Nyomeme26
Link to CommentCode of ConductWattpad Safety Portal
ဒီနေ့တင်တဲ့ 'လွတ်မြောက်ရန်မစွမ်းနိုင်သော' Extra က အမှန်တကယ်က အရင်တင်ထားတဲ့ အပိုင်းရဲ့ရှေ့တစ်ပိုင်းပါ။ extra part 1 မှာက လင်း ဘုန်းကြီးထွက်လာပြီနောက်ပိုင်း သူတို့ခရီးသွားတာ (အဲမှာလည်း ရည်းစားမဖြစ်သေးပါဘူး ><) ဒီနေ့တင်တဲ့ extra part 2 က လင်းဘုန်းကြီးဝတ်နေတဲ့အပိုင်း!!! နောက်မှ ပြန်စီပေးမယ်နော်... ဆက်ရေးပေးဦးမယ်။ ❤️
Nyomeme26
https://www.facebook.com/share/p/1CFygTetzT/ Trapped စာအုပ်လေးကို လက်ဆောင်ယူဖို့အတွက် page Link လေး လာရှဲပေးတာပါရှင့်။ စာအုပ်နဲ့စာမဖတ်ဖြစ်ရင်တောင် အမှတ်တရအဖြစ် သိမ်းထားစေချင်လို့။ ညိုမီက စာပေစီစစ်ရေးတင်တဲ့အတွက် စာပေစီစစ်ရေးက ဘာကျလာဦးမလဲမသိသေးပါဘူး။ သူဘာမှမလုပ်သေးခင် ကိုယ့်လူတွေဆီ စာအုပ်မြန်မြန်ရောက်စေချင်လို့ပါ။ ❤️
Nyomeme26
"လွတ်မြောက်ရန်မစွမ်းနိုင်သော" ကို ဝယ်ယူအားပေးခဲ့တဲ့စာဖတ်သူများရှင့်...
တောကျောင်းလေးတစ်ခုမှာ ညိုမီက စာဖတ်သူတွေနဲ့အတူ ဒါနတစ်ခုလုပ်မယ်လို့ စိတ်ကူးထားတဲ့အတိုင်း တန်ဖိုးငွေကျပ်(၅၃,၀၀၀)တန်ဓာတ်မီး စုစုပေါင်း (၆) လက် (သုံးသိန်းကျော်)၊ တခြားပစ္စည်းလေးပါး (၅၀၀,၀၀၀) သိန်းဖိုး ကုသိုလ်ပြုလှူဒါန်းမှာဖြစ်ပါတယ်။
အတူတူလှူတာဖြစ်လို့ အတူတူပီတိဖြစ်စေချင်ပါတယ်။ ညိုမီ့မွေးနေ့လည်း ဒီလထဲမှာပါပဲ။ ရိပ်သာမှာ ထမင်းကျွေးဖို့ရှိပေမဲ့ ဒါကညိုမီ့မွေးနေ့ ညိုမီ့ဘာသာကျွေးမှာဖြစ်ပြီး ကုသိုလ်ကိုတော့ထပ်တူအမျှ ပေးပါတယ်ရှင့်။ (လိုအပ်တဲ့နေရာတွေကို လိုအပ်သလိုလှူတာလည်း ကောင်းပါတယ်။)
ဒါပေမဲ့ ညိုမီ့စာဖတ်သူတွေကိုတော့ ပိုအကျိုးများစေချင်တာကြောင့် သီလစင်ကြယ်ပြီးမြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်တွေဆီကိုပဲ အတူတူ လှူဒါန်းပေးလိုက်ပါတယ်။
သံဃာ့ဂုဏ်တော်တွေထဲမှာပါတဲ့ "လယ်ယာမြေကောင်းနဲ့တူတဲ့ပုဂ္ဂိုလ်တွေ"ဆိုတဲ့အတိုင်း တစ်ဆုပ်ကျဲကျဲ၊ နှစ်ဆုပ်ကျဲကျဲ... ကိုယ်ကျဲချလိုက်တဲ့ မျိုးစေ့ဟာ လယ်ယာမြေကောင်းတစ်ခုမှာ ပိုမိုဖြစ်ထွန်းမှာသေချာပေါက်ပါပဲ။
အကျိုးကိုမျှော်ကိုးပြီး လှူသည်ဖြစ်စေ၊ အကျိုးကို မမျှော်ကိုးဘဲလှူသည်ဖြစ်စေ၊ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်ဆိုတဲ့စကားအတိုင်း... အကျိုးပေးချိန်တစ်ခုရောက်လာရင်တော့ ဘယ်လိုကံဖြစ်ဖြစ် အကြောင်းပြုထားရင် အကျိုးပေးမှာအမှန်ပါပဲ။
