HuangnamiKim

သီတင်းကျွတ်လပြည့်ည။ 
          	
          	ကိုယ်ကတော့ မွေးလရာသီမို့လားမသိ၊ သီတင်းကျွတ် ချိန်ခါကို သဘောကျတယ်။ သီတင်းကျွတ်မှာ ပျော်လေ့ရှိတယ်။ ငယ်ငယ်က ဆို စမ်းချောင်းတခွင်ကို မီးပုံးလေးတွေ တွန်းလေ့ရှိတယ်။ ယုန်ရုပ်လေးတွေ၊ ကြက်ဖရုပ်လေး
          	တွေ၊ ဟယ်လီကော်ပတာရုပ်လေးတွေ။ အဲဒါမျိုးတွေက ကြည့်မြင်တိုင်ဘက်မှာ သွားဝယ်လို့
          	ရသလို သီတင်းမကျွတ်ခင်ကထဲက လမ်းမှာလာ
          	ရောင်းလေ့ရှိပါတယ်။ ကလေးဘဝကတော့ အိမ်
          	မှာ ဆီမီးထွန်းပြီးရင် ကြယ်မီးပန်းနဲ့ကစား၊ ပြီးရင်တော့ ယုန်ရုပ်မီးပုံးလေးတွန်းပြီး လျှောက်သွားတာပေါ့။ လူကြီးမိဘတွေကိုကန်တော့လို့ မုန့်ဖိုးတွေလည်းရတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ငယ်ဘဝရဲ့ သီတင်းကျွတ်တွေဟာ ပျော်ဖို့ကောင်းပါတယ်။ 
          	
          	ဒီနှစ်တော့ အသက်ကြီးလာခြင်းရဲ့ပြယုဂ်ပဲလား မသိပေမဲ့ သိပ်စိတ်လှုပ်ရှားရတာမျိုးမရှိတော့ပါဘူး။ ဒီနေ့မှာ မီးပုံးလေးတွေ ဆီမီးတွေပူဇော်ရာ 
          	အရပ်မှာမဟုတ်လို့လည်းပါမှာပေါ့။ ချစ်ရတဲ့သူ
          	တွေကို ကြည်လင်စေဖို့ ဆုတောင်းပေးရင်းကနေ သီတင်းကျွတ်ညမှာ Anxiety ရနေတယ်။ 
          	ဒါပေမဲ့လည်း လပြည့်ညမှာ လင်းထိန်နေတဲ့ လ ကိုတော့ ငေးဖြစ်ပါသေးတယ်။ အချိန်အတော်
          	ကြာ ထိုင်ငေးဖြစ်တယ်။ မျက်စိတွေတောင်ကျိန်းလာတဲ့ထိ ဒီည တော်တော်လင်းတာပဲလို့ တွေးမိတယ်။ 
          	
          	လပြည့်ညတွေမှာ အဲဒီလိုအစွမ်းတစ်မျိုးတော့ရှိ တယ်ထင်တယ်။ ငြိမ်းအေးစေတဲ့အစွမ်းလေ။ 
          	
          	အခွင့်ရရင် လပြည့်လကို ရှာကြည့်ကြပါ။ စိတ် ကလေး ကြည်နူးသွားရမှာပါ။  
          	
          	အားလုံးပဲ ကြည်လင်ငြိမ်းချမ်းသော သီတင်းကျွတ် ဖြစ်ပါစေ။ မုန့်ဖိုးတွေလည်း အများကြီးရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

HuangnamiKim

သီတင်းကျွတ်လပြည့်ည။ 
          
          ကိုယ်ကတော့ မွေးလရာသီမို့လားမသိ၊ သီတင်းကျွတ် ချိန်ခါကို သဘောကျတယ်။ သီတင်းကျွတ်မှာ ပျော်လေ့ရှိတယ်။ ငယ်ငယ်က ဆို စမ်းချောင်းတခွင်ကို မီးပုံးလေးတွေ တွန်းလေ့ရှိတယ်။ ယုန်ရုပ်လေးတွေ၊ ကြက်ဖရုပ်လေး
          တွေ၊ ဟယ်လီကော်ပတာရုပ်လေးတွေ။ အဲဒါမျိုးတွေက ကြည့်မြင်တိုင်ဘက်မှာ သွားဝယ်လို့
          ရသလို သီတင်းမကျွတ်ခင်ကထဲက လမ်းမှာလာ
          ရောင်းလေ့ရှိပါတယ်။ ကလေးဘဝကတော့ အိမ်
          မှာ ဆီမီးထွန်းပြီးရင် ကြယ်မီးပန်းနဲ့ကစား၊ ပြီးရင်တော့ ယုန်ရုပ်မီးပုံးလေးတွန်းပြီး လျှောက်သွားတာပေါ့။ လူကြီးမိဘတွေကိုကန်တော့လို့ မုန့်ဖိုးတွေလည်းရတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ငယ်ဘဝရဲ့ သီတင်းကျွတ်တွေဟာ ပျော်ဖို့ကောင်းပါတယ်။ 
          
          ဒီနှစ်တော့ အသက်ကြီးလာခြင်းရဲ့ပြယုဂ်ပဲလား မသိပေမဲ့ သိပ်စိတ်လှုပ်ရှားရတာမျိုးမရှိတော့ပါဘူး။ ဒီနေ့မှာ မီးပုံးလေးတွေ ဆီမီးတွေပူဇော်ရာ 
          အရပ်မှာမဟုတ်လို့လည်းပါမှာပေါ့။ ချစ်ရတဲ့သူ
          တွေကို ကြည်လင်စေဖို့ ဆုတောင်းပေးရင်းကနေ သီတင်းကျွတ်ညမှာ Anxiety ရနေတယ်။ 
          ဒါပေမဲ့လည်း လပြည့်ညမှာ လင်းထိန်နေတဲ့ လ ကိုတော့ ငေးဖြစ်ပါသေးတယ်။ အချိန်အတော်
          ကြာ ထိုင်ငေးဖြစ်တယ်။ မျက်စိတွေတောင်ကျိန်းလာတဲ့ထိ ဒီည တော်တော်လင်းတာပဲလို့ တွေးမိတယ်။ 
          
          လပြည့်ညတွေမှာ အဲဒီလိုအစွမ်းတစ်မျိုးတော့ရှိ တယ်ထင်တယ်။ ငြိမ်းအေးစေတဲ့အစွမ်းလေ။ 
          
          အခွင့်ရရင် လပြည့်လကို ရှာကြည့်ကြပါ။ စိတ် ကလေး ကြည်နူးသွားရမှာပါ။  
          
          အားလုံးပဲ ကြည်လင်ငြိမ်းချမ်းသော သီတင်းကျွတ် ဖြစ်ပါစေ။ မုန့်ဖိုးတွေလည်း အများကြီးရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

