Part_1

186K 6.9K 593
                                    

[ ❀ 𝑼𝒏𝒊𝒄𝒐𝒅𝒆 ❀ ]

"ကွာရှင်းရအောင်"

တိတ်ဆိတ်သည့်မနက်စာဝိုင်းတွင်ပြန့်လွင့်သွားသည့်စကားတစ်ခွန်း။ စာအိတ်အဝါရောင်လေးဟာ စားပွဲပေါ်ရောက်လာခဲ့သည်။

ကော်ဖီခွက်ကို ကိုင်ကာအေးအေးဆေးဆေးသောက်နေသည့် လူတစ်ယောက်။

မျက်စိရှေ့မှောက်ရောက်လာသည့်စာအိတ်ကိုတစ်ချက်ကြည့်လိုက်သည်။

ထို့နောက်  ရှေ့တည့်တည့်တွင်ရောက်ရှိနေသော စာအိတ်ကို လက်လှမ်းလိုက်သည်။

အရမ်းဖြူဖွေး မနေသော်လည်းသွေးကြောများထင်းနေသည့်လက်ဟာ ထိုလူ၏ဆွဲဆောင်မှုတစ်ရပ်အလား။

"သေချာပြီလား"

တည်ကြည်ပြတ်သားစွာထွက်ပေါ်လာသည့် ဇိမ်းနက္ခတ်၏စကား။ရုတ်တရက်ကွာရှင်းစာချုပ်ရလိုက်တာကိုမအံ့ဩသလိုပင်။

"ငါလက်မှတ်ထိုးပြီးပြီ.. မင်းလက်မှတ်ပဲကျန်တော့တယ်"

တည်ငြိမ်စွာပြောလိုက်တဲ့ ကွာရှင်းခွင့်တောင်းသူချိန်းမိုရံ။ ကြည်လင်လှသော အသံဟာ ထမင်းစားခန်းထဲလွင့်ပြယ်သွား၏။

"ဆုံးဖြတ်ချက်ကသေချာပြီလားမိုရံ"

"သေချာတာမို့ စာချုပ်မှာသာလက်မှတ်ထိုးပေး"

ချိန်းမိုရံ၏စကားအဆုံး ဇိမ်းနက္ခတ်မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်သည်။ထို့နောက် စာအိတ်ထဲက စာချုပ်ကိုထုတ်ပြီး ဘောပင်ကိုပါထုတ်လိုက်သည်။

ကွက်လပ်ဖြစ်နေသည့်နောက်တစ်ကွက်တွင် လက်မှတ်ရေးထိုးနေသော ဇိမ်းနက္ခတ်။

ကွာရှင်းခြင်းဟာပြီးဆုံးသွားပြီဖြစ်သည်။ဘောပင်ကိုပြန်ချကာ စာချုပ်ကိုပြန်ပေးလိုက်၏။

"မင်းဆန္ဒအတိုင်းပဲ မိုရံ"

ပေးလာသည့် စာချုပ်ကိုလက်ကမ်းယူလိုက်ကာသူ့ရှေ့ကဇိမ်းနက္ခတ်ကိုပြုံးပြလိုက်သည်။

"ကျေးဇူးဇိမ်း"

ထို့နောက် ထမင်းစားပွဲမှ ထရပ်လိုက်သည့်ချိန်းမိုရံကို ဇိမ်းနက္ခတ်က ကြည့်လိုက်သည်။

Love Is Like Coffee ☕️Where stories live. Discover now