လူချမ်းသာရပ်ကွက် ဖြစ်သည့်အလျောက် အိမ်များမှာမူ အလွန်
ကြီးမားသည့်အပြင် တစ်အိမ်နှင့်တစ်အိမ်မှာ အလွန်တိတ်
ဆိတ်လျက်။ ထိုထဲမှခဲရောင်မကျအဖြူ မကျ သုံးထပ်တိုက်အိမ်
ကြီး၏ အပေါ်ဆုံးထပ်ကအခန်းတစ်ခုတွင် ကောင်မလေးတစ်
ယောက်သည်တစ်စုံတစ်ခုကို စဉ်းစားလျက်ပေါ့။ ကောင်မလေးလို့ပြောမှာထက် tom boy တစ်ယောက်ဆိုပို
မှန်မည်။ သူကတော့ ဆုရတီသင်းပေါ့။သူမဘဝမှာ
မိန်းကလေးများစွာကို အပျော်သဘောမျိုးသာဆက်ဆံခဲသည်။
သိုသော်အခုအခါတွင် မေသော်တာ ဆိုသည့်ကလေးမလေး
ကို တစ်ခြားမည်သူ့ပေါ်မှာမှ မရှိခဲ့တယ့်ခံစားချက်များ သူမပေါ်
၌ဖြစ်လာသည်များကို စမ်းစစ်ကြည့်ဖို့လိုနေပြီမဟုတ်လား။ထို့နော်သူမ ထံမှ...သက်ပြင်းချသံ တစ်ခုနှင့်အတူ ~~
" ဟင်း..ငါ့ခံစားချက်တွေကိုသေချာစစ်ဆေးရမယ် အာ..သိပြီ ဒီနေ့ကတနင်္ဂနွေနေ့ ဆိုတော့ ကျူ ရှင်ပိတ်မှာဘဲ အဲ့တာဆို
မင်းခန့်လဲအိမ်မှာ ရှိလောက်တယ် သူ့အိမ်သွားရမယ် အမ်..ပြီးတော့ ကောင်းနဲ့အောင့်ကို ပါခေါ်ရမယ် "တူ~~တူ~~တူ~~
ဆိုသည့်ဖုန်းဝင်သံနှင့်အတူတစ်ဖက်မှ"ဟယ်လို "ဆိုသည့်
အသံခပ်သြသြတစ်စုံ ထွက်ပေါ်လာသည်။" ဟယ်လို "
" ဟယ်လို.. မင်းခန့် နှင်အိမ်မှာရှိလား "
" အင်း..ရှိတယ် "
" အဲ့တာဆို ငါအခုလာခဲ့မယ်... ""
" အင်း.. "
" ဟိုနှစ်ကောင်ကိုပါ ခေါ်လိုက်ပါလား.. "
" မခေါ်နဲ့.. "
" ဘာလို့လဲ ?? "
" သူတို့က ငါ့အိမ်မှာရှိတယ် "
" အော်..ဟုတ်လား ငါ့ကိုတောင် မခေါ်ဘူး ထားပါ..ငါအခု
နှင့်ဆီလာခဲ့မယ်... "" အင်း.. "
ဆုရတီသင်း လဲဖုန်းချပြီးနောက် ပြိုင်ကားအမဲလေးကို မောင်း
ကာ မင်းခန့်ဆီသို့ထွက်လာလိုက်သည်။မင်းခန့်အိမ်သို့ရောက်သောအခါ ~~~
" မင်းခန့်ရေ..မင်းခန့် နှင်ဘယ်မှာလဲ.. "
YOU ARE READING
CRUSH LOVE💫
RomanceThe characters and some of the location in this fic are creat of the author. my second OC fic Please encourage this fic😊💕