~4~

342 68 0
                                    

Unicode

1989 December.

ဒီဇင်ဘာလရဲ့မနက်ခင်းတွေကအချမ်းပိုလာခဲ့တယ်
မနက်စောစောကျောင်းသွားရတာမုန်းစရာအကောင်းဆုံးပါပဲ
ဆိုင်ကယ်မောင်းတဲ့အခါပိုအေးတာကြောင့်ဆိုင်ကယ်မယူဘဲအိမ်ကနေထွက်လာခဲ့လိုက်တယ်
လမ်းရောက်မှနာရီကြည့်မိတော့တော်တော်လေးစောနေသေးတယ်

ဒါပေမယ့်လုံးဝမထင်မှတ်ထားတဲ့မြင်ကွင်းလေးကြောင့်ကျွန်တော့်နှလုံးသားကြီးတစ်ခုလုံးကနွေးထွေးလာခဲ့တယ်
ကျွန်တော့်ရှေ့မလှမ်းမကမ်းမှာခုန်ဆွခုန်ဆွလုပ်နေတဲ့ Gun
အေးလို့ထင်တယ်လက်လေးပိုက်ပြီးလမ်းမလျှောက်ဘဲခုန်ဆွခုန်ဆွလုပ်နေတာ

ဆွယ်တာပန်းရောင်လေးဝတ်ပြီးအနက်ရောင်မာဖလာလေးဝတ်ထားတဲ့ကောင်လေးကမြူတွေကြားထဲမှာလှနေပြန်ပြီ

ကျွန်တော်ဘယ်လောက်တောင်ငေးနေမိလဲမသိ
ရုတ်တရက်သူလှည့်ကြည့်တဲ့အချိန်ကျွန်တော့်မှာကျောက်ရုတ်လိုအေးစက်သွားပြန်တယ်
Gunကတော့မကြည်သလိုအကြည့်လေးနဲ့ကြည့်နေတယ်
သိပ်မဝေးတာကြောင့်မြင်နေရတဲ့မျက်နှာနုနုလေးမှာ
ပါးလေးတွေကရဲနေတယ် အခုသူရှက်နေတာလား

သူကျွန်တော့်နားကိုလျှောက်လာတဲ့အချိန်ကျွန်တော့်ရင်ထဲမှာဗြောင်းဆန်နေပြီ

"Off မြင်သွားတာလား"

"အာ....ဘာ....ဘာကိုလဲ"

အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့စကားတို့ကိုထိန်းဖို့ကြိုးစားပေမယ့်လည်းအစီငေါ်မတည့်

"ငါခုဏခုန်နေတာကိုလေ"

"အင်း"

"ဟုတ်လား"

ကျွန်တော်တို့ဘာစကားမှဆက်မပြောဖြစ်ကြပေမယ့်
ဘေးချင်းယှဥ်ပြီးလမ်းဆက်လျှောက်ဖြစ်ကြတယ်
အတူလျှောက်မယ်လို့လည်းမပြောကြဘဲအတူလျှောက်လာမိကြတယ် သူ့ကိုတစ်ချက်တစ်ချက်ခိုးကြည့်တိုင်း သူ့မျက်နှာလေးကထင်တာထက်ဖြူပြီးနုနေတာ

ပါးဖောင်းဖောင်းလေးပေါ်မှာပေါ်နေတဲ့သွေးကြောနုနုလေးတွေ
ကျွန်တော့်ထက်အရပ်ပုတဲ့ကောင်လေးကိုဆွဲဖက်ထားချင်မိတဲ့စိတ်ကိုမနည်းထိန်းနေခဲ့ရတယ်
ကျွန်တော့်ကိုရွံသွားမလားဆိုတာတောင်မသိနိုင်ဘူးလေ
ပါးဖောင်းဖောင်းလေးကိုငုံ့နမ်းလိုက်ရင်နှာခေါင်းပါနစ်ဝင်သွားလောက်တဲ့အထိနူးညံ့လေးနေမှာအသေအချာပဲ
စိတ်ထဲမှာပဲထားပြီးထိန်းနေရတာကကျွန်တော့်ကိုအရူးတစ်ပိုင်းဖြစ်စေပါတယ်

𝚂𝙾 𝙵𝙰𝚁 𝙰𝚆𝙰𝚈(completed)Where stories live. Discover now