34.uni

2.4K 210 6
                                    

To the future

အပိုင်း(34) စတင်လာပြီဖြစ်တဲ့အရာ

လုရှင်းယောင် ရှေ့ကလူကိုသေချာကြည့်လိုက်တယ်

ဒီလို space ထဲကိုဝင်လိုက်ထွက်လိုက်လုပ်လို့ရတဲ့သူက သူမကိုပဲလိုချင်တာရောသေချာရဲ့လား

ပြီးတော့ သူ့ရဲ့မျက်နှာပေါ်မှာ 'မရိုးမသား'လို့အသေအချာကြီးကိုရှင်းရှင်းလင်းလင်းရေးထားသလိုပေါ်နေတယ်

သူမအတွေးနက်သွားရပြီ အခုသူမဘယ်မှာနေတာက သူမတိုင်းပြည်အတွက်ပိုပြီးလုံခြုံစေနိုင်မလဲဆိုတာကိုပေါ့

သူမသာဒီနေရာကထွက်သွားခဲ့ပြီးမှ သူမကြောင့် တိုင်းပြည်ပြိုလဲခဲ့မယ်ဆိုရင် သူမနောင်တရလိမ့်မယ်

အခုဒီ‌မှာနေတာဟာ အမှန်ပြောရရင် သူတိုင်းပြည်လုံခြုံနေလောက်တယ် သူမမထွက်သွားမချင်း သူတို့ကာကွယ်ပေးထားမှာပဲလေ

သူမဆီကတခုခုလိုချင်လို့သာ သူတို့ဒိလိုစွန့်စားပြီး သူမကိုလာခေါ်တာနေမှာ

မဟုတ်မှလွဲရော သူမသိုင်းဝိဉာဉ်ကိုရခဲ့တဲ့နယ်နမိတ်နဲ့များဆိုင်နေမလား

ဒီလူကိုယုံလို့မရဘူး

အခြေအနေအရ သေချာစဉ်းစားပြီး တလှမ်းချင်းလှမ်းမှရမယ်

"အဲ့တော့ ရှင်က ကျွန်မကိုပြန်ခေါ်သွားမယ်ပေါ့ ဘာလို့လဲ"
"မင်းရဲ့စေ့စပ်ထားတဲ့သူ တရားဝင်ခင်ပွန်းလောင်းမလို့ "

သိပ်ပြီးမသင်္ကာစရာကောင်းနေတယ်

ဘယ်လိုပဲဖြစ်ဖြစ် လုရှင်းယောင်ရဲ့အသိစိတ်ကရော မသိစိတ်ကပါ ဒီလူကိုမယုံနဲ့လို့ ‌အသွေးအသားတွေကပါသတိပေးလို့နေတယ်

"နေဦး ကျွန်မစဉ်းစားဦးမယ် "
"ထင်တဲ့အတိုင်း မင်းသမီးက ကိုယ့်ကိုမယုံဘူးပဲ ကောင်းပြီ မင်းယုံအောင် ဘယ်လိုသက်သေပြရမလဲ"
"မလိုဘူး ကျွန်မအတွက်စဉ်းစားဖို့အချိန်ပေးပါ"
"ကောင်းပြီ"

ခါရာ့တာ့ရာ့မင်းသားလှည့်ထွက်သွားတော့မှ သူမမေးခွန်းတခုမေးစရာရှိနေတာကိုသတိရသွားခဲ့တယ်

"နေဦး"
"ဘာလဲ"
"ရှင် ဘာဖြစ်လို့အရှင့်ကိုလုပ်ကြံဖို့ကြိုးစားရတာလဲ"
"ဪ အဲ့ဒါလား အမြင်ကပ်လို့"
"..............."
"အဟားးဟားးး စတာပါ မင်းရဲ့သိုင်းဝိဉာဉ်ထွက်လာမလားလို့စစ်ဆေးတာပါ "
"ပြောချင်တာက ရှင်ကျွန်မဆိုတာသေချာအောင် စစ်ဆေးလိုက်တာလို့ပြောချင်တာလား "
"ဟုတ်တယ် "

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Onde histórias criam vida. Descubra agora