the_wadyism

ဒီကာလကြီးမှာ စိတ်ရော၊လူရော ဖျားနာနေကြတာမို့ မမွန်မှာလည်း ပင်ပန်းစရာကိစ္စတွေများနေမယ်ထင်ပါတယ်။ဘာပဲနေနေ ဘဝဆိုတာရှေ့ဆက်သွားရမှာပဲမဟုတ်လား။အရမ်းပင်ပန်းနေတဲ့အခါ ခနတစ်ဖြုတ်လောက်နားလိုက်ပါ။ပြီးရင်တော့ လှမ်းနိုင်သမျှများများရှေ့ကိုဆက်လှမ်းရမှာပေါ့လေ။အိုင်က အသက်အရွယ်အရရော၊အတွေ့အကြုံအရရော မမွန်ထက်ငယ်တော့ အကြံဉာဏ်ကောင်းတွေပေးချင်ပေမဲ့လည်း တတ်နိုင်တာမရှိဘူးဖြစ်နေတော့ အားပေးစကားကလွဲ ကျန်တာတော့မပြောတတ်ဘူးဖြစ်နေတယ်။ဘာပဲနေနေ မမွန်ကိုနောက်မှသိခဲ့ရပေမဲ့ မမွန်ရှေ့လျှောက်မဲ့လမ်းမှာ အမြဲအားပေးချင်တဲ့သူဆိုတာလေးကိုတော့ သိထားပေးရင်ကောင်းမှာပဲ။မမွန်စာတွေထဲကလိုပေါ့။မမွန်ပင်ပန်းရင် အစ်ကိုသန့်စင်ကြယ်တို့၊အစ်ကို ချမ်းငြိမ်းအေးဟန်တို့ကိုတွေးကြည့်ပါလား။အိုင်ကတော့ အစ်ကိုတို့ကိုတွေးမိရင် အများကြီးစိတ်ပေါ့ပါးသွားတတ်လို့လေ။အပြည့်အဝအနားယူလိုက်ပါ။မနက်ဖြန်တိုင်းကို ပိုမိုကောင်းမွန်စေဖို့ဆုတောင်းပေးပါတယ်။နောက်မှ မမွန်ဆီ mail ပို့လိုက်မယ်နော်။မမွန်က နှင်းလည်း ကြည်သာအေးမြပါစေလို့ ဆုတောင်းပေးခဲ့သလို အိုင်လည်း မမွန်ကိုပြန်ဆုတောင်းပေးလိုက်ပါတယ်။မမွန်လည်း ကြည်သာအေးမြပါစေနော်။

HuangnamiKim

ဒီစာလေးကြောင့် အများကြီး အားရှိရပါတယ်။ ကျေးဇူးတင်ပါတယ် ညီမလေးရယ်။ ပင်ပန်းတဲ့အခါ ကိုကိုတွေကပေးနိုင်မယ့် စိတ်ကြည်လင်မှုကို ရှာကြည့်ပါဦးမယ်။ ညီမလေးလည်း ကြည်လင်ပါစေ။ 
Reply

HuangnamiKim

မတော်တဆများ ဒီစာကိုမြင်မိကြပြီး ကိုယ့်ကိုလည်း စေတနာလေးနည်းနည်းရှိတယ်ဆိုရင် အားပေးစကားလေးနည်းနည်းပြောပေးကြမလားဟင်။ ဒီကပဲဖြစ်ဖြစ် Email ကပဲဖြစ်ဖြစ်ပေါ့။ 
          
          ကိုယ်တအား ပင်ပန်းနေလို့ပါ။ 

HuangnamiKim

@RIO_june အခု သက်သာသွားပါပြီ။ အဲဒီတလောတွေတုန်းကတော့ တော်တော်ရုန်းကန်ခဲ့ရတာ။ ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ်နော်။ ကြည်လင်အေးမြပါစေ။
Reply

HuangnamiKim

@MoMo67275 ဒီစာလေးကြောင့် အများကြီး စိတ်ကြည်နူးရပါတယ် ကျေးဇူးတင်ပါတယ် ညီမလေးရေ။ ကိုကိုချမ်းငြိမ်းကြောင့် အေးချမ်းရတယ်ဆိုလို့လည်း ဝမ်းသာပါတယ်။ အစ်မလည်း အဲဒီလိုခံစားစေနိုင်တဲ့လူတွေကို မမေ့မလျော့တွေးပါမယ်။ ကြည်လင်အေးမြပါစေနော်။
Reply

RIO_june

@HuangnamiKim မမွန်အကောင့်ထဲ ဝင်ကြည့်မှ ဒီစာလေး တွေ့တယ်။ မမွန်မှာ ဘာအခက်အခဲတွေ ရှိနေလဲ မသိပေမယ့် အမြန် အဆင်ပါသွားပါ‌စေရှင့်။ အရာအားလုံး အဆင်ပြေပြီး စိတ်လေး အေးချမ်းပါ‌စေ။ အမြဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊ မမွန်။ 
Reply

