You and me bleed the same light

7.1K 732 4
                                    

ညက ​နောက်​ကျ​လေ ဘားအတွင်းမှာလူများ​လေ ဖြစ်​တယ်။ လူကုံထံ​တွေအတွက်​က​တော့ အပန်း​ဖြေမှုတစ်​ခုဖြစ်​မှာ​ပေါ့ လို့​ပြောရ​အောင်​လည်း ​ဈေးအကြီးဆုံး အယ်​ကို​ဟော​တွေကိုမှ ကြိုက်​ကြတဲ့ အဲ့ဒီလူချမ်းသာ​တွေဆီမှာ ဘာများပင်​ပန်းစရာ​တွေများ ရှိ​နေကြလို့လဲ။

ရိ​ပေါ်သာ သူတို့​နေရာမှာဆို အထက်​တန်းအဆင့်​အိမ်​ကြီးထဲ ၀ိုင်​တစ်​ခွက်​ဖြစ်​ဖြစ်​ တစ်​​ယောက်​တည်း​သောက်​​နေလိုက်​မှာ။ ​နေထိုင်​မှု​တွေ လွဲမှား​နေကြပုံများ​လေ ။

လက်​ထဲက ဖုန်းကိုကြည့်​ရင်း ဘား​ကောင်​တာ​ရှေ့က ခုံမှာ ​ခြေ​ထောက်​​တွေချိတ်​ပြီးထိုင်​​နေတဲ့ အဲ့ဒီလူရဲ့ ​ကျောပြင်​ကို ရိ​ပေါ်မြင်​​နေရတယ်​။ ခန္ဓာကိုယ်​နဲ့ကွက်​တိချုပ်​ထားတဲ့ အနက်​​ရောင်​ အ​နောက်​တိုင်းဝတ်​စုံအပြည့်​နဲ့ အဲ့ဒီလူရဲ့ ခါး​သေး​သေး​လေး​တွေက တင်းကျပ်​​နေ​အောင်​ ဖက်​ထားချက်​စရာ ​ကောင်းလွန်းတယ်​။

မှော်​ဆရာမဟုတ်​​ပေမယ့်​ ရိ​ပေါ်က ​မှော်​အတက်​​တွေရှိ​နေသလိုပဲ။ ဖန်​ခွက်​နဲ့အတူ ​ကော့​တေးပုလင်း​က ရိ​ပေါ်လက်​ထဲ ပျံဝဲ​နေတယ်​။ ​စတီး​ရောင်​​မွှေတံရှည်​တစ်​ခုကို လှည့်​​​နေတဲ့ လက်​​ချောင်းဖြူဖူ​လေး​တွေက တချို့​သော အမျိုးသမီး​တွေရဲ့ ကျရှုံးရာလည်း ဖြစ်​​သေးတယ်​။

ချော​မောတာထက်​ပိုတဲ့ ရိ​ပေါ်က ဒီ bar ရဲ့ bartender ​တွေထဲ နာမည်​ကြီးတယ်​။ ​ပြင်းရှရှ ​ကော့​တေး​တွေက ရိ​ပေါ်ရဲ့ အကြည့်​​တွေလိုပဲ လို့ သတ်​မှတ်​ထားကြတဲ့ အမျိုးသမီး​တွေက​တော့ ဘားရဲ့ VIP ​တွေဘဲ။

" Enjoy "

အသင့်​ဖြစ်​သွားတဲ့ ​ကော့​တေးခွက်​ကို အ​ရှေ့က အမျိုးသမီးဆီ ​ရှေ့တွန်းပို့​ပေးပြီး ရိ​ပေါ် ဘား​ကောင်​တာအစွန်းနားကို ​လျှောက်​လာခဲ့တယ်​။

နှုတ်​ခမ်းနားမှာ မှဲ့နက်​တစ်​ခုရှိတဲ့ အဲ့ဒီလူက သူ့ကိုလိုက်​ကြည့်​​နေမှန်း ဟိုဖက်​မှာရှိ​နေခဲ့တည်းက ရိ​ပေါ်သိတယ်​။
ဖွင့်​ထားတဲ့ အင်္ဂလိပ်​သီချင်းရဲ့ စည်းချက်​အတိုင်း အဲ့ဒီလူရဲ့လက်​​ညိုး​က ​ဖန်​ခွက်​ရဲ့နှုတ်​ခမ်းစပ်​​ပေါ်မှာ လှုပ်​​နေတယ်​။

COCKTAIL ON YOUR LIPS [ COMPLETED ]Where stories live. Discover now