Ch - 2.2

2.5K 302 40
                                    

{ Unicode }

Chapter 2.2 – ကားလို့စ်

လက်ရှိအင်ပါယာ၌ သာမာန်ပြည်သူများအတွက် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲတိုးတက်နိုင်ခြင်းမှာ ဝက်များလေပေါ်၌ ပျံသန်းသကဲ့သို့ပင်ခက်ခဲပေသည်။ အကယ်၍ ညတွင်းချင်းသာသိန်းထီဆုမပေါက်ခဲ့လျှင် သူတို့၏ကံကြမ္မာကို ကံကြမ္မာကိုယ်တိုင်ကလွဲ၍ မည်သည်ကမျှလာပြောင်းလဲပေးနိုင်လိမ့်မည်မဟုတ်။

အမှန်တကယ်တော့ ထိုငြိမ်းချမ်းမှုမျက်နှာစာအောက်၌ အဓိကရုဏ်းဆူပူမှုများကတော့ရှိနေခဲ့သည်။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်းနည်းလမ်းအား လက်ဝါးကြီးအုပ်ကြီးစိုးခြယ်လှယ်နေမှုနှင့် အင်အားကြီးလူတစ်စု၏အထူးအခွင့်အရေးများအား အလွဲသုံးစားပြုမှုများက လူထု၏စိတ်မကျေနပ်မှုများကိုဖြည်းညင်းစွာတိုးပွားစေလာခဲ့သည်။ တစ်ချို့မှာ အထက်တန်းလွှာလူတန်းစားများ၏ အကျင့်ပျက်ခြစားမှုများတိုးပွားလာမှုအပေါ် လက်ခံနိုင်စွမ်းမရှိသဖြင့် သူပုန်အုပ်စုများဖွ​ဲ့စည်းကာ​ အင်ပါယာ၏မူဝါဒဥပဒေကိုပင် စိန်ခေါ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော်မည်မျှပင်ကြိုးစားစေကာမူ အင်ပါယာလက်အောက်ရှိ အင်အားကြီးမားသောစစ်တပ်၏ ဖိနှပ်ချုပ်ခြယ်မှုနှင့် ဝါဒဖြန့်မှုများကြောင့် သူပုန်အင်အားစုများမှာ ဘယ်သောအခါမျှအရည်အတွက်တိုးပွားလာခဲ့ခြင်းမရှိခဲ့ပေ။

ကျီလင်သည် အင်ပါယာမှနိုင်ငံသားအများစုကိုနားလည်နိုင်ပေသည်။ နေထိုင်မှုဘဝမှာငြိမ်းချမ်း၍ သက်တောင့်သက်သာရှိသောကြောင့်ပင်။ အကယ်၍လူတန်းစားတရားမျှတမှုမရှိခြင်းမျိုး တည်ရှိခဲ့မည်ဆိုလျှင်လည်း မည်သူကမျှအင်အားကြီးမားသောအင်ပါယာအား တိုက်ခိုက်ရန်အတွက်အသက်ကိုစွန့်လွှတ်ရန်ဆန္ဒရှိလိမ့်မည်မဟုတ်။ ယေဘုယျအားဖြင့် သမိုင်းမှတော်လှန်ရေးများစတင်ခဲ့ရခြင်းမှာ ​မျှော်လင့်ချက်ကင်းမဲ့သောအခြေအနေများသို့ အတင်းဖိအားပေးတွန်းပို့ခံခဲ့ရလို့ပင်ဖြစ်သည်။ ယခုလက်ရှိအင်ပါယာလူမှုရေးအခြေအနေမှာ ထိုသို့ဖြစ်လာရန်ဝေးကွာနေသေးသည်။ ကျီလင်၏မူလလူမှုရေးအသိုင်းအဝိုင်း၌ပင် ကြွယ်ဝချမ်းသာမှုမှာ လူနည်းစု၏လက်ဝါးကြီးအုပ်ထားမှုရှိနေခဲ့သည်။ သို့သော်တရားမမျှတမှုမှာသိပ်ပေါ်လွင်ထင်ရှားမနေခဲ့ရုံသာရှိသည်။

You've reached the end of published parts.

⏰ Last updated: May 17, 2021 ⏰

Add this story to your Library to get notified about new parts!

The Villains All Fell In Love With Me After Rebirth [ MM tran] Where stories live. Discover now