HuangnamiKim

“ပို့စ်ကတ်ယူရင်း ရေဘေးကူ” 
          
          ဒီနေ့ ညနေပိုင်း မြင်တွေ့ရတဲ့သတင်းတွေနဲ့ ရေဘေး အခြေအနေတွေကြောင့် ထပ်ပြီးကူချင်လာတာ တွေရှိတာမို့ ကိုယ့်မှာ အများဆုံးရှိတဲ့ပို့စ်ကတ်လေးတွေထုတ်သုံးဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကူချင်တဲ့သူများရှိရင် စာကို အဆုံးထိ ဖတ်ပေးပါနော်။ 
          
          ဒီအစီအစဉ်မှာ ၂ မျိုးခွဲထားပါတယ်။ 
          
           ကိုယ်ကလက်ရေးနဲ့ရေးပေးမယ့် Physical Postcard - 3000 MMK 
          
           ကိုသန့်စင်ကြယ် နဲ့ ချမ်းငြိမ်းအေးဟန် တို့က ပြောပေးမယ့် ပုံစံနဲ့ Digital Virtual Postcard - 4000 MMK
          
          ပထမတစ်ခု က Physical Postcard အစစ်မှာရေးပေးမှာပေမဲ့ အခုအခြေအနေအရ ပို့ဆောင် ပေးဖို့ မဖြစ်နိုင်တာမို့ ဓာတ်ပုံလေးပဲရိုက်ပို့ပေးပြီး ကိုယ်ပဲသိမ်းထားပါဦးမယ်။ အပြင်မှာတွေ့ဖြစ်ကြရင် ယူလို့ရပါတယ်။ 
          
          ဒုတိယတစ်ခုကတော့ ကိုကိုနှစ်ယောက်ကိုချစ်တဲ့သူတွေအတွက်ပါ။ ဘယ်သူ့ဆီကယူချင်လဲ ရွေးလို့ရပြီး နှစ်ယောက်လုံးဆီကလိုချင်ရင်လည်း ရပါတယ်။ အားပေးစကားပြောစေချင်တာမျိုးရှိရင်လည်း တခါထဲပြောထားပေးလို့ရပါတယ်။ 
          
          စာရေးခြင်း ကနေ ရေစက်ဆုံခဲ့ရသူတွေနဲ့အတူတကွ ထိထိရောက်ရောက် ကူညီချင်တာမို့လို့ ဒီအစီအစဉ်လေး လုပ်ဖြစ်သွားတာပါ။ သတ်မှတ်
          ထားတဲ့ ပမာဏထက် ပိုကူချင်လည်းရပါတယ်။ 
          
          ရသမျှကို စာရင်းအချက်အလက်နဲ့တကွ ဘယ်ကို ကူညီလိုက်ကြောင်း သေချာအသိပေးမှာပါ။လက်ရှိတော့ ရွှေမေတ္တာလူမှုကူညီရေး အသင်းကို လှူဖို့စီစဉ် ထားပါတယ်။ 
          
          မနက်ဖြန် ၁၄ ရက်နေ့ (စနေနေ့) ညနေ အထိပဲ လက်ခံမှာဆိုပေမဲ့ အားလုံးလည်း ပင်ပန်းနေကြတာသိတာမို့ ဖိအားမဖြစ်စေချင်ပါဘူး။ ကိုယ်
          လုပ်နိုင်တဲ့ဘက်ကပဲ လုပ်ကြတာပေါ့နော်။
          
