Unicode
========="ကလင် ကလင်"
လာပါပြီ ကျွန်တော်နေ့တိုင်းကြားနေကျ စက်ဘီးသံလေး
မမြင်နိုင်ပေမယ့် သိပ်ချစ်ဖို့ကောင်းမှန်း သိသာတဲ့ စက်ဘီးပိုင်ရှင်လေး
လေအဝှေ့မှာ ပျံ့လွင်လာတဲ့ သူ့ရဲ့ရယ်မောသံလေးတွေ
အထီးကျန်ပြီးလုပ်စရာသိပ်မရှိလှတဲ့ ကျွန်တော့်ရဲ့နေ့ရက်လေးတွေကို ပြည့်စုံစေတဲ့ အခိုက်အတန့်လေးတွေ
သူနဲ့ကျွန်တော် တွေ့ဆုံပုံက နည်းနည်းတော့ထူးဆန်းတယ်ဗျ အဲနေ့က လေလေးကခပ်အေးအေး မိုးလေးကခပ်အုံ့အုံ့ အိမ်ထဲ နေရတာမွန်းကြပ်နေတာနဲ့ ခြံထဲလမ်းဆင်းလျှောက်မိတယ်
ခြံက ကျဥ်းလှတယ်မဟုတ် ကျယ်လှတယ်မဟုတ် အိမ်နဲ့ခြံကြားထဲမှာ Tulip ပန်းခင်းကြီးက ခြားထားတယ် Tulip ပန်းရဲ့အနံ့ကိုကျွန်တော်ကြိုက်တယ် အီနေအောင်မွှေးနေတာလဲမဟုတ်ပဲနဲ့ သင်းသင်းလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ရနံ့မျိုးလေး ဒါကြောင့် တစ်ခြံလုံး Tulip ပန်းရောင်စုံကို အပြည့်စိုက်ထားတယ် နေ့တိုင်းဒီပန်းခင်းကပေးတဲ့ သဘာဝရနံ့လေးကို နှစ်သက်ခဲ့တာ အကောင်ပေါက်လေးနဲ့ မတွေ့ခင်အချိန်ထိပေါ့
ဟား သူ့အကြောင်းတွေးရင်း ကျွန်တော်တောင်မသိလိုက်ခင် ပြုံးမိပြန်ပြီ
အဲဒီနေ့က
"သခင်လေး ခြံထဲဆင်းမလို့လား"
Yoongi: ဟုတ်တယ် ကျွန်တော် လမ်းလျှောက်ချင်လို့
Arjima: ကျွန်မ လိုက်ပို့ပေးမယ်လေ သခင်လေး
Yoongi: ရတယ် Arjima ကျွန်တော့်ဘာသာသွားမယ် စိတ်ချပါ ကျွန်တော်သွားနေကြပဲဟာ
Arjima: nae သခင်လေး ကျွန်မ စားစရာအဆင်သင့်လုပ်ထားလိုက်မယ် သခင်လေး လမ်းလျှောက်ပြီးရင် စားလို့ရအောင်
Yoongi: ဟုတ်ကဲ့
Yoongi ခြံထဲတစ်ယောက်တည်း ဆင်းလာလိုက်တယ် သူ့ရဲ့အဖော်လေးကတော့ မပါမဖြစ်လက်မှာကိုင်လို့ပေါ့ လျှောက်နေကြလမ်းမို့ သိပ်တော့အခက်မခဲမရှိ ပန်းနံ့နဲ့မိုးနံ့သင်းသင်းလေး ပေါင်းတဲ့ လေညင်းကို ရှူရှိုက်ရင်း ခြံထဲ ဖြည်းဖြည်းချင်းပဲ လျှောက်နေမိတယ် တစ်နေရာအရောက်
YOU ARE READING
Yellow Love(One Shot Collection)
Fanfictionအဝါရောင်နယ်မြေထဲက အဝါရောင်ချစ်ခြင်းလေး🐱💛🐣✨✨