အပိုင်း(၂)

4 2 0
                                    



"Sir ! We have arrived "
(ဗိုလ်ကြီး ကျွန်တော်တို့ရောက်ပြီ)

ခိုင် အိမ်က ဒီရန်ကုန်မှာ အကြီးဆုံးခြံမြေဖြစ်သည်
ခိုင် တို့ အိမ်တွင် အလုပ်သမားများများစားစားတော့မရှိလှပါ ဘာလို့ဆို ခိုင်က မိန်းကလေးတွေများလျှင် မကြိုက်တာကြောင့် ဗိုလ်မှူးကတော်ကြီးအနားတွင်သာ မိန်းကလေး အစေခံများ ထားလေ့ရှိသည်
ကျန်သော အိမ်စောင့်နှင့် ခိုင် ဝေယျာဝစ္စကို ယောကျာ်းသားများကိုသာ လုပ်ခိုင်းသည်

ခိုင် အတော်လေးအိပ်မောကျနေသည့် သူမကို ကြည့်ကာ ရယ်ချင်မိသည် တောထဲကထွက်လာပြီး စစ်ကားနှင့် ပြန်လာခဲ့တာမို့ ညနေလည်းအတော်စောင်းနေတာရယ် သူမလဲ အတော်ပင်ပန်းနေရှာမှာပင်

ခြံထဲ အဝင် တံခါးကြီးဖွင့်သွားကာ စစ်ကားကြီး အိမ်ရှေ့ထိုးရပ်သွားသည်နှင့် ပြေးထွက်လာသော အမျိုးသမီးတစ်ဦး

ထိုသူမှာ ခိုင်၏ အမေ မြန်မာအမျိုးသမီး ဒေါ်မြရီဝင်းဖြစ်သည် ကိုယ့်သားလေးချောင်းတိုက်ခံရပြီး တောနက်ကြီးထဲ ပျောက်ချင်းမလှပျောက်သွားတော့ သူမမှာ ညမအိပ်နေ့မအိပ် စားမဝင်နိုင်ဖြစ်နေရသည်

"သား "

"မေမေ"

"သားလေး ဘယ်နားထိခိုက်မိသေးလဲ ကြည့်ပါဦးသွေးတွေ မေမေ့သားလေး ဟင့် "

ခိုင်ကိုဖက်လိုက် မျက်နှာကို တစ်ချက်ကြည့်လိုက်နှင့် ဒေါ်မြ တစ်ယောက် စိတ်ပူလွန်းလို့ ငိုချင်လာပြန်ရသည် သူမမှာ သားသမီးရဖို့ခက်ခဲတာကြောင့် ဒီသားလေးတစ်ယောက်ကို အလွန်ပုံအောချစ်ရသည်

"မေမေ စိတ်မပူပါနဲ့ သားဘာမှဖြစ်တော့ဘူး "

"Sir , Should I wake her up ?"
(ဗိုလ်ကြီး ကျွန်တော် သူမကို နိုးလိုက်ရမလား)

ခိုင်ဘာမှပြန်မဖြေဘဲ ကားဘက်ပြန်လျှောက်သွားရင်း
အိပ်မောကျနေသည့်သူမကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ပွေ့ချီလာလိုက်သည် ထိုအချိန်ထိပင် သူမမနိုးသေးပါ ခိုင်နှင့်ယှဉ်လျှင် သူမဟာ ယုန်ပေါက်လေးလိုသာ တစ်ကယ့်အအိပ်မက်လိုက်တဲ့ကောင်မလေးလို့ ခိုင်မှတ်ယူလိုက်သည် ခိုင်ကို ကြောင်အံအံရပ်ကြည့်နေသည့် အမေဖြစ်သူကို ပြန်လှည့်ကြည့်ရင်း

မကြာခင်မှာကြင်နာမယ်Where stories live. Discover now