အခန်း ၄
( လှုပ်ခပ်သွားသော ခန်းစည်းလေး တစ္ခု..)
ဒီနေ့ နေသာတယ်....
တိမ်လည်း ကင်းစင်တယ်လေ....
ကျွန်တော် ပင်လယ်အရဲ့ ဟိုး....အဆုံး မိုးကုတ်စက်ဝိုင်းကြီးကို ငေး ကြည့်နေမိတယ်....ကောင်းကင်နဲ့ ရေပြင်က အဆုံးမရွိဘူးတဲ့...ဒါပေမယ့်မျက်စိနဲ့မြင်နိုင်စွမ်း ကုန်တဲ့တဲ့အခါ မိုးကုတ်စက်ဝိုင်းဆိုတာ ဖြစ်ပေါ်လာတယ်....သိူ့ပေမယ့် ထိစပ်နေတယ်လို့ထင်ခဲ့ရတာပါ တစ်ကယ်တန်းကျ ထိစပ်နေခဲ့တာမဟုတ်ပါဘူး...ဒီလိုပါပဲ...ကျွန်တော်နဲ့ စူးရွ ဆိုတာ...အဲ့ဒီမိုးကုတ်စက်ဝိုင်း ထိရောက်ခဲ့ကြပေမယ့်...ကောင်းကင်နဲ့ ရေပြင်မထိခဲ့ ကြသလို...ပေါင်းစပ်လို့မရခဲ့ဘူး...မကွယ်မဝှက်တန်းဝန်ခံရရင်...စူးရွကို ကျွန်တော် ချစ်ခဲ့ပါတယ်...အသဲ နင့်အောင်အထိပေါ့...သို့ပေမယ့် စိတ်သဘောထားခြင်း ဘာမှမတိုက်ဆိုင် မတူညီတဲ့ လူနှစ်ဦး ဟာ..ဘဝတစ်လျောက်လုံး ဆက်သွားဖို့ မဖြစ်နိုင်ခဲ့ဘူး...
သဝန်တိုတယ်...ပိုင်ဆိုင်လိုစိတ်ပြင်းတယ်...အမိန့်ပေးလိုတယ်..
ချုပ်ချယ်လိုတယ်..ဒီအချက်တွေက သူနဲ့ ကျွန်တော့ကို ဝေးစေခဲ့တဲ့ အချက်တွေပါပဲ...ကျွန်တော် ယုံကြည့်ထားတဲ့ အခ်စ္ဆိုတာ ရိုးရိုးလေး သူလည်း ချစ်တယ် ကိုလည်းချစ်တယ်...လူတစ်ယောက်က ချစ်သူဖြစ်ပြီဆိုတာနဲ့ သူဘဝရဲ့ အစိတ်အပိုင်း အားလုံးကို ပိုင်သွားတာမှမဟုတ်တာလေ....လူပဲ ပိုင်ခဲ့မယ်..ကိုယ်ပိုင် စိတ်နဲ့ လွတ်လပ်ခွင့်ရတော့ ပိုင်ဆိုင်မှု ဘယ်သူမှမရှိနိုင်ပါဘူးလေ...ကျွန်တော်နဲ့ စူးရှတို့ ချစ်သူဖြစ်လာတဲ့ သက်တမ်းတစ်လျောက် ကျွန်တော် ပျော်ခဲ့ရတယ်ဆိုတာ လက်ချိုးရေလို့ရပါတယ်...သူအချစ်တွေက ကျွန်တော့ အပေါ်ကြီးလာတဲ့ အခါ...ဘာတွေဖြစ်လာလဲ...ဆိုးတာတွေချည်းပဲ လို့ဆိုရမှာပေါ့...နည်းနည်းလေး ရယ်ရယ်မောမော စကားမပြောလိုက်နဲ့ သဝန်တိုတယ်...တစ်ခါတစ်လေ....photo modal မိန်းကလေး တွေနဲ့ စကားပြောမိရင် စိတ်ဆိုးစိတ်ကောက်တယ်...အဲ့ဒီလောက်ထိ ပြသနာမရှိပေမယ့်...တစ်ဖက်မိန်းကလေးကို တိုက်ခိုက်တတ်တဲ့ သူအကျင့်က အရမ်းဆိုးဝါး သွားတတ်တယ်...အဲ့ဒါတွေကြောင့်ပဲ ကျွန်တော့ရဲ့ အဓိက အပေါင်းအသင်းတွေနဲ့ ဝေးကွာစေခဲ့ရတယ်...
STAI LEGGENDO
Psycho Trap 🔞(unicode complete)
Horrorစိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