Intro "ကျုပ်နှင်းကိုချစ်တယ် နှင်းရဲ့ရုပ်ရည် အသံ အကျင့်စရိုက်တွေကြောင့် တစ်ခုမှမဟုတ်ဘူး နှင်းဖြစ်နေလို့ ကျုပ် အမြဲချစ်ခဲ့တာ ဇနီးဆိုလို့ နှင်းတစ်ယောက်ထဲဘဲ ရှိတာ နှင်းမယုံသေးတာလား" ဒီမိုးရှိန်ဝါဆိုသည့် လူနဲ့လည်းခက်တော့တာဘဲ ယုံတာမယုံတာက ကိစ္စမဟုတ်ပါ ခုသူပြောနေသည့် နှင်းဆိုသူက ကျွန်မ မှမဟုတ်ဘဲ "ကျွန်မပြောပေါင်းလဲများနေပြီ မြို့အုပ်မင်းရယ် ကျွန်မကရှင်ပြောနေတဲ့ နှင်းမဟုတ်ဘူး ကျွန်မတို့က ရုပ်ချင်းတူရင်တူနေလိမ့်မယ် အမြွာလဲမဟုတ်ဘူး အို ပြောရင်းကိုရူပ်လာပြီ" နှင်းဆိုသည့် မိန်းမပျိုလေးကို အရူးအမူးစွဲလမ်းနေသည့်ထဲ မြို့အုပ်ကြီးအပြင် မြန်မာအင်္ဂလိပ်စပ် အင်္ဂလိပ်စစ်ဗိုလ်မှူးကြီး Kai (ခိုင်) အပါအဝင်ဖြစ်သည် "နှင်း မင်းကို အခုတစ်ခါတည်း အင်္ဂလန်ကိုခေါ်ပြန်သွားလို့ရတယ် ကျုပ်ဘာကောင်လဲဆိုတာ မင်းမေ့နေသလား ဟမ် "