Tell me you're covered tonight

4.3K 668 16
                                    

" အဲ့​တော့ ရိ​ပေါ်ကို သ​ဘောကျ​နေတဲ့ ​ကောင်​မ​လေးရဲ့ချစ်​သူက ထိုးသွားတာ​ပေါ့ "

" အင်း .. "

ရက်​သတ္တပတ်​အ​တော်​ကြာ ကိုယ်​​ယောင်​​ပျောက်​​နေခဲ့တဲ့ ​ရှောင်​ကျန့်​က ဒီညမှာ​တော့ ဘား​ကောင်​တာမှာရှိ​နေတယ်​။
ထုံးစံအတိုင်း ကုတ်​အင်္ကျီကို ရှပ်​အဖြူနဲ့တွဲဝတ်​ထားတယ်​။
လက်​​ကောက်​၀တ်​ဆီက တန်​ဖိုးကြီးနာရီက​တော့ ရှစ်​နာရီနဲ့ ငါးမိနစ်​ဆိုတဲ့ အချိန်ကို တိတ်​ကျကျ​ဖော်​ပြလို့။

မ​တွေ့ရတဲ့ရက်​​တွေထဲ ​ဆံပင်​​တွေရှည်​လာခဲ့တဲ့ ​ရှောင်​ကျန့်​က မျက်​​မှောင်​​တွေကျုံ့​နေတယ်​။အလိုမကျတဲ့အကြည့်​​တွေက ရိ​ပေါ်ရဲ့နှုတ်​ခမ်း​အောက်​က ​ပျောက်​စပြု​နေတဲ့ ဒဏ်​ရာမှာ ရှိတယ်​။ ကာယကံရှင်​ ရိ​ပေါ်က​တော့ ​ကော့​တေးတစ်​ခွက်​​ကို ​ရှောင်​ကျန့်​​ရှေ့ချ​ပေးဖို့ ပြင်​​နေတယ်​။

" ပြန်​ထိုးလိုက်​လား "

ခေါင်းငုံ့ထားရင်းက မျက်​လွှာ​တွေကို ပင့်​ကြည့်​မိ​တော့ သူ့အ​ဖြေကို ​မျှော်​လင့်​​တစား​စောင့်​​နေတဲ့ မျက်​၀န်းညို​တွေနဲ့ ခလုတ်​တိုက်​မိ​တယ်​။ အဲ့ဒီလူရဲ့ မျက်​၀န်း​တွေက​လေ ဘယ်​ချိန်​ကြည့်​ကြည့်​ ရိ​ပေါ့်အတွက်​ သိပ်​လှတာ...။

"လက်​သီးတစ်​ချက်​နဲ့ အလုပ်​အပြုတ်​ခံမယ်​ထင်​​နေလား"

စကားအဆုံး သူချ​ပေးလိုက်​တဲ့ ​ကော့​တေးခွက်​ကို ​ရှောင်​ကျန့်​တစ်​ချက်​ကြည့်​တယ်​။ ပြီး​တော့ သူ့ကိုကြည့်​တယ်​။
ရိ​ပေါ် အဲ်​ဒီလူကိုပြန်​မထိုးလိုက်​ခြင်းက ​ရှောင်​ကျန့်ကို အလိုမကျဖြစ်​​စေတယ်​နဲ့တူတယ်​။

" ထိုးလိုက်​သင့်​တာကို "

ပြောရင်းနဲ့ ​​ကော့​တေးခွက်​ကို​ တစ်​ငုံ​မော့​တယ်​။ဒီ​နေ့ ရိ​ပေါ်စပ်​​ပေးတဲ့ ​ကော့​တေးက ​ရှောင်​ကျန့်​အတွက်​ အနည်းငယ်​​တော့ အသစ်​အဆန်းဖြစ်​တယ်​။

" အဆင်​​ပြေလား အဲ့ဒါ Margarita ​.. ခင်​ဗျားကြိုက်​​လောက်​မယ်​ထင်​လို့ "

ရှောင်​ကျန့်​က ​ခေါင်းငြိမ့်​ပြပြီး အဆင်​​ပြေ​ကြောင်း ​ဖြေတယ်​။ ရိ​ပေါ်က​တော့ ​ကော့​တေးခွက်​​ပေါ်က လက်​​ချောင်းဖြူဖြူ​လေး​တွေကို ​ငေး​နေတယ်​။ စက္ကန့်​ပိုင်းမျှ တိတ်​ဆိတ်​သွားတဲ့​နောက်​မှာ ရိ​ပေါ်က စကားဆက်​ဆိုတယ်​။

COCKTAIL ON YOUR LIPS [ COMPLETED ]Wo Geschichten leben. Entdecke jetzt