Unicode
1989 October.
အဲ့ဒီနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တာကြောင့်အတန်းထဲကကျောင်းသားတွေအကုန်လုံးညရောက်ရင်သူ့အိမ်ကိုလာခဲ့ဖို့ပြောခဲ့တယ်
ရဲအရာရှိဖြစ်တဲ့သူ့အဖေကတော့ဒီမြို့သေးသေးလေးမှာတာဝန်စကျတည်းကမသိတဲ့သူမရှိဘဲအရမ်းကိုဂုဏ်ရှိတဲ့သူပေါ့
အပ်ကျတာကအစသိရတဲ့ဒီလိုမြို့သေးသေးလေးမှာ
Gun ဆိုတဲ့ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ကောင်လေးက အချိန်ခဏလေးအတွင်းမှာပဲအတန်းထဲသူငယ်ချင်းတွေအကုန်လုံးရော ဆရာဆရာမတွေလူကြီတွေရဲ့ချစ်ခင်ခြင်းကိုအရယူနိုင်ခဲ့တယ်ကျွန်တော့်ရင်ထဲကနှလုံးသားအပါအဝင်ပေါ့။
စာတော်တဲ့ကောင်လေးကစာအုပ်လေးတစ်အုပ်မဟုတ်တစ်အုပ်အမြဲကိုင်ပြီးဖတ်နေလေ့ရှိသေးတယ်
နေသာတဲ့နေ့တွေဆိုသူထိုင်တဲ့နေရာလေးမှာပြတင်းပေါက်မှန်တွေကိုဖောက်ပြီးနေရောင်လေးတွေထိုးနေတတ်တယ်
အဲ့ဒါကိုသူကတော့ပူတယ်လို့မခံစားရဘူးထင်ပါရဲ့
ပြတင်းပေါက်ဘက်ကိုမျက်နှာလှည့်ပြီးငေးနေတတ်တယ်မိုးရွာတဲ့နေ့တွေမှာဆိုရင်လည်း
ပြတင်းပေါက်ဘက်ကိုလှည့်ပြီးမိုးရေစက်တွေကိုငေးနေတတ်တယ်ဆောင်းတွင်းလိုအေးတဲ့ရာသီမျိုးမှာဆိုရင်
သိုးမွှေးဆွယ်တာရောင်စုံလေးတွေအပြင်သူ့လည်ပင်းမှာ
သိုးမွှေးမာဖလာလေးတွေကိုပါအလှည့်ကျတွေ့ရတတ်တယ်ဒါလည်းကံကောင်းမှုတစ်ခုလို့ပဲပြောရမလား
ကျွန်တော့်မိဘတွေကအထည်ဆိုင်ဖွင့်ထားတာကြောင့်
ဆောင်းတွင်းရောက်ခါနီးဆိုသူဝတ်ဖို့အနွေးထည်လေးတွေကိုကျွန်တော်တို့ဆိုင်ကနေမှာလေ့ရှိတယ်။
သူနဲ့သူ့အမေဆိုင်ကိုလာတဲ့နေ့ဟာကျွန်တော်အပျော်ဆုံးနေ့တွေထဲမှာပါတယ်။သူကဘယ်နေရာကိုပဲငေးနေပါစေ
နွေရောမိုးရောဆောင်းရောမှာကျွန်တော်ငေးတတ်တဲ့တစ်ခုတည်းသောနေရာကတော့သူ့ရဲ့ကျောပြင်လေးပါပဲ
တစ်ခါလောက်များပွေ့ဖက်ခွင့်ရရင်ဆိုတဲ့အတွေးလေးကတောင်ကျွန်တော့်ရင်ကိုလှုပ်ခပ်စေပြန်တယ်
YOU ARE READING
𝚂𝙾 𝙵𝙰𝚁 𝙰𝚆𝙰𝚈(completed)
Fiksi Penggemar(Unicode+Zawgyi) တစ်ခြားသူတွေရဲ့အဝေးတစ်နေရာ တစ်ခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေရဲ့အဝေးတစ်နေရာ ငါတို့အချစ်ကိုအဆိပ်အတောက်လို့ထင်နေတဲ့သူတွေနဲ့ဝေးတဲ့တစ်နေရာ သတ်မှတ်ချက်တွေစည်းမျဥ်းတွေရဲ့အဝေးတစ်နေရာ အဲ့လိုနေရာမျိုးကိုသွားဖို့မင်းငါ့ရဲ့လက်ကိုခိုင်ခိုင်မာမာဆွ...