
kaungmyatsan837
အတူတူလျှောက်ခဲ့ကြတဲ့စာကြည့်တိုက်လမ်းလေး။ ကျွန်တော့်ကိုထီးမိုးပေးခဲ့တဲ့သူမရဲ့ပုံရိပ်လေး။ ကျွန်တော်ငိုတိုင်းရင်ခွင်ထဲထည့်ထားပေးတဲ့ပုံရိပ်လေး။ အိမ်မပြန်ခင်ကျွန်တော့်ဆီကဇွတ်ယူသွားခဲ့တဲ့အနမ်းလေး။ ရယ်လိုက်ရင်ထွက်လာတဲ့သွားစွယ်လေး။ "နီ"ဆိုတဲ့နာမ်စားလေး။ လူကိုစူးစိုက်ကြည့်တတ်တဲ့မျက်ဝန်းလှလှလေး။ ဇွတ်တရွတ်လုပ်တတ်တဲ့အကျင့်လေး။ အရာအားလုံးကိုကျွန်တော်လွမ်းသည် သူမကိုကျွန်တော်ချစ်သည် မေပုလဲချိုကိုတကယ်ချစ်သည် ဒီလိုကွေကွင်းရမယ်မှန်းသိခဲ့ရင်လေ ချစ်ကြောင်းတွေပြောပြခဲ့မှာထုတ်ပြခဲ့မှာ ပိုပြီးဂရုစိုက်ပေးခဲ့မှာ ဒီနေ့ညကမင်းအပေါ်မောင့်ရဲ့နောက်ဆုံးလွမ်းခြင်းညပါပဲ မောင်မင်းကိုမေ့လိုက်တော့မှာ မောင့်ရဲ့ပုလဲငယ် မင်းအပေါ်တကယ်တန်ဖိုးထားပြီးချစ်တဲ့သူနဲ့တွေ့ပါစေနော် မောင့်ကြောင့်ကျတဲ့မျက်ရည်တွေတိတ်တော့နော် မောင်မင်းကိုသိပ်ချစ်ခဲ့ပါတယ်။