I want you to know that it's our time

4.2K 634 5
                                    

လွန်​ခဲ့​သော တစ်​နှစ်​။
တက္ကသိုလ်​​မြေဟာ ​ကျောင်းသူ​ကျောင်းသား​တွေရဲ့ လှုပ်​ရှားမှုနဲ့ စိုပြည်​​နေတယ်​။ ​စာသင်​နှစ်​ရဲ့ ဒုတိယ​နှစ်​၀က်​အစဖြစ်​တာမို့ ​မေဂျာဌာနအသီးသီးမှာ ဘာသာရပ်​ဆိုင်​ရာ အ​ကြောင်းအရာ နှီး​နှောဖလှယ်​ပွဲ​တွေရှိတယ်​။

နာမည်​ကြီး ​ပ​ရော်​ဖက်​ဆာ​တွေ စာ​ရေးဆရာ​တွေ​ ​နောက်​ပြီး ​အောင်​မြင်​​နေတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေ တတ်​​ရောက်​​ဆွေး​နွေးကြတာမို့ စိတ်​၀င်​စားတဲ့ ​ကျောင်းသားတချို့​က​တော့ သွားဖို့အတွက်​ တာဆူ​နေကြပြီ။

စီးပွားစီမံ​မေဂျာရဲ့ ​ဆွေး​နွေးပွဲ​ကျင်းပ​နေတဲ့ ခန်းမ​ထဲမှာ တတိယနှစ်​​ကျောင်းသား ရိ​ပေါ်ရှိတယ်​။ ​အလယ်​​လောက်​က ခုံ​တွေထဲ မလှုပ်​မယှက်​ထိုင်​​နေတဲ့ ရိ​ပေါ်ရဲ့ ဒီပွဲကို လာရခြင်းမှာ သူ့ဆန္ဒရှိလို့ထက်​ တစ်​​ယောက်​တည်း​သော သူငယ်​ချင်း ယွီပင်းရဲ့ ဆွဲ​ခေါ်ခံလာရလို့ ​ပြောရင်​ ပိုမှန်​ပါလိမ့်​မယ်​။

သိပ်​မကြာခင်​မှာ ပွဲစ​ကြောင်း ​ကြေညာတယ်​။အဲ့ဒီ​နောက်​ ​ခြေတံရှည်​​တွေနဲ့လူတစ်​​ယောက်​က ခပ်​ကျဲကျဲ​ခြေလှမ်း​တွေနဲ့ စင်​​ပေါ်တက်​လာတယ်​။ အဲ့ဒီထိ​တော့ အရာရာကပုံမှန်​ပါဘဲ။

" မင်္ဂလာပါ ..ကိုယ်​က ရှန်​၀ီလီယံပါ "

အဲ့ဒီလူရဲ့ နှုတ်​ဆက်​စကား​နောက်​ စင်​​အောက်​က တီးတိုးစကားသံ​တွေထွက်​လာတယ်​။သေချာ​ပေါက်​ ချီးကျူးစကား​တွေ​ပေါ့။ ရိ​ပေါ်မြင်​​နေရတဲ့ အဲ့ဒီလူက စင်​​ပေါ်ကို စစ​ရောက်​တည်းက ပြုံး​နေပြီး သိပ်​ကြည့်​​ကောင်းတယ်​။

" ​အဲ့အစ်​ကိုက ​ချောလိုက်​တာ "

ဘေးက ယွီပင်းဆီကထွက်​လာတဲ့ အဲ့ဒီစကားက အမှန်​တရားဖြစ်​​နေ​တော့ သူဘာမှပြန်​မ​ပြောဖြစ်​​တော့။ ​​​နောက်​​နေ့ကျ ဒီပွဲကို မလာခဲ့ရလို့ ​နောင်​တအကြီးအကျယ်​ရ​နေတဲ့ ​ကျောင်းသူ​တွေ ပုံ​နေ​တော့မှာပဲလို့ ရိ​ပေါ်​တွေးမိ​သေးတယ်​။

" အဲ့ဒါ ဘယ်​သူလဲ "

ရိ​ပေါ်တို့ ထိုင်​​နေတဲ့ခုံတန်း​မှာ လူကခပ်​ကျဲကျဲသာရှိတယ်​။
ကြားထဲတစ်​ခုံသာ ခြား​နေတာမို့ တစ်​ဖက်​က ​ကျောင်းသား​တွေ​ပြော​နေတာကို ရိ​ပေါ်နားမ​ထောင်​လဲ ကြား​နေရတယ်​။

COCKTAIL ON YOUR LIPS [ COMPLETED ]Where stories live. Discover now