ကိစ္စကတော့ အရမ်းကြီးမဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်မယ်ထင်လို့ပါ။
ကိုယ်က အရမ်းကိုတော်တတ်နေတဲ့စာရေးသူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရေးထားတဲ့ ဇာတ်လမ်းလေးတွေကို အသံဇာတ်လမ်းအဖြစ် အသက်သွင်းချင်တယ်ဆိုရင် ဦးဆုံး ကိုယ့်ဆီမှာ ခွင့်ပြုချက်လာတောင်းပေးပါ။
ဒါကတော့ ကိုယ်မပြောရင်တောင် လုပ်သင့်မှန်းသိကြလောက်မှာပါ။
ကိုယ့်ဇာတ်လမ်းလေးတွေကို အသံမသွင်းနဲ့လို့မပြောပါဘူး။ သွင်းလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ဆီကနေတော့ ဦးဆုံးခွင့်ပြုချက်တောင်းစေလိုပါတယ်။ Tg , Fb, Wp ,Ig, Tt စတာတွေကနေ ကိုယ့်ကို ဆက်သွယ်ပြောဆိုနိုင်နေတာပဲမဟုတ်လား?။ ဒါကြောင့် အသံသွင်းချင်တယ်၊ ဘာလုပ်ချင်တယ်၊ ညာလုပ်ချင်တယ် ဆိုရင် ဦးဆုံး ကိုယ့်ဆီမှာခွင့်ပြုချက်လာတောင်းပေးပါ။ ကိုယ်က ခွင့်ပြုပေးမှာပါ။
လွန်ခဲ့တဲ့တစ်ပတ်လောက်ကလည်း အစ်ကိုတစ်ယောက်က " သူကြီးက ကျုပ်အပိုင် " ဆိုတာလေးကို အသံသွင်းချင်လို့ လာခွင့်တောင်းပါတယ်။ ကိုယ်ခွင့်ပြုပေးလိုက်ပါတယ်။ အဲ့အကြောင်း Tg Ch မှာတောင် ကိုယ်ပြောဖြစ်ပါတယ်။
ဒီနေ့ ကိုယ် YT ကို ခဏဝင်ပြီး ရှာကြည့်မိပါတယ်။ ဇာတ်လမ်းလေးကိုတင်ထားပြီလားဆိုပြီးပေါ့။ အဲ့မှာဗျာ ကိုယ်တွေ့ပါတယ်။ ဒါပေမယ့် အဲ့တာက တင်ထားတာ တစ်လတောင်ရှိနေပါပြီ။ ကိုယ့်ဆီက ခွင့်မတောင်းထားတော့ ကိုယ်မသိပါဘူး။ အစကတော့ ဇာတ်လမ်းနာမ်မည်များတူနေသလားလို့ တွေးမိနေတာ သေချာနားထောင်ပြီး နာမ်မည်တွေကို ကြားမှ ကိုယ်ရေးထားတဲ့ဟာမှန်းသိလိုက်ရတယ်ပေါ့နော်။
ဒါကြောင့် အကယ်၍ အသံဇာတ်လမ်းအဖြစ် အသက်သွင်းချင်တယ်၊ လုပ်ချင်တယ် ဆိုရင် ဦးဆုံး ကိုယ့်ဆီမှ ခွင့်ပြုချက်လာတောင်းပေးပါ။ ခွင့်ပြုချက်မတောင်းပဲလုပ်တော့ စာရေးသူဖြစ်တဲ့ ကိုယ့်ကို အလေးမထားသလိုခံစားရစေလို့ပါ။
ခွင့်တောင်းရင် ဘာပဲဖြစ်ဖြစ် ခွင့်ပြုပေးနိုင်ပါတယ်။ စာရေးသူမူပိုင်ခွင့်တောင် မထည့်သွင်းထားပဲ တင်ဆက်သူ ကိုပဲထည့်သွင်းထားတာက တကယ်ကို ဘာပြောရမှန်းမသိတော့ပါဘူးဗျာ။
ဒါကြောင့် နောက်များဆိုရင် ခွင့်ပြုချက်အရင်လာတောင်းပေးပါဗျ…။ ကိုယ်ကခွင့်ပြုပေးမှာဆိုပေမယ့်လည်း အဲ့လို ခွင့်ပြုချက်လေးတော့ လာတောင်းစေချင်ပါတယ်ဗျ…။
အားလုံးနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်…။
#ရှင်း