~5~

378 70 0
                                    

Unicode

ဖေဖေဒီတစ်ခါ​တာဝန်ကျတာမြို့သေးသေးလေးတစ်ခုတဲ့
ကျွန်တော်တို့မိသားစုကအမြဲဒီလိုပဲဟိုပြောင်းဒီပြောင်းလုပ်နေရတာပဲလေ ဖေဖေ့ရာထူးတွေကြောင့်

ပထမဆုံးကျောင်းစတက်တဲ့နေ့မှာဘာအခက်အခဲမှမရှိဘဲအရာအားလုံးအဆင်ပြေခဲ့ပါတယ်

ဒါပေမယ့်နောက်ရက်တွေမှာတော့မလုံမလဲခံစားချက်တွေခံစားလာရတယ်
နောက်ကနေတစ်ယောက်ယောက်စိုက်ကြည့်နေသလိုမျိုး

ကျွန်တော်သတိထားမိခဲ့တဲ့သူကနောက်ဆုံးတန်းထောင့်တစ်နေရာမှာအမြဲထိုင်လေ့ရှိတယ်

ရောက်လာတိုင်းလည်းဘာအကြောင်းကြောင့်မှန်းမသိကျွန်တော့်ကိုအမြဲကြည့်နေတတ်တယ်
ကျွန်တော်လည်းဘာကြောင့်မှန်းမသိသူ့ကိုကြည့်ချင်နေခဲ့မိတယ်

ကံကောင်းတယ်ပဲပြောရမလား ပြတင်းပေါက်မှန်တွေကနေတစ်ဆင့် သူ့ကိုမြင်လို့ရတယ်
အပြင်ကိုငေးနေတယ်လို့ထင်လို့ရပေမယ့်
ကျွန်တော်သူ့ကိုကြည့်လိုက်ချိန်တိုင်းမှာ သူကျွန်တော့်​နောက်ကိုကြည့်နေတတ်တယ်

တစ်နေ့တစ်ခြားထူးဆန်းတဲ့ခံစားချက်တွေကကျွန်တော့်ရင်ထဲမှာတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်
အရပ်ရှည်ရှည်နဲ့သူကအရမ်းကြည့်လို့ကောင်းလွန်းတယ်
အလယ်ခွဲထားတဲ့သူ့ရဲ့ဆံပင်အနက်ရောင်တွေကလည်းအရမ်းကြည့်လို့​ကောင်းတယ်
သူ့ရဲ့ခပ်မှေးမှေးမျက်လုံးတွေကလည်းပိုပြီးကြည့်လို့ကောင်းလာတယ်

ဘာကြောင့်မှန်းမသိတစ်ချိန်လုံးကြည့်နေတာကျွန်တော်သူ့အပေါ်ဘာများမကျေနပ်စရာလုပ်ထားမိလို့ပါလဲ
သူကတော့မသိ ကျွန်တော်ကတော့ ထူးဆန်းတဲ့ခံစားချက်တွေကိုအဖြေထုတ်လို့မရခဲ့ဘူး

ဖေဖေ့ရဲ့ဂုဏ်သိက္ခာတွေမကျဖို့အရေးနေ့တိုင်းစာထဲမှာပဲခေါင်းနှစ်ထားခဲ့ရတယ်
ငယ်ငယ်တည်းကဖေဖေ့ဆုံးမမှုတွေအောက်မှာအမြဲစကားနားထောင်ကာနေလာသူမို့လားမသိကျွန်တော်အရမ်းပင်ပန်းတယ်
သူ့ကိုကြည့်မိလိုက်ချိန်တိုင်းမှာတော့ကျွန်တော်ပျော်ရွှင်နေမိတယ်

𝚂𝙾 𝙵𝙰𝚁 𝙰𝚆𝙰𝚈(completed)Where stories live. Discover now