30.uni

2.8K 271 16
                                    

To the future

အပိုင်း(30) သူမပြောင်းလဲလာတယ်

အမှန်တော့ ရှန်းဇီပြောတာရိုးရိုးလေးရယ်

"အခန်းထဲမှာသူစိမ်းရှိနေတာကိုယ်သိတယ် ကိုယ်နဲ့အတူသရုပ်ဆောင်ပေး သူ့ကိုဖမ်းရအောင် ပြီးတော့ သူဘယ်မှာလဲပြောပြ ကိုယ်တည်နေရာတွေပြေမယ် မှန်ပြီဆိုရင် ကျောကုန်းကိုထုလိုက်"

လုရှင်းယောင် ငိုနေရင်းတန်းလန်းရပ်သွားခဲ့တယ်

လခွမ်း လျို့ဝှက်သဲဖိုလိုက်ပုံများတော့ ငါကြည့်ဖူးတဲ့စပိုင်ဇတ်ကားကိုတောင်သွားသတိရမိလိုက်သေး

အဲ့ထဲမှာမင်းသားကလဲဒီလိုပဲ မင်းသမီးကိုအတင်းနမ်းပြီးတော့အခန်းထဲကသူလျိုကို ဖမ်းလိုက်တာ မိုက်ချက်ပဲ

သူမရင်ထဲရုတ်တရက်ရဲသွေးကြွလာပြီး ကိုယ့်ဘာသာကိုယ် spy ဖြစ်သွားတယ်လို့ခံစားလိုက်ရလေတယ်

ဒါကြောင့်

သူမမျက်ရည်တွေကိုအတင်းညှစ်ထုတ်ပြီး ဆက်ငိုလိုက်တယ်

ပိုရုန်းကန်လိုက်တယ် ပိုငြင်းဆန်လိုက်တယ်

ဒါပေမဲ့ တကယ်လဲ ရှန်းဇီဒုံးပျံလေးကသူမ‌ဗိုက်ကိုလာထောက်လို့နေတယ်

ဖွတ် ငါ့ရဲ့သရုပ်ဆောင်စကေးတွေတော့ အဲ့ကောင်စုတ်လေးကြောင့်မပီမပြင်ဖြစ်တော့မယ်

"လိုက်ကာတွေနောက်မှာလား"

ရှန်းဇီက သူမနားကိုတိုးတိုးလေးနမ်းရှိုက်ရင်း ပြောလာခဲ့တယ်

သူမကမဟုတ်ကြောင်းအချက်ပြလိုက်တယ်

ရှန်းဇီက နေရာတေွတမျိုးပြီးတမျိုးမေးနေပြီး သူမကိုလဲ နမ်းသထက်ပိုနမ်းလာခဲ့တယ်

Fuck ဒိလိုအခြေအနေမှာတောင် ဒီငနဲက စိတ်ပါပြီးထောင်နိုင်သေးတယ်လား

တယ် ဖြတ်ပစ်လိုက်ရ

"ထုတ်တန်းပေါ်မှာလား"

သူမရင်ထဲထိတ်ခနဲဖြစ်သွားကာ ရှန်းဇီရဲ့ကျောကုန်းကိုအသာထုလိုက်တယ်

သူမငိုယိုနေဆဲပဲ ရုန်းကန်နေဆဲ ငြင်းဆန်နေဆဲ ကျောထုတာတခုပဲပိုလာတာ

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Wo Geschichten leben. Entdecke jetzt