ဒါကြောင့် လှူတဲ့နေရာမှာ လိုအပ်တဲ့နေရာ၊ နွမ်းပါးတဲ့နေရာကို လှူနိုင်သလို၊ လှူလေ့ရှိပေမဲ့ တစ်ခါတလေကျ မြေဆီမြေလွှာကောင်းမှာလည်း ဒါနမျိုးစေ့ကို ကျဲချထားခဲ့ဖို့လိုတယ်။ လူနတ်ဗြဟ္မာ သာဓုခေါ်ထိုက်တဲ့ အလှူဒါနမျိုး၊ နောက်ဆုံး သံသရာတလျှောက်က မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးပြိတ္တာအပေါင်းကို အမျှပေးလိုက်ရင်တောင် မြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်တွေကြောင့် သာဓုခေါ်ခွင့်ရတဲ့ အလှူဒါနမျိုးဖြစ်စေချင်တယ်။
ဒါကတော့ နောက်နောင်များ ကိုယ့်ဘာသာ ကိုယ့်လုပ်အားခနဲ့ လှူတော့မယ်ဆိုရင် စဉ်းစားနိုင်အောင်လို့ပါ။ ဆရာလုပ်တယ်မထင်ပါနဲ့။ အစ်မတစ်ယောက်က မောင်ငယ်၊ ညီမငယ်လေးတွေကို အသိတစ်ခုရအောင်မျှဝေပေးတယ်လို့ပဲ သဘောထားပါနော်။ သိပြီးသားလည်းဖြစ်နိုင်ပေမဲ့။
❤️
cktyy_min
@Nyomeme26 သာဓု သာဓု သာဓုပါရှင်။ မမညိုမီလည်း လူရော၊ စိတ်ကလေးရောအထိအရှကင်းပြီး အမြဲအေးချမ်းပျော်ရွှင်ပါစေနော်<3
•
Reply
nayyaungchii924
ညိုမီရေ ဘာတွေများလုပ်နေပါသလဲ။ ခြည့်ဆီက ပြန်စာမရဘူးလားရှင်
Nyomeme26
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မမေ့ကြနဲ့နော်။
rosin2haoo
ဧဒင်ကို သတိရနေမိပြန်ပီ
Nyomeme26
အားလုံးပဲ နေကောင်းကျန်းမာပါရဲ့လား။ ညိုမီ 'လွတ်မြောက်ရန်မစွမ်းနိုင်သော'ကို စာအုပ်ထုတ်ဖို့ကြိုးစားနေတာလေး ခရီးတစ်ဝက်တော့ရောက်သွားပါပြီလို့ လာပြောပြတာပါ။ အစကနေအဆုံး တစ်ယောက်တည်းစီမံနေရလို့ ခေါင်းကိုက်ရတာတွေလည်းရှိပေမဲ့ စာအုပ်လေးလှလှပပထွက်လာဖို့တော့ အကောင်းဆုံးကြိုးစားထားပါတယ်။ ဒီစာအုပ်လေးထွက်ပြီး အစစအရာရာ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ စာဖတ်သူတွေလက်ထဲထည့်ပေးနိုင်ဖို့လည်း အကောင်းဆုံးစဉ်းစားနေပါတယ်။ မျက်နှာဖုံးလေးလည်းရပါပြီ။ အစကလာပြမလို့ပဲ... စပရိုက်ဖြစ်အောင် မပြတော့ဘူးတွေးလိုက်တယ်။ စာအုပ်လေး ရောက်လာမှပဲကြည့်တော့နော်။ အများကြီးချစ်ပေးကြဦးလို့လည်း တောင်းဆိုချင်ပါတယ်။
Have a nice day par shint.
Nyomeme26
"သူ"
သူဟာ ကြယ်ကြွေတိုင်းလည်း ဆုမတောင်းခဲ့ဘူး။
ဖိုးလမင်းကိုလည်း ဆန်မတောင်းခဲ့ဘူး။
သူဟာ ငြိမ်သက်စွာနဲ့ ယုံယုံကြည်ကြည်ပဲ
ချစ်ခြင်းမေတ္တာကို စောင့်မျှော်နေခဲ့တယ်။
သူဟာ တံခါးတိုင်းလည်း မခေါက်ခဲ့ဘူး။
မဆိုင်တဲ့ပြတင်းပေါက်တွေကိုလည်း လှပ်မကြည့်ခဲ့ဘူး။ သူဟာ အေးချမ်းစွာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ
ချစ်ခြင်းမေတ္တာကို သစ္စာရှိခဲ့တယ်။
သူဟာ ကိုယ်နဲ့တွေ့တဲ့အခါ
'ဘယ်ရောက်နေခဲ့လဲ'လို့ မေးမယ်မထင်ဘူး။
ကိုယ့်မျက်လုံးတွေကိုစိုက်ပြီးကြည့်ရင်း...
