ခနကပြတ်သွားလို့ပြန်တင်ပေးတာ😁
Uni
အခုဆို meanလည်း planဆီလိုက်လာပြီးအက်မှာနေတာ2ပတ်လောက်ရှိပြီ planလည်းရတယ်နော်ဆိုက်ထဲသွားရင်သူကအခန်းထဲမှာနေပြီးရုံးကသယ်လာတဲ့အလုပ်တေနဲ့အတွင်းရေးမှူး e-mailကပို့ပေးတဲ့အလုပ်တွေကိုကွန်ပျူတာတစ်လုံးနဲ့လုပ်ရတယ်အခုဆိုသူတို့တာဝန်ယူထားတဲ့အဆောက်အဦးကလည်းပြီးသလောက်ဖြစ်နေပြီအတွင်းပိုင်းဆေးသုတ်ပြီးလက်စသတ်ရုံလောက်ပဲကျန်တော့တယ်မောက်ထပ်ျ4ရက်5ရက်နေရင်အိမ်ရှင်ဆီအဆောက်အဦးအပ်ပြီးဘန်ကောက်ကိုပြန်ရုံပဲ
ဒီကြားထဲမှာတော့ meanနဲ့ pollenကတစ်ဂျက်ဂျက်ပဲpollenကကလေးဆန်သလိုmeanကလည်းအလျော့မပေး ဖြစ်လိုက်သမျှပြသနာတိုင်းလည်း planနဲ့ပတ်သတ်ပြီးတော့ဖြစ်တာတွေကြည့်ပဲ meanကလည်းသဝန်တအားတို pollenကလည်းmeanသဝန်တိုမှန်းသိတော့စိတ်မတိုတိုအောင်စတာပဲ
planကတော့တစ်ခါတစ်လေဆိုနားညီးလို့ဆိုပြီး2ယောက်လုံးကိုဝေးဝေးကိုမောင်းထုတ်တယ်အက်လိုမောင်းထုတ်ခံရလို့ငြိမ်သွားမယ်ထင်လား နိုးပါနင့်ကြောင့်ငါ့ကြောင့်ဆိုပြီးနောက်တစ်ပွဲထပ်သတ်ကြပြန်ရော
ပြီးပြီဆိုတာနဲ့ခနကရန်ဖြစ်တာသူတို့2ယောက်မဟုတ်သလိုမျိုး planကသူတို့ကိုမောင်းထုတ်တယ်ဆိုပြီးစိတ်တူကိုယ်တူကောက်တော်မူကြပြန်ရောတစ်ကယ်ကိုမလွယ်တဲ့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်မရှိကြတာလဲမဟုတ်ဘူး သက်သက်ကိုအပျော်တမ်းရန်ဖြစ်နေကြတာတစ်ယောက်န်ဲတစ်ယောက်ရန်လေးမှမဖြစ်ရရင်စားမဝင်အိပ်မပျော်တဲ့ကြွက်နဲ့ကြောင်ဆိုတာသူတို့မှအစစ်
ဟော အခုလည်းသတ်နေကြပြန်ပြီဘာဖြစ်တယ်မသိဘူး ကော်ဖီသော်ချင်လို့မီးဖိုချောင်ဘက်ကိုရေးနွေးလေးခနသွားယူတာအခုအခန်းပြန်လာတော့သတ်ကြပြန်ပြီ
"စီနီယာကိုရှာတာ p'ကိုရှာတာမှမဟုတ်တာ လာမပြောနဲ့ဟွန့် "
Mean"အောင်မာ နင့်စီနီယာဆိုတာအချိန်တန်ရင်ငါ့လင်ဖြစ်မှာနော် သိဖို့🙂"
"အခုလောလောဆယ်တော့မဟုတ်ဘူးလေ"
Mean" ဒါမယ့်အခုသူကငါ့ချစ်သူ "
YOU ARE READING
Love And Tests(Complete)
Romanceဘယ်လိုပြသာနတွေပဲကြုံရပါစေအချစ်စစ်ရင်အရာရာကိုအနိုင်ယူနိုင်ပါတယ်