{ Unicode }Chapter 1.2 – မစ်ရှင်ကျရှုံးမှု
ကျီလင်ပြုံး၍ ကပွဲခန်းမဆီသို့ သူ၏မိဘများနောက်မှလိုက်သွားခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် မျက်စိအားလုံးသူ၏အပေါ်သို့ တမဟုတ်ချင်းကျရောက်လာတော့သည်။
မင်းသားကျီတင်သည် အားလုံးကိုရိုသေစွာဖြင့် ကြိုဆိုကာ လာရောက်ပေး၍ကျေးဇူးတင်ကြောင်းပြောကြားလိုက်သည်။ ထို့နောက် ကပွဲအားစတင်တော့သည်။ အားလုံးက ကျီလင်အနားသို့လာ၍ ဂုဏ်ပြုပေးကြပြီး သူတို့ပြင်ဆင်ထားသော လက်ဆောင်များအားပေးကြလေသည်။
ကျီတင်နှင့်သူ့မိန်းမ၏ သူငယ်ချင်းတစ်ချို့နှင့် ရင်းနှီးသောလက်အောက်ငယ်သားအချို့မှလွဲလျှင် ယနေ့လာရောက်ကြသူများမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အပေါင်းအသင်းများဖြစ်ကြသည်။ ထိုသူတို့သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ သူငယ်ချင်းများဖြစ်ရုံသာမက နောင်အခါ၌သူနှင့်အတူ မကောင်းကြံစည်ကာ သူ့နှင့် နင်ယွီအားအနိုင်ကျင့်စေရန် အားပေးကြသူများဖြစ်ကြသည်။
ဥပမာဆိုရင်ဖြင့် ကျီလင်မျက်စိတစ်ချက်အဝေ့၌ချက်ချင်းမြင်တွေ့ရသည့် တစ်ယောက်ဆိုလျှင် ခဲရောင်ဆံပင်နှင့် ထက်မြတ်ပုံပေါက်သည့်လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ဂုဏ်ထူးဆောင်အမတ်စိန့်ကလယ်ရာ၏အငယ်ဆုံးသား ရို့ထ်ဖြစ်သည်။ သူသည် မူလခန္ဓာပိုင်ရှင်နှင့် စရိုက်တူပြီး သူတို့အချင်းချင်းအလွန့်ကိုအဆင်ပြေလှသည်။ စာအုပ်ထဲတွင်တော့ သူ၏ဇာတ်ကောင်မှာ သေးငယ်သောနာမည်တစ်ခုအဖြစ်သာပါဝင်သည်။
ရို့ထ်သည် ကျီလင်၏ပုခုံးပေါ်သို့လက်တင်ကာ ပြုံး၍ဆိုသည်။ " ဘာလို့ငါတို့ရဲ့သူရဲကောင်းကြီးကနောက်ကျမှထွက်လာရတာလဲ။ "
ကျီလင် တိတ်တဆိတ်လေး ရို့ထ်၏လက်အား သူ့ပုခုံးပေါ်မှခါချလိုက်လေသည်။ သူသည် ဘေးပတ်ဝန်းကျင်အား စိတ်မပါစွာကြည့်လိုက်ကာ သာမန်ကာလျှံကာပြောလိုက်သည်။ " ငါလုပ်စရာကိစ္စတစ်ခုရှိလို့ "
သူကျီတင်နှင့် တခြားသောလူကြီးများ အတွင်းခန်းမထဲသို့ဝင်သွားကြသည်ကိုကြည့်လိုက်သည်။ ထို့နောက် ထိုင်စရာနေရာတစ်ခုရှာကာ လက်တစ်ဖက်နှင့်မေးစိကိုပျင်းရိစွာထောက်ရင်း တွေးတွေးဆဆဖြင့် ခန်းမတွင်းမှလူတွေအားကြည့်လိုက်သည်။
YOU ARE READING
The Villains All Fell In Love With Me After Rebirth [ MM tran]
RomanceAuthor - 即墨遥 Status - 94 Chapters + 7 Extras (Completed) Eng tran - not complete Eng tran link - https://www.novelupdates.com/series/the-villains-all-fell-in-love-with-me-after-rebirth/ Original novel link - http://www.jjwxc.net/onebook.php?novelid=...