည်လိုက်တယ်...
သူ့အတွက်တော့ နေ့စဉ်နေ့တိုင်း ဒီလိုပဲစနေကျ..အိပ်ခန်းက၂ယောက်အိပ်ခုတင်မှာ ၁ယောက်တည်းအိပ်ရတာ..၆လလောက်ရှိပြီဆိုတော့..အကျင့်ရလာပြီ..အထီးကျန်တယ်ဆိုတာသူ့အတွက်ကအဖေါ်လိုဖြစ်နေပြီ... သူအလုပ်သွားရမယ်..အလုပ်ရောက်လို့..လုပ်စရာတွေလုပ်နေတဲ့အခါ သူ့စိတ်တွေတခြားကိုမေ၇ာက်ဘဲ..အလုပ်ထဲမှာ စိတ်ရောက်သွားတဲ့အခါ..သူ့နှလုံးသားက နာကျင်တာတွေလည်း ခဏမေ့နိုင်တာပေါ့...
ကမ်းခြေဘေးနားက ၁ထပ် တိုက်လေးက ဘာကြောင့်မှန်းမသိတိတ်ဆိတ်ပြီး အထီးကျန်နေတဲ့ပုံနဲ့... တိုက်ရှေ့မြက်ခင်းပြင်လေးမှာတော့.. မသုံးတာကြာတဲ့ပုံပေါ်နေတဲ့ ၂ယောက်စီးဒန်းလေးတခု..
သူအိမ်ထဲကထွက်လာတော့..ဖုန်တပ်နေတဲ့ဒန်းလေးကို ငေးကြည့်မိတယ်.. ပြီးတော့ အတွေးတွေက အတိတ်ကိုဦးတည်သွားတယ်....
သူကငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းဘူး..တခြားကလေးတွေ ပြေးလွှားဘောလုံးကန်နေတဲ့အချိန်မှာ..သူ့အတွက်အဖော်တွေက တခန်းလုံးအပြည့်နီးပါး..စက်ရုပ်တွေ ၀က်ဝံရုပ်တွေနဲ့..တခြားကစားစရာတွေ.. သူလုပ်နိုင်တာဆိုလို့..အခန်းရဲ့ပြူတင်းပေါက်ကနေ..သဲသောင်ပြင်မှာဆော့နေတဲ့ကလေးတွေကိုငေးကြည့်ရုံပဲ.. သူအပြင်ထွက်ပြီးဆော့ဖို့ သူတခါမှ ခွင့်မတောင်းဖူးဘူး..
သူကိုယ်တိုင် သူ့ရောဂါအခြေအနေကို နားလည်နေလို့လေ... သူကျောင်းမတက်ဖူးဘူး.. သူ့ကျန်းမာရေးက အိမ်ထဲမှာတောင် ၀ှီးချဲနဲ့သွားနေရတဲ့အခြေအနေ.... သူ့မှာသူငယ်ချင်းလည်းမရှိဘူး..သူသိသင့်သိထိုက်တာတွေအကုန်လုံးကို အမေကသင်ပေးတယ်.. ကျောင်းကိုလည်း အင်တာနက်စာမေးပွဲတွေဖြေပြီးအောင်ခဲ့တယ်.. သူမွေးကတည်းက ဒီကမ်းခြေဘေးကအိမ်လေးမှာ တယောက်တည်းကြီးပြင်းခဲ့တယ်.. သူ့ဘ၀ထဲကို အကို မရောက်လာတဲ့အချိန်အထိပေါ့.....
YOU ARE READING
Rain Drop On Earth
FanfictionIf you have a chance to Come back to your love but only 14days to prove how much you love that person.. A story between Junmyeon and Kyungsoo.. The one who sacrified for love.. The one who wanna sacrify for love.. # Love won't die even when the p...