'ကျေးဇူးတင်တယ်နော်'လို့ ပြောမယ်ထင်တယ်။
………
ညိုမီ
၂၈.၆.၂၀၂၅
Nyomeme26
"အိမ်ကလေး"
ငါမသိတဲ့ သူစိမ်းတစ်ယောက်ရဲ့မျက်ဝန်းတွေ
ငါကြည့်မိလိုက်တဲ့ အခိုက်အတန့်မှာပဲ
ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
သူ့လက်ဖဝါးပြင်ဟာ
ငါ့ဆံပင်တွေထဲတိုးဝှေ့လို့...
ငါမကြားခဲ့ဖူးတဲ့ သူ့ရယ်သံ
ရင်ခွင်တစ်ခုလုံး လှိုင်းထ,သွားစေခဲ့တယ်။
သူ့မျက်နှာတောင် ငါမတွေ့ရသေးခင် ငါသိနေတာတစ်ခုရှိတယ်... ချစ်သူရဲ့အပြုံးဟာ အရုဏ်ဦးရဲ့အလှတရားတွေကို သယ်ဆောင်လာမယ်မှန်း၊
လေပြည်တွေလို ညင်သာပျော့ပျောင်းပြီး...
နေခြည်တွေလို နွေးထွေးကြင်နာတတ်မယ်မှန်း။
ငါ့ဘဝထဲ သူဝင်လာခဲ့တယ်။
ငါ့ရှေ့မှာ မတ်မတ်လာရပ်တော့
သူနဲ့အတူ နေဝင်ဆည်းဆာကိုပါသယ်ဆောင်လာခဲ့။
'ရှင်လား...'
မသေချာတဲ့မေးခွန်းမျိုး ငါမမေးဘူး။
သူ့အသက်ရှုသံ ညှင်းဖျော့ဖျော့လေးကို ကြားရရုံနဲ့ မသိစိတ်က အလိုလိုယုံကြည်မိပါတယ်။
ငါ့ရဲ့အိမ်ကလေး ငါ့ဆီရောက်လာခဲ့ပြီဆိုတာလေ။
………
ညိုမီ
၂၈.၆.၂၀၂၅
Nyomeme26
"The Return"
မိုးကုတ်စက်ဝိုင်းအောက်က အိပ်မက်ရောင်စုံတွေကြား ငါ့ခြေလှမ်းတွေပျောက်ဆုံးခဲ့မှန်း ငါသိတယ်။ ငါ့လက်တွေကလည်း မင်းထင်သလောက် မသန်မာခဲ့ပါဘူး။
မြင်းရိုင်းတစ်ကောင်လို မပြေးနိုင်တော့...
အဲဒီနေ့တွေမှာ ငါကိုယ်ယောင်ဖျောက်နေတယ်။ မင်းဘက်ကမမြင်နိုင်အောင် ငါ့ကိုယ်ငါပဲ ဖုံးလွှမ်းထားခဲ့တယ်။
ဒါပေမဲ့ မနေ့တုန်းကငါနဲ့ မတူတဲ့ငါတစ်ယောက်ဟာ အလင်းတန်းတစ်စင်းနဲ့အတူ ဝင်ရောက်လာခဲ့... မသေမသပ်၊ မလှမပဆိုပေမဲ့ ငါပြန်လာခဲ့တယ်။
အနာဂတ်မှာ ငါပြန်လာခဲ့တယ်။
ရုပ်ပျက်ပေမဲ့ စိတ်မပျက်တဲ့ငါ... ပြန်လာခဲ့တယ်။
ငါ့စကားတွေကို မြေကြီးအောက်ထဲပျိုးထားခဲ့...
လူတွေမမြင်နိုင်ပေမဲ့ တစ်နေ့နေ့မှာအပင်ပေါက်လာမယ်၊ အပွင့်ပွင့်လာမယ်၊ မွှေးရနံ့တွေ ထုံသင်းကြိုင်လာမယ်... ငါသိနေတယ်။
တစ်ခါတလေမျှော်လင့်ချက်ဟာ သဲသောင်ယံပေါ်က ခြေရာတွေလိုပဲ... တကယ်ရှိရဲ့လား ဘယ်သူမှမသိ၊ ငါလည်းမသိ။
မိုးကုတ်စက်ဝိုင်းအခြားတစ်ဖက်မှာ...
ငါ့အတွေးတွေကိုတိုင်ပင်နေတဲ့ ကမ္ဘာတစ်ခုရှိလိမ့်မယ်။
ဒီဘက်ကမ္ဘာမှာ ငါ့အတွေးတွေက စကားမပြောတတ်တော့ ငါတစ်ယောက်တည်းနဲ့ အခန်းဟာတိတ်ဆိတ်... ဒါပေမဲ့ တိတ်ဆိတ်ခြင်းဟာ အောင်မြင်ခြင်းမဟုတ်... ရှင်သန်နေခြင်းသာဖြစ်တယ်။
မင်မျှော်လင့်တာထက် နောက်ကျနိုင်ပေမဲ့ ငါပြန်လာခဲ့မယ်။
………
ညိုမီ
၂၂.၆.၂၀၂၅