          ဘဏ်အကောင့်တွေကို “ Mon Shwe Yee”Page Messenger နဲ့ Telegram - @hymsgloria မှာတောင်းယူနိုင်ပါတယ်။ KPay, Wave, AYA Pay, AYA Banking, Thai Bank, SG Bank တို့ရှိပါတယ်။ 
          
          ပို့စ်ကတ်လေးတွေရေးပေးဖို့ စောင့်နေမယ်နော်။

melon_nway

@HuangnamiKim လာခဲ့မယ်( ˘ ³˘)♥
Reply

HuangnamiKim

အခုအချိန် တိုင်းပြည်မှာ ရေဘေး၊ စစ်ဘေးနဲ့ ဒုက္ခ
          ပင်လယ်ဝေနေတာမို့ ကိုယ်လည်း နိုင်သလောက် ပါဝင်ကူညီထားပါတယ်။ Eric Lim နာမည်နဲ့ ရေဘေးအတွက် အစားအသောက်၊ အဝတ်အစား အပြင် အသက်ကယ်လှေအတွက်ပါ ပါဝင်ကူညီထားတာမို့ ကိုယ်နဲ့ရေစက်ဆုံတဲ့ Wattpad က စာဖတ်သူတစ်ဦးချင်းစီရဲ့ကုသိုလ်လည်းဟုတ်ပါတယ်။ အခုလိုအချိန်မှာ ပိုပြီး ဂရုစိုက်ကြပါ။ ဖေးမ ကူညီကြပါ။ စိတ်ရော ကိုယ်ခန္ဓာရော ကျန်းမာကြံ့ခိုင်အောင် ဂရုစိုက်ကြပါ။ 
          
          Eric Email လည်းဖွင့်ထားသေးတာမို့ Reach out လုပ်နိုင်ပါတယ်။ (အချိန်တော့စောင့်ပေးရပါမယ်)
          
          ဒီခေတ်ကာလကြီးကို အတူတကွ ကြံ့ကြံ့ခံ ဖြတ်ကျော်ကြရအောင်ပါရှင်။ 

melon_nway

မမွန်ကိုmailပို့ထားသေးတယ်(≧▽≦)❤

HuangnamiKim

စာလေးပြန်လိုက်ပါပြီရှင်
Reply

HuangnamiKim

ဟယ် အခုမှဝင်စစ်မိတယ်။ တစ်ပတ်တောင်ရှိတော့မှာပဲ။ ဒီညစာပြန်မယ်နော် ညီမလေး။ ပို့စ်ကတ်ပါရေးပေးဦးမယ်။ 
Reply

Beatriz_137

မမွန်၊
          နေပြောက်သစ်ပင် အပိုင်း ၁၅ မှာပါတဲ့ မုန်းစိတ်မကူးဆိုတဲ့တေးထပ်ထဲက "နိဗ္ဗာန်မှမရခင် ဘဝတွင်မုန်းစိတ်မကူး"ဆိုတဲ့ အဓိပ္ပာယ်က‌လေ သမီးရည်းစားနှစ်ယောက် ဘယ်တော့မှမမုန်းဘူး ဆိုတဲ့အဓိပ္ပာယ်လားဗျ။ဒါမဟုတ် လူသားတစ်ယောက်အနေဖြင့် လူ့ဘဝမှာ ဘယ်သူ့ကိုမှမုန်းစိတ်မထားဘူး ဆိုပြီးတော့ရော အဓိပ္ပာယ်ကောက်လို့ရလားဗျ။

HuangnamiKim

အစ်မ နားလည်သလောက် သူ့ရဲ့ context အရက သမီးရည်းစားနှစ်ယောက်ကြားထဲက အကြောင်းအရာဖြစ်မယ်လို့ယူဆတယ်။ ကျမ်းကျိန်ဆိုဝံ့ကြောင်း နောက်ဆက်တွဲပါတာမို့ ဒီနှစ်ယောက်ကြားထဲက အချစ်ကိုတင်စားပြောတယ်ထင်ပါတယ်။ 
Reply