အပိုင်း(၁)
" အခုဟာ ဆိုရင်ဖြင့် မောင်သန့်ဇင် နှင့် မဝေဖြိုးတို့မှာ အကြင်လင်မယားဖြစ်သွားပါပြီဗျ"
"ဝေး ဝေး ယိုး ရေး ရေးးးးး"
မင်္ဂလာခန်းမထဲတွင် လာသူတွေအတော်များ၏ များမှာပင် မင်္ဂလာဇနီးမောင်နှံတွေဟာ ထက်ရဲ့ ဂျာကြီးတို့ဖြစ်သည် ဂျာကြီးနှင့် ဝန်ထမ်းအသစ် ကောင််မလေး ဘယ်ချိန်ကစ တွဲသွားကြမှန်းတောင် ထက်မသိလိုက် တစ်ကယ်ကိုလက်သွက်လွန်းသည့် ဂျာကြီးပါဘဲ
"congratulation နော် ဂျာကြီး "
"congratulation ပါ ဂျာကြီး "
တစ်ဝိုင်းထဲ စုထိုင်ကြသည့် ဝန်ထမ်းတွေအားလုံးက ထပြီး con con တော့ ဂျာကြီးက စပ်ဖြီးဖြီးဖြင့်
" ကျေးဇူးကွာ လိုတာရှိပြောကြနော် ဟဲဟဲ"
"ဂျာကြီးနော် မပြောချင်ဘူး ကလေးလေးကို မုန့်ပေးကြိုက်လိုက်တာလား ဝေလေးကို အနိုင်ကျင့်ကြည့် ညီမတို့နဲ့ တွေ့မယ်နော်"
" ဟားဟား ထက်ရေ ဝေလေးကို အနိုင်မကျင့်ရဲပါဘူးဗျာ အကုန်လုံးကိုကြောက်နေရပါတယ် ဟား"
ဂျာကြီးတို့နှစ်ယောက်ကို ဝန်ထမ်းများကစလိုက်နောက်လိုက်တော့ ဝေလေးမျက်နှာလေးရဲလာပြီးရှက်နေရှာသည် အခမ်းအနားအားလုံးပြီးစီးသိမ်းဆဲပြီးတော့ dinner party ရှိသေးပေမဲ့ ထက်အလွန်ပင်ပန်းနေတာကြောင့် မသွားနိုင်ကြောင်းငြင်းကာ ပြန်လာခဲ့လိုက်သည်
"ကျွီ" ဟူး ပြန်ရောက်ပါပြီ ထက်ရဲ့ အိမ်ကလေး
ခြံကဘယ်လောက်မှမကျယ်ပေမဲ့လဲ ဖွားဖွားချန်ပေးခဲ့သည့် တစ်ခုတည်းသောအဖိုးတန်အိမ်လေးသာ
အိမ်ထဲ ထက်တစ်ယောက်ထဲ ရှိတော့ တစ်ခါတစ်လေ အလွန်အေးဆေးပါသည် အလုပ်သွားအလုပ်ပြန် နောက်ဆံတင်းစရာမရှိ သို့ပေမဲ့လဲ တစ်ခါတစ်ရံတော့ တစ်ခြားအိမ်နီးနားမိသားစုတွေကြည့်ရင်း ထက်အားကျခဲ့ရချိန်တွေရှိကာ ဖွားဖွားကိုလွမ်းမိသည်
မိဘတွေက ထက် ငယ်ငယ်တည်း အက်စီးဒန့်ကြောင့်ဆုံးပါးသွားရတာလို့ ထက်သိခဲ့ရတယ် ဘွားဘွားမရှိတော့ရင် ဘယ်လိုနေရမလဲတွေးပူနေခဲ့တာ ခုထက်အဆင်ပြေပါတယ် ဘွားဘွားရေ
YOU ARE READING
မကြာခင်မှာကြင်နာမယ်
Lãng mạnIntro "ကျုပ်နှင်းကိုချစ်တယ် နှင်းရဲ့ရုပ်ရည် အသံ အကျင့်စရိုက်တွေကြောင့် တစ်ခုမှမဟုတ်ဘူး နှင်းဖြစ်နေလို့ ကျုပ် အမြဲချစ်ခဲ့တာ ဇနီးဆိုလို့ နှင်းတစ်ယောက်ထဲဘဲ ရှိတာ နှင်းမယုံသေးတာလား" ဒီမိုးရှိန်ဝါဆိုသည့် လူနဲ့လည်းခက်တော့တာဘဲ ယုံတာမယုံတာက ကိစ္စမဟုတ်ပါ ခ...