Ch - 2.1

1.4K 220 8
                                    

{ Unicode }

Chapter 2.1 – ကားလို့စ်

System တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြန်လည်ဖြေကြားလာခဲ့သည်။ [ ငါလဲဒီလိုအခြေအနေဖြစ်လာမယ်လို့မထင်ထားဘူး။ ]

ကျီလင်: [ သူဒီမှာကိုရှိမနေသင့်ဘူး။ ဇာတ်ကြောင်းကဒီလောက်အကြီးအကျယ်ပြောင်းသွားတာတောင် မင်းမှာပြောစရာဒါဘဲရှိတယ်ပေါ့လေ! ]

System ပြန်ငြင်းဆိုခြင်းမပြုနိုင်ခဲ့ပေ။ [ဒါဆိုဒီလိုလုပ်ရင်ရော? ငါဘာဖြစ်နေလဲဆိုတာ သွားစုံစမ်းကြည့်လိုက်မယ်။ မင်းအဲ့ဒီအချိန်မှာ သူ့နဲ့အရင်အလိုက်အထိုက်နေထားလိုက်။ ]

ကျီလင်: […]

System မှာယုံကြည်အားကိုး၍မရသည်ကို ကျီလင်သိသောကြောင့် ယခု သူကိုယ်တိုင်ပင် အရေးပေါ်အကြံအဖန်လုပ်ရတော့သည်။ သူသည် သဘာဝကျကျ သူ၏လက်ကို ကားလို့စ်ထံမှပြန်ဆွဲယူလိုက်ကာ သူ၏အနောက်ကျောဘက်သို့ တိတ်ဆိတ်စွာပို့လိုက်၍ စိုးရိမ်သောပုံစံကိုဖော်ပြလိုက်သည်။ " အန်ကယ်ကားလို့စ်, ဒီလက်ဆောင်က ကျွန်တော်လက်ခံဖို့အတွက် အရမ်းစျေးကြီးလွန်းတယ်။ "

ကျီလင်လည်း ခုလေးတင်ကထိတ်လန့်မှုမှပြန်လည်သတိရလာပြီးနောက် ပြောလိုက်သည်။ " ကျွန်တော် ခင်များရဲ့ကြင်နာမှုကို ကျွန်တော့်သားအစားလက်ခံပါတယ်။ ဒါပေမယ့် လက်ဆောင်ကိုတော့ပြန်ယူလိုက်ပါ။ "

ကားလို့စ်၏ အညိုနက်ရောင်မျက်ဝန်းများသည် အပြုံးဖျော့ဖျော့လေးဖြင့် တောက်ပနေပြီး သူ၏အသံမှာလည်း ချောမွေ့နေခဲ့သည်။ သို့သော် ငြင်းဆန်၍မရနိုင်သော သေချာမှုများဖြင့်ပြည့်နှက်နေခဲ့သည်။ သူတည်ငြိမ်စွာပြောလိုက်သည်: " ဒီနေ့က ​ရှောင်လင်လေးရဲ့အသက်ဆယ့်ရှစ်ပြည့်မွေးနေ့ဂုဏ်ပြုပွဲဘဲ။ ပြီးတော့ ကျွန်တော်ကလည်း သူ့ရဲ့အကြီးဘဲလေ။ ဒီမဖြစ်စလောက်ဂြိုလ်တစ်ခုလေးပေးတာ ဘာဖြစ်မှာမို့လဲ။ "

မဖြစ်စလောက်ဂြိုလ်? အပြာရောင်ကြယ်ပင်လယ်က နာမည်တောင်မရှိတဲ့အမှိုက်ဂြိုလ်တွေလိုမဟုတ်ဘူးလို့။

ကျီတင်မျက်မှောင်အနည်းငယ်ကြုပ်သွားကာ ခဏမျှတိတ်ဆိတ်နေပြီးကာမှ ဖြေးညင်းစွာပြောကြားလာခဲ့သည်: " ကျွန်တော်တို့တွေက လူငယ်လေးတွေကြားထဲမှာဖြစ်နေတယ်။ ကျွန်တော်တို့ထဲဝင်ပြီးစကားပြောကြမလား။ "

The Villains All Fell In Love With Me After Rebirth [ MM tran] Where stories live. Discover now