Chapter-7

1.8K 298 33
                                    

{ Unicode }

ကျောက်ကျင်းရွှေ့ ပြန်ရောက်လာတော့ အရင်ဘဝတွင် နေခဲ့သော အခန်းတွင်သာ နေထိုင်သည်။ဟန်အိမ်တော်၏ အနောက်မြောက်ယွန်းယွန်းတွင် ဟန်ဟောင်ယွမ်ရဲ့ အခန်းမှ သီးခြားနေထိုင်သည်။

ကျောက်ကျင်းရွှေ့အခန်းတွင်

မိုးပြာရောင္ အိပ်ယာခင်းပေါ်တွင် ချည်ဘောင်းဘီအရှည်နှင့် တီရှပ်လက်တိုအား ဝတ်ထားသော အရပ်ရှည်ရှည်နှင့်လူငယ်သည် လဲလျောင်းနေသည်။ လက်မောင်းမှကြွက်သားတို့သည် ဖောင်းကြွနေပြီး ဝမ်းဗိုက်နေရာမှ sixpack တို့သည် အင်္ကျီမှ အထင်းသားပေါ်နေသည်။ ထိုအချိန်တွင် ကျောက်ကျင်းရွှေ့ အိပ်မောကျနေသည်

လေးနှစ်တာကာလလုံး စစ်တပ်တွက် နေခဲ့တာကြောင့် အအိပ်ဆတ်သည့် အလေ့အကျင့်က တိုးတက်လာခဲ့သည်။တံခါးရှေ့ လမ်းကြောင်းမှ ကြားနေရသော အသံသည် နှဖူးပေါ်တင်ထားသောကျောက်ကျင်းရွှေ့ရဲ့ လက်သီးတို့အား ခပ်ဖွဖွဆုပ်စေပြီး ထိုလူ အခန်းထဲသို့ ဝင်လာည်ကို စောင့်ဆိုင်းပြီး မှတ်သားလောက်အောက် သမရန် စောင့်နေည်။

ဒီအနံ့....

အနံအား နမ်းရှိုက်ပြီးနောက် ဆုပ်ကိုင်ထားသော လက်သီးတို့အား ဖြေလျော့လိုက်သည်။ အခန်းထဲမှာသာ မီးအိမ်ရိှနေခဲ့ရင် ကျင်းရွှေ့ မျက်နှာ အနီရောင်သန်းနေသည်ကို သူကိုယ်တိုင် မြင်ရလိမ့်မည်။

ဟန်ဟောင်ယွမ် ကျယ်ဝန်းပြီး နူးညံ့သော အိပ်ယာပေါ်တွင် လဲလျောင်းလိုက်သည်။ ဝမ်ဟောင်ဝေ့ သူ့အား ရုတ်တရက် ခေါ်မှာကို ကြောက်တာကြောင့် ကျင်းရွှေ့အခန်းသို့ ပြေးဝင်လာခြင်းပင်။

အခန်းသည် အမှောင်ကျလွန်းသည်။ ကျောက်ကျင်းရွှေ့ကုတင်သို့ မလာမီ ခြေလှမ်းအနဲငယ်လှမ်းပြီး ပတ်ဝန်းကျင်အားသေချာရှာဖွေရသည်။ ဟောင်ယွမ် ကျင်းရွှေ့အား မနှိုးပေ သို့သော်လည်း ကျင်းရွှေ့ဘေးတွင် အစွန်းကွက်တွေ့တာကြောင့် လက်ထဲတွင်ကိုင်ထားသော ဖုန်းအား တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ကျင်းရွှေ့ဘေးတွင် စိတ်ကသိကအောက်ဖြစ်သလိုခံစားလာရသည်။ ကျင်းရွှေ့ရဲ့ သက်သောင့်သက်သာရိှမှုကို ခံစားရင်း ဟောင်ယွမ်လည်း အိပ်ပျော်သွားခဲ့သည်

You've reached the end of published parts.

⏰ Last updated: Dec 26, 2020 ⏰

Add this story to your Library to get notified about new parts!

Rebirth;Han Strikes Back(ဟန် ပြန်လည်သိမ်းပိုက်ခြင်း)Where stories live. Discover now