Hello kha
ယောမီပါ။ အားလုံး နေကောင်းကျန်းမာစွာနဲ့ အဆင်ပြေပြေ ရှိကြပါရဲ့လား။ စာတွေ ရေးပြီး အပြီး မသတ်နိုင်ဘဲ ထား,ထားခဲ့မိလို့ များစွာ အားနာရပါတယ်။ ယောမီရဲ့ လက်ရှိ အခြေအနေနဲ့ အကြပ်အတည်းကြောင့် စာပြန်ရေးဖို့ ဘယ်လိုမှ မတတ်သာလို့ပါ။ အခက်အခဲ တချို့ကြောင့် အားလုံး ရပ်နားထားလိုက်ရပါတယ်။
ဒီရပ်ဝန်း၊ ဒီစာပေကို ချစ်မြတ်နိုးစိတ်ကြောင့် ရှေ့လည်း မဆက်နိုင်၊ စိတ်လည်း မဖြတ်နိုင် ဖြစ်နေရပါတယ်။ ရေးထားပြီး ယနေ့အချိန်ထိ အပြီးမသတ်နိုင် ဖြစ်နေဆဲ ဇာတ်လမ်း တချို့အတွက် တာဝန် မကျေသလို ခံစားရပါတယ်။ ဇာတ်သိမ်းထိ ရေးဖို့ ကျန်ရှိနေဆဲ ဇာတ်လမ်း တချို့ရဲ့ စာဖတ်သူတွေ ဒီနေရာမှာ ရှိခဲ့ရင် နှောင့်နှေး ကြန့်ကြာမှုအတွက်၊ ယောမီရဲ့ လစ်ဟာ ပျက်ကွက်မှုအတွက် တကယ် လေးလေးနက်နက် တောင်းပန်ပါတယ်။
စိတ်တိုင်းကျ ဖန်တီးမှုတွေနဲ့အတူ ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိပေမဲ့ စိတ်ကတော့ နေ့တိုင်း ဒီနေရာ၊ ဒီရပ်ဝန်းဆီ အမြဲ ရောက်ပါတယ်။
ဒီစာက ယောမီ ရေးသမျှ စာတွေကို ဖတ်ပေးကြသူ၊ နှစ်သက် သဘောကျပေးသူတွေအတွက်ပါ။ အားလုံး နေကောင်း ကျန်းမာစွာနဲ့ အဆင်ပြေပြေ ရှိကြဖို့ မျှော်လင့်ပါတယ်။
စာတွေ ပြန်ရေးနိုင်လို့ အတိအကျ ပြန်လာဖြစ်တဲ့အခါ အရင် အချိန်ကလို အရင်လူတွေနဲ့လည်း ထပ်ပြီး ပြန်တွေ့ချင်ပါသေးတယ်။ အသစ် အသစ်သော စာဖတ်သူတွေကိုလည်း မြတ်နိုးစွာ တန်ဖိုးထားရတဲ့ ဇာတ်ကောင်တွေနဲ့အတူ ယောမီရဲ့ အိမ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်။