Description

10.4K 380 15
                                    

{ Unicode }

ကျီလင် စာအုပ်တစ်အုပ်၏လောကထဲသို့ ကူးပြောင်းလာခဲ့ရပြီးနောက် ကြယ်တံခွန်အင်ပါယာ၌ နာမည်တူပြီး အသက် ၁၈နှစ်အရွယ် ဂုဏ်သရေရှိပြီးချမ်းသာကြွယ်ဝတဲ့ လူငယ်လေးတစ်ယောက်ဖြစ်လာခဲ့သည်။ နောက်တစ်ခါထပ်၍ အသက်ရှင်နေထိုင်နိုင်ရန်အတွက် သူဟာ သူ့၏ဇာတ်ကောင်အတိုင်း တိကျပြောင်မြောက်စွာ သရုပ်ဆောင်ရသည်။ အင်ပါယာ၏ဧကရာဇ်အားနောက်တစ်ကြိမ်ထပ်တွေးခေါ်စဥ်းစားခြင်းမရှိဘဲ ချစ်ကိုချစ်ရမည်။ ပြီးနောက် အောက်ပုဂ္ဂိုလ်အတွက် အနှောင့်အယှက်အဟန့်အတားဖြစ်လာခဲ့ရမည်။ သူသည် သူ၏ဆိုးညစ်ယုတ်မာသောအကြံအစည်များဖြင့် အဆိုပါအောက်ပုဂ္ဂိုလ်၏ မြင့်မြတ်ပြည့်စုံလှပမှုတို့အား ပေါ်လွင်လာစေရန် လုပ်ဆောင်ပေးရမည်။

သူသည် သူ၏ဇာတ်ကောင်အတိုင်း ခက်ခက်ခဲခဲကြိုးစားစွာ သရုပ်ဆောင်ခဲ့လေသည်...

အဓိကဇာတ်ကောင်ဖြစ်သော အင်ပါယာ၏ဧကရာဇ်အား တွေဝေတုန့်ဆိုင်းခြင်းမရှိချစ်သောကြောင့် ထိုသူအတွက် သူ၏အသက်ကို စတေးခံခဲ့သည်။

ဗီလိန်နံပါတ် (၁)ဖြစ်တဲ့ မင်းသား*အား မကောင်းမှုအတွက် ကောင်းမှုဖြင့်ပြန်လည်ပေးဆပ်ကာ သူနှင့်အတူ အဓိကဇာတ်ကောင်အောက်ပုဂ္ဂိုလ်အား ကိုင်တွယ်ရာတွင် ပါဝင်ကူညီစေခဲ့သည်။

ဗီလိန်နံပါတ် (၂)ဖြစ်တဲ့ စစ်သေနာပတိချုပ်အား နှစ်ဦးစလုံးလွတ်မြောက်ရန်အတွက် ကိုယ့်ကိုကိုယ်စတေးခံကူညီ၍ သူနှင့်အတူ အဓိကဇာတ်ကောင်အောက်ပုဂ္ဂိုလ်အား ကိုင်တွယ်ရာတွင် ပါဝင်ကူညီစေခဲ့သည်။

ဗီလိန်နံပါတ် (၃)ဖြစ်တဲ့ အိမ်တော်၏ပြောရေးဆိုခွင့်ရှိသူ*အား စိတ်ရော နှလုံးပါပုံအော၍ တစ်ယောက်နှင့်တစ်ယောက်ကူညီကြကာ သူနှင့်အတူ အဓိကဇာတ်ကောင်အောက်ပုဂ္ဂိုလ်အား ကိုင်တွယ်ရာတွင် ပါဝင်ကူညီစေခဲ့သည်။

အဓိကဇာတ်ကောင်အားကိုင်တွယ်ဖြေရှင်းရန်အတွက် သူရရှိနိုင်သောအရင်းအမြစ်အကုန်သုံး၍ ရနိုင်သမျှအင်အားများအား စုစည်းခဲ့လေသည်။ အဓိကဇာတ်ကောင်ဖြစ်သောအောက်ပုဂ္ဂိုလ်က အချိန်တိုင်း နံရံထောင့်ကပ်ခံရ၍ပြေးစရာနေရာမရှိတိုင်း သူသည် " ခြေတစ်လှမ်းနောက်ကျကာ " ညှာတာမှုမရှိစွာဖြင့် ကိုယ့်ပါးကိုယ်ပြန်အရိုက်ခံသည်။ အဆုံး၌သူသည် " သူ့ကိုယ်ပိုင်အကြံအစည်များ၏သားကောင် " အဖြစ်ပြန်ဖြစ်သွားကာ အောက်ပုဂ္ဂိုလ်အတွက် ခုတုံးလုပ်ခံရသူဖြစ်လာကာ အဓိကဇာတ်လိုက်အားကယ်တင်ရင်း သေဆုံးသွားခဲ့ရတော့သည်။

The Villains All Fell In Love With Me After Rebirth [ MM tran] Where stories live. Discover now