xiaotiantian433
ကိုယ်ဝါသနာပါတဲ့စာလေးရေးပြီး အကြိုက်တူတဲ့သူတွေနဲ့ sharing လုပ်ရတာ စာရေးသူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းပါပဲ။ စိတ်ကူးထဲကလာတဲ့ စာလေးတွေရေးမယ်။ တင်မယ်။ ကိုယ့်စာကို လာဖတ်အောင် drama တွေခင်းဖို့မလိုသလို လုပ်ဇာတ်တွေလည်း ခင်းနေဖို့မလိုပါဘူး။ တလရ ကာလမို့ သိုသိုသိပ်သိပ်လျို့လျို့ဝှက်ဝှက်နေကြတာဆို ပေမယ့် လျို့ဝှက်တာနဲ့ လိမ်နေတာက အကွာကြီးပါပဲ။ ဇွတ်တွေ ဒရမ်မာခင်း။ ဇာတ်လမ်းတုတွေလုပ် attention ရှာနေတယ်ဆိုတာ ကိုယ်တိုင်က အရည်ချင်းမရှိလို့ပါပဲ။ အတင်းတိုးဝင်ဖို့ကြိုးစားနေတာ ပင်ပန်းပါတယ်။ ကိုယ်ကဒီလောကနဲ့ မကိုက်ညီဘူးထင်ရင် ထွက်သွားလိုက်ပါတော့။ ကူရာ မဲ့နေသူတွေကို လိုက်ထိုးချရင်း ကိုယ်ကစင်ပေါ်ရောက်မယ်ထင်နေပုံပါပဲ။ မရိုးသားတဲ့အတွက် မရိုးသားခြင်းရဲ့ ရလဒ်ကအမြဲလိုက်နေမှာပါပဲ။ ကိုယ်ကတော့ yizhan ကို အမှောင်တွေလည်းရေးတယ်။ မမှောင်တာတွေလည်းရေမယ်။ ဒီရပ်ဝန်းနဲ့ ဒီလောက်ပဲမို့ ဈေးဗန်းခင်းတာတောင်မလုပ်တော့ပါဘူး။ စာ စရေးတုန်းကတော့ comment လိုချင်တာအရမ်းပဲ။ ခုတော့ အားလုံးပျော်ရင် ၊ အပျင်းပြေရင် ကျေနပ်ပါပြီ။