~intro~

1K 81 0
                                    

Unicode

1990 February.

အဲ့ဒီရက်ပိုင်းတွေတုန်းက ကျွန်တော်အရမ်းကိုအားနည်းနေခဲ့တယ်

အရာရာကိုရင်ဆိုင်နိုင်ဖို့ရော ကိုယ့်ကိုကိုယ် ရင်ဆိုင်နိုင်ဖို့ပါ ကြောက်ရွံ့နေခဲ့မိတယ်

ပျောက်ဆုံးနေတဲ့အရာတွေအများကြီးထဲမှာ
ကိုယ့်ကိုကိုယ်ရှာတွေ့ဖို့အရမ်းကိုခက်ခဲခဲ့တယ်

အဲ့ဒီအရာတွေထဲကနေ ရုန်းထွက်နိုင်ဖို့ ရူးရူးမိုက်မိုက်ဆုံးဖြတ်ချက်တွေချခဲ့ဖူးတယ်

ကျွန်တော့်အခန်းထဲမှာရှိတဲ့ကျွန်းခုတင်ကြီးနဲ့တစ်ခြားသော ပရိဘောဂတစ်ချို့ကိုပါအရောင်းဆိုင်ပို့ပစ်လိုက်တယ်
နောက်ဆိုလိုတော့မှာမှမဟုတ်ဘဲ

ကြမ်းခင်းမှာပဲခေါင်းအုံးတစ်လုံးနဲ့ညပေါင်းများစွာအိပ်ဖြစ်ခဲ့တယ်

ပိုနာကျင်ရပေမယ့်လည်းနာကျင်မှုတွေကိုမျက်ကွယ်ပြုပစ်ခဲ့တယ်

တစ်ချို့သောအိပ်မရတဲ့ညတွေမှာချောကလက်ပူပူလေးတစ်ခွက်ကိုမှုတ်သောက်ရင်း ကြယ်တွေကိုရေတွက်ရင်းမိုးလင်းတဲ့အထိနေပစ်ခဲ့တယ်
အချိုအစိမ့်တွေသိပ်ကြိုက်တတ်တဲ့ကျွန်တော့်အတွက်ချောကလက်လိုခါးသက်သက်နဲ့စိမ့်တဲ့အရသာကတစ်ကယ်ကောင်းတဲ့အဖော်ပဲ
တစ်ခါတစ်လေနေ့ပိုင်းတွေမှာတော့သူကြိုက်တဲ့လီမွန်အအေးကိုသောက်ဖြစ်ခဲ့တယ် နှုမ်းခမ်းနုအိအိလေးကိုမခံစားမိပေမယ့်လည်းပေါ့

သောက်ရတဲ့ဆေးတွေကိုဖြတ်တောက်ခဲ့တယ်
အပြင်လောကကြီးနဲ့ရော ။

နောက်တော့ကျွန်တော့်အခန်းကိုပါစွန့်ပစ်လိုက်ရင်းထပ်ခိုးထပ်လေးမှာနေဖို့ဆုံးဖြတ်လိုက်တယ်

အမေတို့ကတော့ဘာမှမပြောဘဲခွင့်ပြုပေးခဲ့တယ်
ကျွန်တော့်ဆီကကတိတစ်ခုအပြင်ဘာမှပိုမတောင်းခဲ့
လွယ်လွယ်ပဲကတိပေးခဲ့ပေမယ့်ကျွန်တော်အဲ့ဒီကတိကိုတည်နိုင်ဖို့မသေချာတာကြိုသိနေခဲ့တယ်။

မမျှော်လင့်ထားခဲ့တဲ့အရာတွေကိုကျွန်တော်ခံနိုင်ရည်မရှိခဲ့ဘူး
သူမရှိတော့ဘူးဆိုတဲ့အသိစိတ်ရော သူ့ကိုချစ်ခွင့်မရှိတော့ဘူးဆိုတဲ့အသိစိတ်ကပါ
ကျွန်တော့်ကိုအခါခါသတ်နေခဲ့တယ်

𝚂𝙾 𝙵𝙰𝚁 𝙰𝚆𝙰𝚈(completed)Where stories live. Discover now