23.uni

2.8K 229 7
                                    

To the future

အပိုင်း(23) ကြာပန်းဖြူလေးကိုသူရဲ‌ကောင်းလေးကကယ်တင်လိုက်သတဲ့

လုရှင်းယောင် သူမရဲ့ အထပ်ထပ်ဖြစ်နေတဲ့ဂါဝန်ကိုအသာမပြီး ပွစ်ပွစိနဲ့အတင်းတုတ်နေကြတဲ့အမှိုက်မတသိုက်နားကိုရောက်သွားခဲ့တယ်

ပုလ္လင်ပေါ်ကိုကြည့်လိုက်တော့ ရှင်ဘုရင်မင်းကြီးက သူ့ဘေးကမိဘုရားလေးနဲ့စကားပြောနေတယ်

မိဘုရားရဲ့ခေါင်းပေါ်မှာ ရောင်ဝါ အဝါထွန်းတောက်နေတယ်

"ဟွန်းဇတ်လိုက်မပေါ့ ဒါကြောင့် မူလကိုယ် သူမလက်ထဲမှာ အရှုံးပေးလိုက်ရတာမဆန်းပါဘူး"

ဒါပေမဲ့ တခုခုကမသင်္ကာစရာကောင်းတယ်လို့ခံစားနေရတယ်

သူမမျက်နှာနဲ့တစ်ယောက်ယောက်နဲ့ဆင်နေပေမဲ့ ဘယ်သူမှန်းစဉ်းစားလို့

"ရို့ ဒါက အပယ်ခံကျဲကျဲမဟုတ်လား အခုရော ဒီကိုဘာလာလုပ်တာလဲ တခါမှမစားဖူးတာတွေကိုလာစားတာမဟုတ်လား တောသမရဲ့"

လုရှင်းယောင် ငေးနေတုန်း သူမရှေ့မှာပိတ်ရပ်ကာ ခနဲလာတဲ့တစ်ယောက်သောသူကြောင့် စိတ်ကထောင်းခနဲတိုသွားရတယ်

ဒီမလောက်လေးမလောက်စားဟာကတော့

သူမလိုမင်းသမီးတပါးကို တောသမလို့ပြောတာ ဒါစော်ကားတာပဲ

ဟွန်း ဘယ်သူကတောသမလဲဆိုတာကိုတော့ သက်‌ေသတောင်ပြလိုက်ချင်သေးရဲ့

နေနှင့်ဦးပေါ့ ဘယ်သူမှမရှိနဲ့ငါနဲ့နှစ်ယောက်ထဲဆုံတဲ့အခါ ဘုရားတသွားရအောင်ကိုလုပ်ပစ်လိုက်ဦးမယ်

သူမရှေ့က အပန်းရောင်ဝတ်ရုံကို မထော်မနန်းဝတ်ဆင်ထားတဲ့ မိန်းမလှလေးကိုကြည့်လိုက်တယ်

လှတော့လှပါပေရဲ့ အတွင်းစိတ်ကပုတ်နေတော့ဘယ်လိုလုပ်မလဲ

ဘာတန်ဖိုးမှရှိမှာမဟုတ်သလို ဘယ်သူကမှလဲ စိတ်ရင်းနဲ့ချစ်မှာမဟုတ်ဘူး

လုရှင်းယောင် သူမကိုမသိယောင်ဆောင်ကာကျော်ခွသွားခဲ့ပြီး သူမအတွင်ပြင်ဆင်ထားတဲ့ ချောင်တချောင်ကနေရာလေးမှာသွားထိုင်လိုက်တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now