Part💫4 💫

137 20 9
                                    

လင်းခေတ် တို့လဲ ကျောင်းကားပေါ်၌ စကားပြောရင်းလာခဲ့
တာ ကျောင်းသို့ပင်ရောက်လာသည်။

ကျောင်းသို့ရောက်တော့ ထုံးစံအတိုင်း လင်းခေတ် ကကျောင်း
ပြင် ထွက်၍သကြားသွားဝယ်သည်။ ဂျူးဂျူး ၊ သော်တာ ၊ ဇေယျာ တို့ကတော့ မုန့်ဈေးတန်း၌မုန့်များဝယ်ကာ အတန်းထဲ
သို့သယ်သွားလေသည်။

လင်းခေတ် ကတော့ ကျောင်းအပြင်ကနေ သကြားလုံး သွားဝယ်ပြီး ကျောင်းဝန်းထဲသို့ပြန်ဝင်လာခဲ့သည်။ ကျောင်းဝန်းထဲသို့ရောက်တော့ သူ၏ အနောက်တွင်ကားအဖြူ
လေးတစ်စီးပါဝင်လာသည်။

* ကျောင်းသားတစ်ယောက်ယောက်ရဲ့ ကားဖြစ်မှာပေါ့.. *
လို့သာ တွေးပြီးအတန်းထဲသို့ သွားရန်လှမ်းလိုက်သည်။

သူထိုသို့ ၉တန်းဆောင်ဘက်သွားရန် ကွေ့လိုက်မှထိုကား
အဖြူလေး ထဲကလူတစ်ယောက်ကြောင့် သူ၏နှလုံးခုန်သံမှာ
အလွန်ကျယ်လောင်လာသည်။ ထိုသူကတော့ လင်းခေတ်၏
ရင်ခုန်သံပိုင်ရှင် မင်းခန့်ပိုင် ပင်ဖြစ်သည်။ မင်းခန့်ပိုင်သည် ကားနောက်ခန်း တွင် ear phone လေးတပ်ကာ စာအုပ်
လေးတစ်အုပ်ကို ကိုင်ကာဖတ်နေသည်လေ။ ထို့နောက်တွင်
တော့ ကားအဖြူ လေးမှာမူ တက္ကသိုလ်ဆောင် ဘက်သို့မောင်း
သွားလေသည်။

လင်းခေတ်လဲ အကြည့်လွှဲလိုက်ပြီး မိမိစာသင်ခန်းရှိရာ ၉တန်းဆောင် ဘက်သို့သာပြန်လာခဲ့လိုက်သည်။

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

မနက်ပိုင်း စာသင်ချိန်ပြီးသောအခါ နေ့လည်မုန်းစားဆင်းချိန်
သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လဲ လင်းခေတ်တို့ အခန်းအ
တွင်းရှိ ဆရာမမှာမူ စာသင်လို့မပြီးသေးချေ။

" ဟာ..ဗိုက်ဆာလာပြီ ဆရာမကသင်လို့လဲ မပြီးသေးဘူး.. "

" အေးလေ..ဟာ ၅မိနစ်တောင် စွန်းနေပြီ "

ထိုသို့ လင်းခေတ်နဲ့သော်တာ တို့စကားပြောနေရာမှ ဆရာမ
သည် ...

" ကဲ...သားတို့သမီးတို့ ဒီနေ့တော့ဒီလောက်ဘဲနော် မုန့်စား
ဆင်း လို့ရပါပြီ... "

" မင်္ဂလာပါ...ဆရာမ "

" အေးအေး.. မင်္ဂလာပါကွယ် "

CRUSH LOVE💫Where stories live. Discover now