Once Again I'm yours in fractions

4.5K 674 30
                                    

" ​ကျောင်းမပြီး​သေးဘဲ bartender ဘယ်​လိုဖြစ်​လာတာလဲ "

ဘားအတွင်းမှာ သီချင်းသံ​အေး​အေးဟာ လွင့်​မြူး​နေတယ်​။
ခွက်​ချင်းတိုက်​သံတချို့နဲ့ စကားသံ​တွေရှိ​​နေတယ်​။ ရိ​ပေါ်မြင်​​နေရတဲ့ ​ရှောင်​ကျန့်က​တော့ ၀တ်​ထားတဲ့ ရှပ်​အင်္ကျီအဖြူကို အ​ပေါ်ကြယ်​သီးတစ်​လုံးဖြုတ်​ထားတယ်​။

" bartender ဖြစ်​ဖို့်TABC ဒါမှမဟုတ်​ RSA certificate ရှိရင်​ရတယ်​ ကျွန်​​တော်​က RSA ရပြီးသား .. "

" ​ပညာအရည်​အချင်း မသတ်​မှတ်​ထားဘူး...ပြီး​တော့ ကျွန်​​တော်​က အထက်​တန်း​ကျောင်းသားမှမဟုတ်​တာ ​နောက်​ဆုံးနှစ်​ တက္ကသိုလ်​​ကျောင်းသား "

ရှောင်​ကျန့်က​တော့ ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့။ ရိ​ပေါ်က​တော့ မီး​ရောင်​​အောက်​မှာမြင်​​နေရတဲ့ လည်​ပင်းသားဖြူဖြူ​လေးဆီက အကြည့်​လွှဲပစ်​လိုက်​ရတယ်​။ အဲ့ဒီ​နောက်​ဆက်​တွဲက​တော့
ခပ်​လှမ်းလှမ်းမှာ ထိုင်​​နေတဲ့ အမျိုးသမီးတစ်​ဦးက ​ရှောင်​ကျန့်​ကို ကြည့်​​နေလျက်​ရှိတာကို သိရတယ်​။

အလိုမကျတဲ့ခံစားချက်​က ဘာလို့မှန်းမသိတာ​ကြောင့်
တံ​တွေးတစ်​ချက်​မြိုချပြီး လုပ်​စရာလုပ်​​နေလိုက်​တယ်​။ ထုံးစံအ​တိုင်း ​ခြေ​ထောက်​​တွေချိတ်​ထိုင်​​နေတဲ့ ​ရှောင်​ကျန့်က သူလုပ်​သမျှကို ​ကော့​တေးတစ်​ခွက်​​မော့ရင်း ကြည့်​​နေတယ်​။

Uniform အပြည့်​ဝတ်​ထားတဲ့ waiter ​ကောင်​​လေးတစ်​​ယောက်​ ​ရှောင်​ကျန့်နား​ရောက်​လာတာကို ရိ​ပေါ်သတ်​ထားမိတယ်​။ ​​နောက်​ပြီး တရိုတ​သေနဲ့လက်​ထဲထည့်​​ပေးလိုက်​တဲ့ စာရွက်ခပ်​​သေး​သေးကို မြင်​​တော့ ရိ​ပေါ် မျက်​ခုံး​တွေ အနည်းငယ်​ ပင့်​တတ်​သွားကြတယ်​။

ဒါ​တွေက ရိုးအီ​နေတဲ့ ဘားအထာ​တွေ​လေ ။
ရိ​ပေါ် မသိဘူးဆို ရယ်​စရာ​ကောင်း​နေမှာ​ပေါ့။

တစ်​ဖက်​က အမျိုးသမီးက​တော့ ​ရှောင်​ကျန့်​ကို ဆက်​တိုက်​ကြည့်​​နေတုန်း။ မဆန်းပါဘူး။ ဘာဟာကွက်​မှမရှိဘဲ ပြည့့်စုံလွန်းတဲ့ အမျိုးသားကို ဘယ်​မိန်းမဟာ အပိုင်​မသိမ်းချင်​ဘဲ ​နေပါ့မလဲ။

COCKTAIL ON YOUR LIPS [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang